* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 6, 2009

စွန်းလွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ က၀ိ

စွန်းလွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တက၀ိသည် မြင်းခြံမြို့နယ် စွန်းလွန်းရွာကြီးတွင် ၁၂၃၉-ခု၊ တပေါင်းလဆန်း ၂-ရက်၊ ( ၄-၃-၁၈၇၈ ) တနင်္လာနေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။ ခမည်းတော် ဦးသန့်+မယ်တော် ဒေါ်တုတ် တို့ဖြစ်သည်။ အမည်မှာ မောင်ကျော်ဒင် ဖြစ်သည်။

မောင်ကျော်ဒင်သည် အရွယ်ရောက်သောအခါ တရွာတည်းနေ မရွှေရည်နှင့် သင့်မြတ်သည်။ သားသမီး ၅-ယောက် ထွန်းကားသည်။ ၀မ်းရေးအတွက် လယ်ယာအလုပ်ကို လုပ်ကိုင်သည်။ တနေ့တွင် ဦးကျော်ဒင်၏ အိမ်ရှေ့၌ မဏ္ဍပ်ထိုး၍ ဘုရားပင့်၊ ၀တ်တက် ပြုလုပ်ကြသည်။ ထိုစဉ် မိတ်ဆွေဖြစ်သူ စတီးဘရားသားစက်မှ စာရေးကြီးဦးစံတင်နှင့် စကားလက်ဆုံကျရင်း လယ်တီဆရာတော်ဘုရားကြီး၏ အာနာပါနအကြောင်းကို ပြောဆိုဆွေးနွေးမိကြသည်။ ဦးကျော်ဒင်က စာမတတ်ဘဲ တရားအားထုတ်၍ ရသလား-ဟု မေးသည်။ ဦးစံတင်က စာတတ်ဖို့ လိုရင်းမဟုတ်၊ သဒ္ဓါနှင့် ၀ီရိယသာ လိုရင်း-ဟု ပြောပြသည်။ ထိုအခါ ဦးကျော်ဒင်သည် အိမ်ဘေးအဖီတွင် အာနာပါနကို စတင်အားထုတ်သည်။ ထို့နောက် အိမ်၌သော်၎င်း၊ မောင်ရင်ပေါ် ချောက်ထဲ၌သော်၎င်း၊ သဒ္ဓါ ၀ီရိယ သန်သန်ဖြင့် အဆက်မပြတ် အားထုတ်ခဲ့သည်။

၁၂၈၂-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၅-ရက် ( ၁-၉-၁၉၂၀ ) တွင် လယ်ထွန်ရာမှ နွား ၂-ကောင်နှင့် ထွန်တုံးကို ဖြုတ်၍ထားခဲ့ကာ ဘုန်းတော်ကြီး ဦးဝီရိယထံတွင် ကိုရင်ကြီးဝတ်သည်။ ရှင်က၀ိ ဘွဲ့ကို ခံယူခဲ့သည်။ ၁၂၈၂-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂-ရက် ( ၄-၄-၁၉၂၁ ) သက်တော် ၄၃-နှစ်တွင် မိတ္ထီလာမြို့ ရေလယ်ကျောင်းတိုက်၌ ရဟန်းဝတ်သည်။ တရားကို အဆက်မပြတ် အားထုတ်ရာ ကမ္မဋ္ဌာနာစရိယ ဆရာကြီးတပါးအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီးသည် ၃၂-နှစ်တိုင် တပည့်ပေါင်းများစွာအား စွန်းလွန်းဝိပဿနာရှုနည်းတရားကို ညွှန်ပြတော်မူပြီးနောက် ၁၃၁၄-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉-ရက်နေ့ ( ၁၇-၅-၁၉၅၂ ) သက်တော် ၇၆-တွင် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်း၌ ပျံလွန်တော်မူခဲ့သည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP