* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 6, 2009

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်နှင့် ဗာဟိယဒါရုစိရိယမထေရ်

မြတ်စွာဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူလျက်ရှိ၏။ ထိုအချိန်တွင် ဗာဟိယအမည်ရှိ လူတယောက်သည် ပင်လယ်ခရီးတွင် သင်္ဘောပျက်ရာမှ မသေဘဲလွတ်မြောက်ပြီး သုပ္ပါရက ဆိပ်ကမ်းသို့ ဆိုက်ရောက်လာ၏။ အ၀တ်အစား ဘာမျှမပါလာသော ဗာဟိယသည် ပျဉ်ချပ်ရသမျှကို နွယ်ကြိုးဖြင့်သီ၍ အရှက်လုံရုံ ၀တ်ဆင်ကာ နီးစပ်ရာရွာများကိုဝင်၍ တောင်းရမ်းစားသောက်နေရ၏။

ရွာသူရွာသားများသည် ခေါင်းပါးစွာကျင့်နေသော ပုဂ္ဂိုလ်ထူးကြီး ရဟန္တာကြီးဟု ယူဆကာ လှူဒါန်းပြုစု ကိုးကွယ်ကြ၏။ ကြာသော် သူ့ကိုယ်သူလည်း ရဟန္တာဖြစ်ပြီ-ဟု အထင်ရှိလာ၏။ ရှေးဘ၀က မိတ်ဆွေကောင်း ဖြစ်ခဲ့သော ဗြဟ္မာတပါးက အယူမှားယွင်းနေသော ဗာဟိယအား သတိလာပေးသည်။ ထိုအခါမှ သူ့အမှားကို သူမြင်ပြီးလျှင် ဘုရားရှင်ရှိရာ ယူဇနာတရာ့နှစ်ဆယ် ဝေးသော သာဝတ္ထိပြည်သို့ ခရီးပြင်းနှင်ခဲ့၏။ ရောက်သောအချိန်တွင် ဘုရားရှင် ဆွမ်းခံကြွဆဲဖြစ်ရာ နောက်မှလိုက်၍ တရားဟောရန် တောင်းပန်၏။

ဘုရားရှင်သည် သူ၏ ခရီးပင်ပန်းလာမှုကို၎င်း၊ တက်ကြွနေသော သဒ္ဓါစိတ်ကို၎င်း ငြိမ်သက်အောင် စောင့်နေ၏။ တတိယအကြိမ် တောင်းပန်ရာတွင်မူ ဗာဟိယ-မြင်၊ ကြား၊ နံ၊ စား၊ ထိ-စသော ကိစ္စတို့တွင် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ နည်းဖြင့် သိရုံသိနေပါ-ဟု အကျဉ်းချုပ် တရားဟော၏။ တရားနာယူစဉ်မှာပင် ရဟန္တာဖြစ်သွားလေသည်။ ရဟန်းအ၀တ် ဆင်မြန်းရန်အတွက် သင်္ကန်းပရိက္ခရာရှာရန် လှည့်လည်စဉ် နွားဝှေ့သဖြင့် ပရိနိဗ္ဗာန်ပြုရ၏။ ထိုအကြောင်းကို ရဟန်းတို့တရားသဘင်တွင် ပြောဆိုကြသည်။ ဘုရားရှင်သည် အရှင်ဗာဟိယအား လျင်မြန်စွာ ထိုးထွင်းသိမြင်နိုင်သော ခိပ္ပါဘိညာဧတဒဂ် ဂုဏ်ထူးဖြင့် ချီးကျူးတော်မူကာ အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
သဟဿမပိ စေ ဂါထာ ၊ အနတ္ထပဒသံဟိတာ ။
ဧကံ ဂါထာပဒံ သေယျော ၊ ယံ သုတွာ ဥပသမ္မတိ ။

( မြန်မာပြန် )
နိဗ္ဗာန်ရောက်ကြောင်းနှင့် မဆိုင်သော အကျိုးမဲ့ ဂါထာတထောင်ထက်
ကြားနာရ၍ ရာဂစသည့် ကိလေသာ အပူငြိမ်းကြောင်းဖြစ်သော တဂါထာသည် မြတ်၏။

( ဆောင်ပုဒ် )
တောတောင်မယ်ဘွဲ့၊ ကျိုးမဲ့ပုံဆောင်၊ ပုဒ်တထောင်ထက်၊
ပူလောင်ရာဂ၊ ကင်းစေရသည့်၊ ပဒမာလာ၊ တဂါထာသည်၊
သတ္တ၀ါအား၊ ကောင်းကျိုးများ၏။

( သဟဿဝဂ်၊ ဗာဟိယဒါရုစိရိယ ၀တ္ထု )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP