* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 13, 2009

စေတနာ နောက်ကွယ်

*တစ်နေ့ နေ့  နေ့ စဉ်ရက်ဆက် ချွေးစက်တွေက
တစ်စစ နေ့ တာရှည်လာပြီး။
*အဆက်မပြတ် လည်ပတ်နေတဲ့  ရာသီခွင်ထဲ
ဂြိုလ်စာက ငါ့ချည်းပဲ ဖြစ်နေတာပါလား။
*ရှားမီးကိန်းထဲ နစ်မွန်းလိုက် ဟိုမရောက်ဒီမရောက် သူအိုကိန်းလဲ
အောင့်သက်သက်မျောရင်း ကံကောင်းခြင်း လာဘံက
ဘယ်များကျကျန်ရစ် လေသလဲ။
*စုတ်ကိန်း ထဲရောက်ပြန်တော့ မှုးမေ့လောက်တယ်၊
အလည်လွန်တဲ့ နားရွက်ကား အပေါင်းပါတစ်သိုက်
ငါ့ကိုချည်း တစ်အားစိုက် သားကောင် အမှတ်ထားနေကြ။
*အိမ်ရှင်က အချိုရည်အေး တိုက်ကျွေးပါတယ်
ငြင်းပယ်ကြတာ အမုန်း ဂိတ်အဆုံး ရာသက်ပန်
စွန့် လွတ်ထားတယ်တဲ့ 
တကယ့်ဒယ်.......အချိုမှတော့ မခါးစေချင်လို့ ပေါ့၊
တမော့မော့နဲ့  မော့ဆိုတာချည်း...ခွီး။
*ရှိရှိသမျှ အားလုံးကလည်း လူနာချည်းပါပဲ
အိပ်ကပ်ထဲ ပိုက်ဆံ ပိုက်မိရင် ခေါင်းကိုက်တတ်တဲ့ 
ကမ္ဘာ့ဝေဒနာရှင်တွေ ချည်း၊
ငါ့ကျ ခူးယူလို့ ရတာ မှတ်လို့ ။
*အေးပါ.....မင်းတို့ တွေ ဆုပ်ကိုင်ထားတဲ့  လက်နဲ့ 
ဘယ်အရာမှ ခံယူလို့  မရတာ သိတဲ့ တစ်ချိန်ချိန်
အိမ်း....ငါ့ စေတနာလဲ ဝေဒနာစွဲကပ် ဖျားနာတတ်နေလောက်ပေါ့။
ဥက္ကာပျံ(ဘီလူးကျွန်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP