* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 6, 2009

အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တ သောဘဏ

မဟာစည် ဆရာတော်ကြီး ဘဒ္ဒန္တ သောဘဏသည် ရွှေဘိုမြို့ ဆိပ်ခွန်ရွာဇာတိ ဖြစ်သည်။ ၁၂၆၆-ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် ၃-ရက်၊ သောကြာနေ့တွင် ဖွားမြင်တော်မူသည်။

ရှေးဦးစွာ စာပေများပို့ချ၍ ပရိယတ္တိသာသနာကို ပြုခဲ့သည်။ ထို့နောက် သထုံမြို့ မင်းကွန်းဇေတ၀န် ဆရာတော်ကြီး၏ နည်း-ဥပနိဿယကို ရရှိ၍ လက်တွေ့ သတိပဋ္ဌာန်လုပ်ငန်းကို စတင်အားထုတ်ခဲ့သည်။ ထို့နောက် ၀ိပဿနာတရားများကို ဟောကြားပြသခဲ့သည်။ ဆိပ်ခွန်ရွာရှိ မဟာစည်ကျောင်းကို အစွဲပြု၍ မဟာစည်ဆရာတော်-ဟု ခေါ်တွင်ခဲ့သည်။

ရဟန်း ၂၄-၀ါအရတွင် ဒကာ ဒကာမများက မဟာစည်ဆရာတော်ကြီးအား ရွှေဘိုမြို့မှ ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ပင့်ဆောင် ကိုးကွယ်ခဲ့ကြသည်။ ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ၁၃၁၁-ခုနှစ် နတ်တော်လပြည့်နေ့မှစ၍ ၀ိပဿနာတရားကို ပြသတော်မူသည်။ ဆရာတော်ကြီးသည် ၁၉၈၁-ခုနှစ်မှ ၁၉၈၂-ခုနှစ်အထိ ၁-နှစ်အတွင်း မြန်မာနိုင်ငံတွင်း၌ တရားဌာနပေါင်း ၃၁၄-ဌာန တည်ထောင်ခဲ့၍ ယောဂီပေါင်း ၇-သိန်းကျော် ၀ိပဿနာတရား အားထုတ်စေခဲ့သည်။ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံအများသို့ ကြွရောက်၍ သာသနာပြုတော်မူခဲ့သည်။ ပြည်ပ၌လည်း တရားဌာနများ တည်ထောင်ဖွင့်လှစ်ခဲ့သည်။

ဆရာတော်ကြီးသည် ၁၃၀၃-ခုနှစ်တွင် သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ ဘွဲ့တံဆိပ် ရရှိခဲ့သည်။ ၁၃၁၃-ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီး၌ှဆဋ္ဌသံဂီတိ ပုစ္ဆက အဖြစ်ဖြင့် ဆဋ္ဌသံဂီတိ အရှင်ဝိစိတ္တသာရာဘိဝံသနှင့်အတူ တာဝန်ယူ ဆောင်ရွက်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် ကျမ်းပေါင်း ၆၀-ကျော် ရေးသားပြုစုခဲ့သည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးတွင် သြ၀ါဒါစရိယ ဆရာတော်ကြီးတပါးအဖြစ် ပါဝင်တော်မူခဲ့ပါသည်။ ၁၃၄၄-ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် ၁၀-ရက် ( ၁၀-၈-၁၉၈၂ ) တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ စံကျောင်းတော်၌ ပျံလွန်တော်မူသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP