* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 3, 2009

သက်တော်ရှည် ဘေးမဲ့ကန်တော်မင်းကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုသလ

ဆရာတော်ကြီး ဘဒ္ဒန္တကုသလသည် ရေနံချောင်းမြို့နယ် ညောင်ပင်အိုင်ကျေးရွာ ဇာတိဖြစ်သည်။ ခမည်းတော် ဦးစံပြည့်+မယ်တော် ဒေါ်မိုးတို့၏ တတိယမြောက် သားရတနာဖြစ်သည်။ ၁၂၆၅-ခုနှစ် ပထမ၀ါဆိုလပြည့်ကျော် ၁၂-ရက် တနင်္လာနေ့တွင် ဖွားမြင်တော်မူခဲ့သည်။ ယခု သက်တော် ၉၄-နှစ်ရှိပြီ။

ဆရာတော်ကြီးသည် ၁၂၈၂-ခုနှစ်တွင် သာမဏေပြုပြီး ၁၂၈၄-ခုနှစ်တွင် ရဟန်းပြုသည်။ ဆရာတော်ကြီးများထံတွင် ပိဋကတ်စာပေများ ကျနစွာ သင်ယူခဲ့သည်။ ဆရာတော်ကြီးသည် မြန်မာ ပါဠိဘာသာတို့တွင်မက ဟင်ဒီ, ဘင်္ဂါလီ, မာဂဓနှင့် သင်္သကရိုက်ဘာသာတို့ကိုလည်း တတ်ကျွမ်းသည်။ ထို့နောက် မန္တလေးမြို့ အနောက်ခင်မကန်တိုက် ဘုရားကြီးကျောင်းတိုက်တို့တွင် စာချတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၂၉၁-ခုနှစ်တွင် ရေနံချောင်းမြို့ စိန်ပန်းကျောင်းတိုက်သို့ ပြန်လည်ကြွရောက် သီးတင်းသုံးသည်။ ၁-၀ါဆိုပြီးနောက် ရေနံချောင်းမြို့ အရှေ့ဘက်ရှိ သမိုင်းဝင် မင်းလင့်တောင်တော်ရှိ တောရကျောင်းတွင် အရည၀ါသီ တောမှီခဲ့သည်။

၁၃၁၁-ခုနှစ်တွင် ညောင်ပင်အိုင်ကျေးရွာကျောင်းသို့ ပြောင်းရွှေ့၍ ၁-၀ါဆိုခဲ့သည်။ ထို့နောက် ကျောက်ကုန်းရွာ တနေရာရှိ ဂူအတွင်း၌ သီတင်းသုံး၍ တရားဓမ္မ ကျင့်ကြံအားထုတ်ခဲ့သည်။ ထိုစဉ် ဒကာ ဒကာမများက ဘေးမဲ့ဂတ်အနီးကျောင်း-ဟု အမည်တွင်ခဲ့ရာမှ နောင်အခါတွင် ကန်တော်မင်းကျောင်း-ဟု အမည်တွင်ခဲ့သည်။

ဆရာတော်ကြီးသည် ထိုကျောင်းတွင် သီတင်းသုံး၍ ကိုယ်တိုင်လည်း တရားဓမ္မကို ကျင့်ကြံအားထုတ်သည်။ တပည့် ဒကာ ဒကာမများကိုလည်း ဟောကြားသွန်သင်လျက်ရှိသည်။ နှစ်ပေါင်း ၄၇-နှစ်တိုင်ပြီ။ ၁၃၅၉-ခုနှစ် နယုန်လဆန်း ၂-ရက်နေ့မှစ၍ ဆရာတော်ကြီးအား အနယ်အရပ်ရပ်မှ လာရောက်ဖူးမြော်လျက် ရှိကြသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP