* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 20, 2009

နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၂)

သဘာဝမှာရှိတဲ့ စိတ်၊ တွေးခေါ်ခြင်းနဲ့ အသက်ဇီဝ အပါအ၀င် အရာအားလုံး ကို ရုပ်ဝတ္ထုတွေရဲ့ ကြောင်းကျိုးဆက်နွှယ် တုံ့ပြန်မှု သဘောတရားနဲ့ ရှင်းပြနိုင်ရမယ်လို့ ယုံကြည်ခဲ့ကြတယ်။
ဒက်စ်ကာတီစ် ရဲ့ ခွဲခြမ်းမှုမှာကိုက သိပ္ပံရဲ့ အမြစ်အခြေမှာ မွေးရာပါအင်္ဂါချို့တဲ့မှ ဖြစ်နေတယ်။ အမှန်တရားရဲ့ တစ်ဖက်ခြမ်းကို ဖုံးပိတ်ကာထားပြီး သိပ္ပံပညာရှင်တွေကိုလည်း ပရမတ္တကို ရှာဖွေတဲ့နေရာမှာ ကျန်တဲ့တစ်ခြမ်းတည်းနဲ့ ရှာပါလို့ လုပ်တယ်လေ။


ဒီဘောင်ကန့်သတ်မှုထဲမှာ ဖွံ့ဖြိုးလာရတဲ့ သိပ္ပံနည်းကျ လေ့လာမှုဆိုတာ မှာ ဘာတစ်ခု ပါသလဲဆိုတော့ သိပ္ပံနည်းကျပါတယ်လို့ လက်ခံနိုင်ဖို့အတွက် အဲဒီအဖြစ်အပျက်ဟာ အရင်ဆုံးအားဖြင့် သိပ္ပံပညာရှင်တွေ နားလည်နိုင်တဲ့ကိစ္စဖြစ်ဖို့ လိုအပ်တယ် ဆိုတာပါတယ်။

သိပ္ပံပညာရှင် တွေဟာ အဖြစ်အပျက် တိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို သူတို့ဖာသာ နားလည်မဲ့ တန်ဘိုး-စံ တစ်ခု သတ်မှတ်တယ်။ ဖြစ်ရပ် အမျိုးမျိုးကို ရှင်းပြဖို့ ခန့်မှန်းတွက်ချက် ထားတဲ့ ကြောင်းကျိုး ဖြစ်စဉ်တွေကို တင်ပြကြတယ်။ ဖြစ်ရပ်နဲ့ ကြောင်းကျိုးဖြစ်စဉ်တို့ အချင်းချင်း ဆက်စပ်မှုတွေကို သိပ္ပံအဖွဲ့အစည်းက နားလည်ကြရတယ်။ "သိပ္ပံပညာရှင်တွေက နားလည်ရခြင်း" ဆိုတဲ့ ဒီစာမေးပွဲကို မအောင်မြင်တဲ့ အရာ မှန်သမျှကိုတော့ သိပ္ပံနည်းမကျဘူးလို့ ဆိုကြတယ်။

ဒီဖြစ်ရပ်ဟာ သိပ္ပံပညာကို ဖျက်ဆီးတဲ့ ချုပ်ချယ်မှု တစ်ရပ် ဖြစ်တယ်။ သိပ္ပံပညာရှင်တွေဟာ လူသားတွေသာလျှင် ဖြစ်ပြီးတော့ သူတို့ရဲ့ နားလည်နိုင်စွမ်းဟာလည်း လူသားရဲ့ အာရုံငါးပါး အကန့်အသတ်မှာ ထိန်းချုပ်ထားခြင်း ခံနေရတာကပဲ။ အကျွန်ုပ်တို့ရဲ့ အာရုံငါးပါးဟာ သုံးဖက်မြင်(Three dimensions) အထိပဲ လက်ခံထိတွေ့နိုင်တယ်။ ဒါကြောင့် အထက်က ဖြစ်ရပ်ဟာ သိပ္ပံရဲ့မြင်ကွင်းကို သုံးဖက်မြင်မှာ ကန့်သတ်ထားတယ်။ သုံးဖက်မြင်ကနေ ကျော်လွန် ထိုးထွက်လာတဲ့ အဖြစ်အပျက်ကို ကျတော့ သိပ္ပံနယ်လွန်လို့ ဆိုပြီး သိပ္ပံပညာရှင်တွေ နားလည်ဖို့ ကြိုးစားနေတဲ့ အမှန်တရား သစ္စာ ကနေ ထုတ်ပယ်ပစ်သတဲ့ဗျာ။

ဒါကြောင့် ရှေးရိုးသိပ္ပံဟာ သဘာဝတရားအပေါ်ထားတဲ့ အမြင်နဲ့ သုံးဖက်မြင်ကနေ ကျော်လွန်တဲ့ ရှုထောင့်တွေ၊ ရုပ်ဝတ္ထုမဟုတ်တဲ့ (နာမ်တရား) ရှုထောင့်တွေ အတွက် မမြင်မကန်းဖြစ်နေတယ်။ ပရမတ္တသစ္စာကို နားလည်ဖို့ ကြိုးစားရာမှာ ဒီချုပ်ချယ် ကန့်သတ်မှုတွေ ကြားမှာညပ်နေတဲ့ သိပ္ပံပညာဆိုတာကြီးနဲ့ ကြိုးစားရတာဟာ အလဟသ အားထုတ်မှုရယ်ပါ။

ဗုဒ္ဓရဲ့ သစ္စာရှာဖွေရေး လမ်းစဉ် မှာတော့ ဒီအတားအဆီးတွေ မရှိဘူး။ ဒါဟာ ဘာကြောင့် သိပ္ပံပညာ ရှုံးနိမ့် တဲ့ နေရာမှာ ဗုဒ္ဓ က အောင်မြင်သလဲဆိုတာကို ရှင်းပြနေတာ။ သိပ္ပံဟာ သူ့လမ်းနဲ့သူရှိနေသေးတော့ ဘယ်သူ တစ်ဦးတစ်ယောက်ရယ် ကမှတော့ သိပ္ပံပညာ လုံးဝဥဿုံ ကျရှုံးသွားပြီလို့တော့ မဆိုနိုင်သေးပါဘူး။

Written -Dr.Granville Dharmawardena
Translated-Ahlataya


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP