နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၃)
ကြောင်းကျိုးသိ။ ။ ကြောင်းကျိုးသိနဲ့ ထိုးထွင်းသိ တို့ဟာ လူ့မနောလုပ်ငန်းတွေမှာ နှစ်လွှာပေါင်းတစ်ရွက် ဖြစ်ပါတယ်။ သိပ္ပံပညာရဲ့ ကြောင်းကျိုးဆက် တွေးခေါ်ခြင်း ဟာ တစ်ကြောင်းဆွဲဖြစ်ပြီး အသေးစိတ်တယ်။ ခွဲခြမ်းစိတ်ဖြာတယ်။ သူ့တာဝန်က စိတ်ဖြာမယ် တိုင်းတာမယ် မျိုးတူရာစုမယ် ဆိုတဲ့ ဆင်ခြင်စဉ်းစားခြင်း- တက္ကိက နယ်ပယ် ထဲမှာ ပါတယ်။ ကြောင်းကျိုးသိဟာ အပိုင်းပိုင်းကျိုးနိုင်တယ်။
ထိုးထွင်းသိ။ ။ထိုးထွင်းသိ(ဗုဒ္ဓအသုံးပြုတဲ့နည်း) ကတော့ တိုက်ရိုက်ဖြစ်ပြီး သကာလ ပရမတ္တတရား ဆိုတာကိုလည်း ဥာဏ်အလင်းရမှု ကြောင့် ပြန့်ပြောလာတဲ့ အသိတရားကတဆင့် ဖြစ်သော(စဉ်းစားဆင်ခြင်ခြင်း မဟုတ်တဲ့) တွေ့ကြုံသိ ပေါ်မှာ အခြေခံတယ်။ ထိုးထွင်းသိဟာ ပေါက်ဖွားခြင်းသာ ဖြစ်တယ်။ မြင့်မြတ်တယ်။ ပြီးတော့ တစ်လမ်းသွား မဟုတ်ဘူး။ ကြောင်းကျိုးသိက မိမိကိုယ်ကို ဗဟိုပြုသလောက် ထိုးထွင်းသိကတော့ သဘာဝနဲ့ တသားတည်း ဖြစ်လေတယ်။
ရှေးရိုးသိပ္ပံကနေ ပြဋ္ဌာန်းလိုက်တဲ့ ကမ္ဘာ့အမြင်ဟာ အိုင်ဇက်နယူတန်ရဲ့ အဓိက ဖန်တီးချက်လက်ရာ ဖြစ်တယ်။ ဒီနေရာမယ် စကြာဝဠာဟာ ကြီးမားတဲ့ ယန္တယား အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး သချာင်္နိယာမတွေနဲ့ လည်ပတ်နေတယ်။ သူ့ကို သုံးဖက်မြင်အာကာသနဲ့ အကြွင်းမဲ့အချိန် အတွင်းက သေးငယ်ပြီး အစိုင်အခဲဖြစ်တဲ့၊ ဖျက်ဆီးလို့မရသော အမှုန်တွေဖြစ်တဲ့ ရုပ်ဝတ္ထုတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒီအမှုန်တွေကို တူညီတဲ့ ရုပ်ပစ္စည်းနဲ့ တည်ဆောက်ထားတယ်။ ရီဒက်ရှင်နစ်ဇမ်(Reductionism)၊ ဒီတာမစ်နစ်ဇမ်(Determinism) နဲ့ သချာင်္ အကြွင်းမဲ့ သေချာမှု တွေဟာ ရှေးရိုးသိပ္ပံပညာရဲ့ ထောက်တိုင်ကြီးတွေ ဖြစ်တယ်။[ ဆက်ဖတ်ရန် +/- ]
Written -Dr.Granville Dharmawardena Translated-Ahlataya

ရီဒက်ရှင်းနစ်ဇမ်
ရီဒက်ရှင်းနစ်ဇမ်အရ ရုပ်လောကမှာ အခြေခံအားဖြင့် အာကာသဟင်းလင်းပြင်၊ အချိန်နဲ့ ရုပ်မှုန်လေးတွေ သာလျှင် ရှိတယ်လို့ ယူဆတယ်။ စကြာဝဠာအတွင်းက ဒီအမှုန်လေးတွေဟာ နယူတန်ပြောတဲ့ "အား" တွေကြောင့် ပူးကပ်ပြီး စုစည်းနေတယ်။
နယူတန်ရဲ့"ဥပဒေသ"တွေ အရ ဒီဝတ္ထုတွေဟာ အဆုံးမဲ့ အာကာသဟင်းလင်းပြင် ထဲမှာ မြောနေကြတယ်။ အရာအားလုံးရဲ့ အပြုအမူကို သချာင်္ပညာနဲ့ တွက်ချက်ကြည့်လို့ရပြီး ဒီအမှုန်တွေ ဘယ်လိုပြုမူတယ် ဆိုတာကို လေ့လာတာဟာ ရူပဗေဒပဲ။ သူတို့တွေ စုစည်းပေါင်းစပ်ပြီး ဘယ်လိုကြီးမားတဲ့ အမှုန်တွေ ဖြစ်လာတယ်ဆိုတာကို လေ့လာတာက ဓာတုဗေဒ။ ဒီအမှုန်တွေ ဘယ်လိုစုစည်းပြီး သက်ရှိတွေ ဖြစ်လာတယ်ဆိုတာကို လေ့လာတာက ဇီဝဗေဒ။ ဒီအမှုန်တွေ ဘယ်လိုစုပေါင်းပြီး ခံစားတတ်တဲ့ အရှုပ်ပုံကြီး ဖြစ်လာသလဲဆိုတာကို လေ့လာတာက ဇီဝကမ္မဗေဒ။ ပိုရှုပ်ထွေးတဲ့ သိမှုလမ်းစဉ်က အပြုအမူကို လေ့လာတာက စိတ်ပညာ။
ရှေးရိုးသိပ္ပံ ထွန်းကားချိန်က အနုမြူသိပ္ပံ ဆိုတာ မရှိသေးဘူး။ အက်တမ်ရဲ့ ညူကလိယပ်စ် (Nucleus) ဆိုတဲ့ အယူအဆတောင် အဲဒီအချိန်တုန်းက ပေါ်သေးတာ မဟုတ်ဘူး။ ရှေးရိုးသိပ္ပံပညာရဲ့ အက်တမ်နဲ့ ဆိုင်တဲ့ အဖြစ်အပျက်တွေအပေါ် ရှင်းပြနိုင်စွမ်း အားနည်းမှုဟာ သိပ္ပံပညာရှင်တွေကို မော်ဒန်သိပ္ပံ ရှာတွေ့မှုဆီ မောင်းနှင်သွားတော့တယ်။ အနုမြူသိပ္ပံဟာ ပိုမိုပြန့်ပြော အခြေခံကျလေတဲ့ ၂၀ရာစုရဲ့ စည်းကမ်း သစ်ဖြစ်တယ်။