* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 13, 2009

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၀)

နောင်ရေး အေးရအောင်

သရဏဂုံစွဲ၊ သီလမြဲ၊ ဘာဝနာလဲတွဲ။ သံသရာ အရေးမျှော်ကာတွေး နောင်ရေးအေးအောင် ကြိုးစားကြ။

အခွင့်ကောင်းကို လက်မလွတ်ကြစေနဲ့ 

ယောဂီသူတော်စင်များအားလုံး လူ့ ဘ၀ရခိုက် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး နဲ့  တွေ့ ကြုံနေခိုက်၊ ကျန်းမာရေးနဲ့ လည်း ပြည့်စုံနေတုန်း အခွင့်အခါကောင်းကို လက်မလွတ်ကြစေဘဲ၊ ၀ိပဿနာဘာဝနာတရားကို ကြိုးစားအားထုတ်သင့်ကြပါတယ်လို့  ဘုန်းကြီးကသတိပေးပါတယ်။

ဝေဒနာရှောင်ခွာနည်း သုံးမျိုး

ယောဂီသူတော်စင်တွေ တရားမှတ်တဲ့အခါမှာ ကိုက်ခဲညောင်းညာ ဝေဒနာပေါ်လာပြီဆိုရင် ဝေဒနာရှောင်ခွာနည်း ( ၃ ) မျိုး ရှိတယ်။ ပူးကပ်ခွာ၊ ရှောင်ခွာ၊ နဲနဲလေးဣရိယာပုတ်ကို ပြင်ပြီးတော့ခွာ၊ နောက်ဆုံးနည်းကတော့ အာစရိယ၀ါဒအရ အညံ့ဆုံးဝေဒနာခွာနည်းဖြစ်တယ်။

ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စီးဖြန်းတဲ့အနေဖြင့် ဝေဒနာရဲ့ သဘောသိအောင် ဝေဒနာရဲ့ နောက် အသာကပ်လိုက်သွားပြီး ရှုမှတ်ပွားများခြင်းကို ဝေဒနာကို ပူးကပ်ခွာနည်းခေါ်တယ်။ မူရင်းအမှတ် ၀င်လေထွက်လေကိုပဲ စိတ်စိုက်ပြီးတော့ ခံစားနေရတဲ့ဝေဒနာကို ဂရုမစိုက်ဘဲ မှတ်နေခြင်းကို ဝေဒနာရှောင်ခွာတဲ့နည်းလို့  ခေါ်တယ်။ ခံစားနေရတဲ့ဝေဒနာကို မခဲသာတဲ့အဆုံး မှတ်စိတ်ကလေးနဲ့  ဣရိယာကိုပြင်ပြီးတော့ မှတ်ခြင်းကိုတော့ အညံ့ဆုံးဝေဒနာခွာနည်းလို့  မှတ်ရမယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP