အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၁၂)
| From Sin Phyu Kyaun |
ဆင်ဖြူကျွန်းကို ပြန်ရောက်ပြီဆိုသည်နှင့် ညနေ ၆-နာရီကားဖြင့် စစ်ကိုင်းကို ပြန်ဖို့ပြင်ဆင်ရသည်။ လေးနာရီ ထိုးမှ ဆင်ဖြူကျွန်းကို ပြန်ရောက်သည်မို့ အေးဆေးတော့ နားခွင့်ရသည်။ ခေါင်းကိုက်သဖြင့် ဆရာဝန်ခေါ် ဆေးထိုး ဆေးစားလုပ်ရသည်။ ခရီးသွားများသွားသောကြောင့် ဆရာဝန်မှ စိုးရိမ်စိတ်ဖြစ် ကာ အကြောဆေး ထိုးလိုက်ရင် ပိုကောင်းမယ်ဆိုတာနဲ့ ဆေးသွင်းလိုက်ရသည်။ ညနေ ၆ နာရီမထိုး ခင်ကားဂိတ်ဆင်းလိုက်သည်။ မြန်မာပြည်၏ ထုံးစံအတိုင်း စောင့်ရသည့်လုပ်ငန်းကို စိတ်ညစ်ညစ်နှင့် ထိုင်စောင့်ရသည်။ ၆နာရီကားသည် ၈နာရီမှထွက်ဖြစ်သည်။ မြန်မာပြည်မှာ သွားလာရေးနှင့် ဆက်သွယ်ရေးသည် လူထုအားလုံး အရမ်းပင် စိတ်ပင် ပန်းရသည့် အနေထားရှိနေသည်မှာ ယခုချိန်ထိ ပင်။ ဘယ်တော့များမှ အဆင်ပြေချော့မွေ့မည်မသိ။
မြန်မာကျပ်ငွေ ၂သောင်းတန် ကာဒ်ဖုန်းကလည်း မင်းဘူးဝင်လာကတည်းက ပြတ်တောက်သွားသည်မှာ မိတ္ထီလာဝင်မှပဲ အဆက်သွယ်ပြန်ရတော့သည်။ ကမ္ဘာတ၀ှမ်းလုံး တိုးတက်သော ခေတ်ဆီသို့ သွားနေပါလျက် ခေတ်နောက်ပြန်ဆွဲနေသည့် မြန်မာ နိုင်ငံတော်ကြီးကို ဘယ်လိုနားလည်ရမည်ကိုမသိတော့ပေ။
နေရာတကာဆိုင်းဘုတ်များမှာတော့ စံပြကျေးရွာတွေရော ခေတ်မီဖွံ့ဖြိုးသောမြို့တော်ကြီးဆီသို့ တွေရော စုံနေတာပါပဲ။ အော်မြန်မာပြည်၏ တိုးတက်သော ဖွံ့ဖြိုးသောဆိုတာ ဆိုင်းဘုတ်သက်သက် ပါလားလို့ အောက်မေ့မိလိုက်သည်။ လူထုကို သက်သက်များ ဆင်းရဲအောင် တမင်ဖန်တီးထားလေ ရောသလား ဟုတွေးမိသည်။
၈-နာရီကားဖြင့် ဆင်ဖြူကျွန်းကထွက်လာလိုက်တာ မနက်မိုးလင်းမှပဲ မန္တလေး ကျွဲဆည်ကန်ကားဂိတ်သို့ ရောက်သည်။ သူငယ်ချင်းဖြစ်သူ အရှင်ဝဏ္ဏသာရက ကားဖြင့်အဆင်သင့်လာကြိုသည်။ ကာဝင်းမှ စစ်ကိုင်းသို့ ချီတက်သည်။ မနက်ခင်း ၇နာရီလောက် စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင်ရောက် သည်။
စစ်ကိုင်းပြန်ရောက်ပြီဆိုတာနှင့် အဝေးရောက် ပြည်ပရောက် နောင်တော်ကြီးများ အသီးသီးပြန်ရောက် သည်ကိုတွေ့ရသည်။ သီတဂူဆရာတော်၏ အောင်မြင်မှုအတွက် တပည့်အသီးသီး အဝေးကပြန်လာ ကြသည်။ တကယ်ပင်ပျော်စရာကောင်းပါသည်။ အထူးသဖြင့် ညီအကိုလို ခင်မင်ရတဲ့ ယူကေမှ အရှင် သီဟဥာဏလည်း ရောက်နေသည်။ အားမနာပါးမနား လုပ်ချင်တာလုပ် နားလည်ပေးတက် ကူညီပေး တက်သည့် ဒေါက်တာ အရှင် ဝေဠုဆီမှာ အမေရိကနဲ့ယူကေဘုန်းကြီးတွေစခန်း ချရသည်။
သီတဂူဆရာတော်၏ ကြီးကျယ်ခန်းနားသည့် အစည်းဝေးပွဲနှင့် တက္ကသိုလ်ဖွင့်ပွဲအတွက် အားလုံး စည်းစည်းရုံးရုံး ပျော်ပျော်ပါးပါး ကျရာတာဝန်ထမ်းကာ ဆောင်ရွက်ကြသည်။ ကြီးကျယ်သည့် နိုင်ငံတကာ ပွဲဖြစ်သည်မို့ ကြီးကျယ်စွာ ပင်ပန်းလောက်အောင်ပင် ပြေးလွားလုပ်ဆောင်ခွင့်ရခဲ့သည်။
အထူးသဖြင့် အစည်းဝေးပွဲကြီးအတွက် ဆွေးနွေးပွဲဆိုင်ရာကဏ္ဍတွင် ပါဝင်ကူညီလုပ်ဆောင်ခွင့်ရခဲ့ သည်။ Panel Discussion တွင် Section ပေါင်းများစွာရှိရာ ပါဠိစာပေနှင့်ပတ်သတ်သော အခန်းပိုင်း တွင် နှစ်ပိုင်းရှိသဖြင့် အရှင်သီဟနှင့် မနက်ဖြန်တို့ Pannel ၏ Workshop Assistance အဖြစ်လုပ်ရ သည်။ စာတမ်းဖတ်မည့် စာတမ်း ရှင်တို့၏ Bio Data short နှင့် Paper တို့ကို ဆွေးနွေးပွဲမတိုင်ခင် စုစည်းကာ Moderator ဆီသို့ Report လုပ်ရ သည်။ ဒေါက်တာဝေဠုကတော့ ကြီးကျယ်ခမ်းနာတဲ့ ပွဲကြီးမှာ ကြီးကျယ်ခမ်းနားတဲ့ ပြာတာအလုပ်တော့ ဒီကောင် တွေရသွားပြီတဲ့။ ဒေါက်တာသီဟ ကလည်း ဒီအစည်းဝေးပွဲကြီး ဒီလောက်ကြီးကျယ်မယ်မထင်မိဘူးတဲ့ ကိုယ် တိုင်းလုပ်ကြည့်မှပဲ အတော်ကို ကြီးကျယ်နေပါလားဟတဲ့။ တဦးနဲ့တဦး စနောက်ကာ ပင်ပန်းသမျှ အနားယူ ကြသည်။
အစည်းဝေးပွဲကြီးအတွက် အင်္ဂလန်မှ ဒေါက်တာဓမ္မသာမိဦးဆောင်ကာ သီတဂူမှ ကျောင်းသားများ သီတဂူ ပြည်ပရောက် ကျောင်းသားများ ၀ိုင်းဝန်းလုပ်ဆောင်ကြသည်။ ဒေါက်တာဓမ္မသာမိမှလည်း အားတက်သရော ၀င်နေသောအသံကို ညစ်ထုတ်ကာ လုပ်သင့်လုပ်ထိုက်သည့် တာဝန်များကို မည်သို့ မည်ပုံလုပ်ရမည်ကို ညစဉ် လိုလို ခေါ်ယူပြောကြားပေသည်။
Justice Delay is injustice. ဒေါက်တာဓမ္မသာမိပြောသည့် စာသားတခုကို ယခုထိအမှတ်ရသည်။ တာဝန်ကျ သည့်လုပ်ငန်းနဲ့ ပတ်သက်၍ အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်ဖို့မလုပ်နိုင်လျှင် တရား မမျှတမှုဖြစ်လာနိုင် ကြောင်းကို ရည်ရွယ်ပြောဆိုသည့် စကားဖြစ်သည်။

0 comments:
Post a Comment