* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 20, 2009

ပုံပြင် ( ၁၇ )


( သီလစောင့်သူ )

အနောမဒဿီမြတ်စွာဘုရားရှင် ပွင့်တော်မူသော အချိန်တွင်ဖြစ်သည်။ စန္ဒ၀တီမြို့တော်ကြီးတွင် မောင်ဖြူစင်-ဟူသော အမျိုးသားကလေးတဦး ရှိသည်။ သူသည် စိတ်ထားဖြူစင်သည်။ ကိုယ် နှုတ် အမူအရာ အလွန်ယဉ်ကျေးသိမ်မွေ့သည်။ သို့သော် သူ့ခမျာ အလွန်ဆင်းရဲနွမ်းပါးရှာသည်။ ချမ်းသာသူများထံတွင် သူခစား လုပ်ရရှာသည်။ အလုပ်တာဝန်ကို စေ့စပ်သေချာစွာ စိတ်ကောင်းထား ဆောင်ရွက်တတ်သဖြင့် အလုပ်ရှင်များက မောင်ဖြူစင်ကို အထူးချစ်ခင်ကြသည်။သြော်-ငါ့ဘ၀ဟာ အင်မတန်ဆင်းရဲလို့ သူခစားလုပ်နေရတယ်။ ဘုရားရှင်နှင့် သံဃာတော်တွေကို အစွမ်းကုန် လှူဒါန်းပူဇော်ချင်ပေမယ့် ငါ့မှာ ဥစ္စာပစ္စည်း လုံလောက်အောင် မရှိဘူး။

လူသားတွေအချင်းချင်း မေတ္တာအပြည့်နှင့် စွန့်ကြဲကူညီချင်ပေမယ့် ဥစ္စာပစ္စည်းက ရှားပါးလိုက်တာ။ ငါ့ဘ၀မှာ ဘယ်ကောင်းမှုကို အဓိကထားပြီး အနှစ်ထုတ်ယူရပါ့မလဲ။တရက်တွင် မောင်ဖြူစင်တယောက် လေးနက်စွာ တွေးတောမိသည်။ ဆင်းရဲသော်လည်း ဘ၀၏အနှစ်သာရ အမှန်ဖြစ်သော ကောင်းမှုတခုကို အားစိုက်ထုတ်ယူရန် နည်းလမ်းရှာသည်။အင်း-အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ တပည့် နိသဘမထေရ်ဟာ အင်မတန်ဉာဏ်ပညာ ကြီးမားတယ်။အဲဒီ မထေရ်ထံကို သွားရောက်ဖူးမြော် လျှောက်ထားရရင် ငါလိုချင်တဲ့အဖြေကို ရလောက်တယ်။မောင်ဖြူစင်သည် ထိုသို့ အကြံရပြီးလျှင် နိသဘမထေရ်မြတ်ထံသို့ သွားသည်။ ရိုသေစွာ ရှိခိုးဦးချပြီး မိမိ၏ အကြံကို လျှောက်ထားမေးမြန်းသည်။

ထိုအခါ နိသဘမထေရ်ကလည်း မေတ္တာရှေ့ထားကာ ဖြေကြားပေးသည်။ဒကာလေး မောင်ဖြူစင်က ပစ္စည်းဥစ္စာ ဆင်းရဲချို့တဲ့တော့ ဒါနဆိုတဲ့ လှူဒါန်း ပေကမ်း စွန့်ကြဲတာကို တအားစိုက် မလုပ်နိုင်ပေဘူးပေါ့။ ဒါပေမယ့် အားငယ်စရာ မရှိပါဘူးကွယ်။ ဒကာလေးမှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ရှိနေတာပဲ။ ဒကာလေးရဲ့ ခန္ဓာကိုယ်ကို အရင်းအနှီးပြုပြီး သီလကို စောင့်ထိန်းနိုင်တာပေါ့။ ဒီတော့ လူသားတွေ အမြဲရိုသေစွာ စောင့်ထိန်းအပ်လို့ နိစ္စဂရုဓမ္မသီလ-လို့ ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ ရာသက်ပန် စောင့်ထိန်းသွားပေါ့။သီလ ပထမ၊ ဒါန ဒုတိယ-ဆိုတဲ့မူကို လက်ကိုင်ပြုပြီး ဘ၀အနှစ်အဖြစ် ငါးပါးသီလကုသိုလ်ကို အဓိကထား ထုတ်ယူသွားပေါ့ကွယ်။မောင်ဖြူစင်သည် နိသဘမထေရ်မြတ်၏ ဖြေကြားချက်ကို အလွန်နှစ်သက် သဘေကျသွားသည်။ ထိုမထေရ်မြတ်ထံမှာပင် ငါးပါးသီလကို ရိုသေစွာ ဆောက်တည်လိုက်သည်။ ထို့နောက်တွင်လည်း လူ့တာဝန်များကို ထမ်းဆောင်ရင်း ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းသည်။ အနှစ်တသိန်း သက်တမ်းကုန်သည်အထိ လုံခြုံအောင် ဖြူစင်စွာ အထူးစောင့်ထိန်းလေသည်။သက်တမ်းကုန်၍ မောင်ဖြူစင်ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်သည်။ ထို့နောက်တွင် လူ-နတ် ချမ်းသာတို့ကို အကြိမ်ကြိမ်ခံစားရသည်။ သံသရာခရီးလမ်းတွင် အထက်တန်းကျကျ ကျင်လည်သွားလာရသည်။ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါတွင် ဝေသာလီပြည်ရှိ သူဋ္ဌေးမျိုးဝယ် လူဖြစ်သည်။ ချမ်းသာပြည့်စုံစွာ နေထိုင်ရသည်။ အသက် ၅-နှစ်အရွယ်သို့ ရောက်သောအခါ ဘုရားရှင်သာသနာတွင် ၀င်ရောက်လျက် တရားဘာဝနာများ အားထုတ်သည်။ ရက်ပိုင်းအတွင်း ရဟန္တာဖြစ်တော်မူသည်။ပဉ္စသီလသမာဒါနိယ မထေရ်-ဟု အမည်တွင်သည်။ ဤဖြစ်ရပ်သည် ငါးပါးသီလကို ဆောက်တည် စောင့်ထိန်းခဲ့ရသော ကောင်းမှုကုသိုလ်ကံ၏ စွမ်းအားသတ္တိ ကြီးမားပုံ သာဓကတရပ် ဖြစ်ပါသည်။

အကိုး။ ထေရဂါထာပါဠိတော် ပဉ္စသီလသမာဒါနိယမထေရ် ၀တ္ထုကို မှီငြမ်းရေးဖွဲ့ပါသည်။
( မောင်ကျော်သန်း-ရွှေတောင်အင်း )( မြတ်မင်္ဂလာ ၁၉၉၈-ခု ဇန်န၀ါရီလ )
Posted by: mingala


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP