* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 6, 2009

မူလဓမ္မစာမျက်နှာသစ်ဖွင့်လှစ်ခြင်း

ဒုက္ခပေါ် ဒုက္ခဆင့် ၊ဒုက္ခနှင့်နေရတာ၊
ဒုက္ခနှင့်သေရမှာ၊ဒုက္ခသာမလွဲ။
ဒုက္ခကောင် ဒုက္ခခဲပေမို့၊ ဒုက္ခထဲ ပျော်ရှာ…။
ဒုက္ခထဲက လွတ်ငြားလိုလျှင်..ဒုက္ခသာ မြင်အောင် ကြည့်ပေတော့..။

သည်ကဗျာလေး သည် ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော်ဘုရား၏ တရားတော် ကိုကျွန်မအား စွဲမြဲစွာနာယူဖြစ် အောင် မိတ်ဆက်ပေးခဲ့သော ကဗျာလေးဖြစ်ခဲ့ပါသည်။မှတ်မိသလောက် ပြန်ချ ရေးကြည့် မိပါသည်။ကျွန်မ-အား ဒုက္ခသစ္စာကို သြိမင်အောင်သတိပေးနေသော ထိမိသည့် စကားလုံး လေး များ အဖြစ် နှစ်သက် ခဲ့မိပါသည်။

သစ္စာလေးပါးတွင် ဒုက္ခသစ္စာ-များနှင့်သာ ထာဝစဉ် နပမ်းလုံး နေရပါ သောကျွန်မသည် ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်းတရား သမုဒယသစ္စာ ကို လက်သည်တရားခံ အဖြစ်စတင် ဆင်ခြင်လာခဲ့ရပါသည်။ သမုဒယကို လျှော့ချလျက် ဒုက္ခလျော့ နည်းသက်သာ အောင် အထိုက်အလျောက် တော့ နေတတ်လာ ခဲ့ရပါသည်။

ကျွန်မတို့ဓမ္မ ဘလော့ဂါတွေ..ဆိုတာကတော့ ကျွန်မရဲ့ Dhamma Brother- ကိုဝင်းမြင့်ရဲ့ ပြောနေကျ စကား လုံးကို ခဏ ငှားယူ သုံးစွဲရရင်တော့ ဆည်မြောင်း နဲ့ လယ်ကွက် အကြား ရေသွင်းမြောင်း ဖောက် ပေး ရမဲ့တာ ဝန် ရှိတဲ့သူတွေပါပဲ။

ကျွန်မတို့တတွေသည်ဆရာတော်ဘုရားတို့ထံမှတရားတော်များကို ဤသို့-နာကြားခဲ့ ရပါသည်။ဤသို့-နာယူ စေ လိုပါသည်။ ဤသို့-အကျိုးရှိ စေလိုပါသည် ဆိုသော မွန်မြတ်သော ဆန္ဒများဖြင့် ဓမ္မBlog များရေးသား ခဲ့ကြ ပါသည်။

ဓမ္မဗျူဟာဆရာမကြီးဒေါ်ခင်လှတင်ကတော့ ပြောဘူးပါသည်။တရားပိုင်ရှင်အစစ်ဖြစ်တော်မူသော ကျေးဇူး တော်ရှင် မြတ် စွာဘုရား ဟောကြားတော်မူတဲ့ တရားတော် များရဲ့ ဓမ္မသတ္တိ ကိုကပင်ကိုယ်အားဖြင့် အနှစ်သာရပြည့်ဝ ကောင်းမွန်ပြီး သားဖြစ်လျက် ခံတွင်း ပျက်တတ်သူအမျိုးမျိုးအတွက် ခံတွင်းလိုက်အောင် ချက်ပြုတ်စီမံပေးရတာဖြစ်ကြောင်း ပြောပြဘူး တာ ကျွန်မ မှတ်သားခဲ့ ဘူးပါသည်။

ဆရာတော်အရှင်ဆန္ဒာဓိက ကတော့ ကိုယ်သည် မည်သို့သောဆရာတော်ကြီးရဲ့ ဟောပြော ပုံ၊ စကား လုံးဖြင့်တရားအသိ ရစေမည်ဆိုတာကတော့ ဘယ်သူမျှမသိနိုင်ပါ..။ကျေးဇူး တော်ရှင်မြတ်စွာ ဘုရားရှင် လက်ထက် ကပင်..သတ္တဝါတို့၏ ဝေနေယျတို့ရဲ့-အဇ္ဈာသယ (ဣနြေ္ဒ၊စရိုက်၊သူ့အကြိုက်ကို၊ နှိုက်ချွတ်စုံ လင်အကုန်မြင်)သည်မှာ သဗ္ဗညုတဉာဏ်တော်ရှင်၊ ဘုရား ရှင်မှတစ်ပါး မည်သူမျှ မသိခဲ့ပါ။ ထို့ကြောင့် တရားစုံနာယူရန်လိုအပ် ကြောင်း မိန့်ကြား ဘူးပါသည်။

ကျွန်မရဲ့ နောက်ထပ် Dhamma Brother-Bliss(ဝိမုတ္တိသုခ) ရဲ့စကားလုံးကတော့ခေတ်ဆန်ဆန်လေးဖြစ် မည်ထင်သည်။ သူရေးသားတင်ပြလိုက်သော ရိုက်ချက်ကြောင့် Heart-ထိသွားကြတယ်-လို့ သူ့ရဲ့ စာဖတ် ပရိ သတ်များ အကြောင်း ပြောပြဘူး ပါသည်။သူ့စကားလုံးအရဆိုရင်-တော့ ကျွန်မတို့သည် တရား ဓမ္မ စကားလုံးများဖြင့် ဖတ်ရှုသူများ Heart-ထိအောင် ရိုက်ချက် များကိုကြိုးစား ပုံဖော် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ကိုနားလည်ခဲ့ရပါတော့သည်။

နိဒါန်းတွေဖော်ပြတာ--များသွားပါပြီ..။အဓိကရေးလိုတာကတော့ ဆရာတော် မူလဓမ္မဆရာတော်ဘုရား၊ ဦးဝိဇယ ဟော ကြားတော်မူ သော တရားတော်များကို -----
Blog အသစ်(http://muladhamma.mmgenius.com/) တွင် သီးသန့် ရေးသား ပူဇော်ထား ပါကြောင်း ၊မိတ် ဆက်စကားပြောကြားအပ်ပါသည်ရှင့်။ ဆရာတော်ဟောကြားသော သတိပဋ္ဌာန် တရားတော် များနှင့် ပဋ္ဌာန်းတရားတော်များ၏ အသံဖိုင်များကိုလည်းတင်ဆက်ထားပါသည်။

နမူနာမိတ်ဆက်အဖြစ်ဆရာတော်ဘုရား၏တရားတော်နာယူတုံးက ရေးမှတ်ခဲ့သော ကျွန်မ၏မှတ်စုထဲမှ အချို့ကိုကောက် နှုတ် တင်ပြပါရစေ…။

၁။ဝိပဿနာ၊ထင်မပါဉာဏ်မြင်တာပဲ ရှုရမည်။
၂။မိမိအထင် ရှုလေလျှင်၊ကိလေသာပင် ဖြစ်လိမ့်မည်။
၃။အားထုတ်သမျှမှာ၊ ကိလေသာ၊ ဖြစ်မလာမှ၊ လမ်းမှန်သည်။
၎။ကိုယ်စိတ်နှစ်ဖြာ၊ လွတ်လပ်စွာ မှန်စွာနေရမည်။
၅။ကိုယ်ချုပ်၊စိတ်ချုပ် နှစ်မျိုးလုပ်၊ အဟုတ်လွတ်အောင် ရှောင်ရမည်။
၆။စိတ်ဆိုသည်မှာ ၊မပြေးပါ၊ ဆုံရာအာရုံသိခြင်းတည်း။
ရ။စွဲခြင်းဖိခြင်း၊ စိတ်မှာကင်း၊ငြိမ်းခြင်းသမာဓိ ရလွယ်သည်။
၈။လိုချင်၊ဖြစ်ချင်၊ ရချင်မှုများ ငြိမ်းလိုငြား၊မှတ်သား ပျက်နေတယ် ရွတ်ရမည်။(အနိစ္စသညာ)
၉။ဖြစ်ဆဲခန္ဓာမှာ၊အသိဟာ မြဲစွာသိအောင် လုပ်ရမည်။
၁၀။ကြောင်းကျိုးခန္ဓာ၊မီးပမာ သဘောပါအောင်လုပ်ရမည်။
၁၁။ပညတ်နှစ်မျိုး(ဝိဇ္ဇာမာနပညတ်၊အဝိဇ္ဇာမာနပညတ်)ဟာပျက်နေတာ၊မှန်စွာသုည သိရမည်။(စုစုပေါင်းသုည-၆လုံး)
၁၂။ဖြစ်ပျက်သဘောဟာပျက်နေတာ၊မှန်စွာသုညသိရမည်။
၁၃။သဘောရဲ့ အကြောင်းဟာ ပျက်နေတာမှန်စွာသုညသိရမည်။
၁၄။ရှုဉာဏ်သဘောဟာ ပျက်နေတာ မှန်စွာသုညသိရမည်။
၁၅။သဘောရဲ့ အကြောင်းဟာ ပျက်နေတာ မှန်စွာသုညသိရမည်။

ကျွန်မသည်လည်း ဆရာတော်ဟောပြောတဲ့ သုည---၆လုံး-လုံးသိတဲ့ ပညာသိဝိပဿနာ ဖြင့်သိစရာဆုံး အောင်ကြိုးစားနေ ဆဲသာဖြစ်ပါတယ်..။

ဆရာတော်ဘုရားရေးသားထုတ်ဝေထားသော စာအုပ်မှမူရင်းအတိုင်းကို အခန်းလိုက်ခွဲပြီး Post- များကြိုးစား တင် သွား ပါမယ်..။

ဤBlog-အသစ်ဖြစ်မြောက်ရေးအတွက် ကျွန်မအား အတတ်ပညာပိုင်း ဆိုင်ရာကူညီပေးခဲ့သော ကိုဝင်းမြင့်၊ ကိုပြည့်ဦးလွင်(Administrator-http://mmgenius.com)၊သားကိုအောင်ဦး၊ Hosting မျှပေးတဲ့ ကိုဖိုးသားနှင့် ဓမ္မစေတနာရှင် (pnth.org)တို့ကို အထူးကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်ရှင့်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP