* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 6, 2009

ဟိမဝန္တာတောင်မင်းကို အမှီပြု၍...

ပဗ္ဗတရာဇသုတ်- (တောင်မင်း)

ရဟန်းတို့ ...
ဟိမဝန္တာတောင်မင်းကို အမှီပြု၍
သစ်ပင်ကြီးတို့သည် ကြီးပွါးခြင်း သုံးမျိုးတို့ဖြင့် ကြီးပွါးကုန်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

၁... အကိုင်း အခက် အရွက်ဖြင့် ကြီးပွါးကုန်၏၊
၂... အခေါက် အပွေးဖြင့် ကြီးပွါးကုန်၏၊
၃... အကာ အနှစ်ဖြင့် ကြီးပွါးကုန်၏၊

ရဟန်းတို့ ဟိမဝန္တာ တောင်မင်းကို အမှီပြု၍
သစ်ပင်ကြီးတို့သည် ဤကြီးပွါးခြင်း သုံးမျိုးတို့ဖြင့် ကြီးပွါးကုန်၏။

ရဟန်းတို့ ဤအတူသာလျှင်...
သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသား အကြီးအကဲကို အမှီပြု၍ (သားမယား စသော) အိမ်သူအိမ်သား အပေါင်းသည် ကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါး၏။

အဘယ် သုံးမျိုးတို့နည်း ဟူမူ-

၁... ယုံကြည်ခြင်း 'သဒ္ဓါတရား' ဖြင့် ကြီးပွါး၏၊
၂... အကျင့် 'သီလ' ဖြင့် ကြီးပွါး၏၊
၃... အသိ 'ပညာ' ဖြင့် ကြီးပွါး၏။

ရဟန်းတို့
သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသား အကြီးအကဲကို အမှီပြု၍ (သားမယား စ သော) အိမ်သူအိမ်သား အပေါင်းသည် ဤကြီးပွါးခြင်း သုံးမျိုးတို့ဖြင့် ကြီးပွါး၏ဟု (မိန့်တော်မူ၏)။

တောအုပ်ကြီးအတွင်း၌ ရှိသော ကျောက်တောင်ကြီးကို အမှီပြု၍ တောစိုး သစ်ပင်ကြီးတို့သည် ကြီးပွါးကုန်သကဲ့သို့၊ ထို့အတူသာလျှင် ဤလောက၌ သီလ နှင့် ပြည့်စုံသော၊ သဒ္ဓါတရား ရှိသော အမျိုးသား အကြီးအကဲကို အမှီပြု၍ သား မယားတို့သည် လည်းကောင်း၊ အဆွေခင်ပွန်း တို့သည် လည်းကောင်း၊ ချစ်ကျွမ်း ဝင်သူတို့သည် လည်းကောင်း၊ ဆွေမျိုးအပေါင်းတို့သည် လည်းကောင်း၊ ထို သဒ္ဓါ တရား နှင့် ပြည့်စုံသော အမျိုးကောင်းသားကို မှီ၍့အသက်မွေးကုန်သော သူတို့ သည် လည်းကောင်း (သဒ္ဓါစသော သုံးပါးသော တရားတို့ဖြင့်) ကြီးပွါး ကုန်၏။ မိမိ အကျိုးကို မြော်မြင် တတ်ကုန်သော ထိုပညာရှိတို့သည် ထို သီလရှိသော သူ၏ သီလကို လည်းကောင်း၊ စွန့်ကြဲခြင်းကိုလည်းကောင်း၊ ကောင်းသော အကျင့်ကို လည်းကောင်း မြင်ကုန် သည်ဖြစ်၍ အတုလိုက်ကာ ပြုကုန်၏။

ဤလောက၌ နှစ်သက်ခြင်းရှိကုန်သော ချမ်းသာကို လိုလားကုန်သော သူတို့သည် သုဂတိဘဝသို့ လားကြောင်း ခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ရ၍ နတ်ပြည်၌ မွေ့လျော်ရကုန်၏။49

၉ - ပဗ္ဗတရာဇသုတ်၊ စူဠ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP