ကံကောင်းသူများ ဖြစ်စေချင်သည်
ဘုန်း ...... ဆိုသည်မှာ ပုည= ကောင်းမှုပင်ဖြစ်၏။ ကောင်းမှုဆိုသည်မှာလည်း ကိုယ်နှုတ်နှလုံး (၃) ပါးလုံး ဖြူစင်စေကြောင်း ကောင်းမြတ်သော အကျင့် ပုည=ကောင်းမှု ဟူ၍ မှတ်သားခဲ့ဖူးသည်။ ဘုန်းကံရှိချင်သူတို့အတွက် ကောင်းမှုကုသိုလ်များ ပြုရမည်ဖြစ်ပေသည်။ ဘုန်းကံကြီးမားချင်သူများ ကောင်းမှုကုသိုလ်ကံ များများပြုရမည်ပင်ဖြစ်ပေသည်။ မြတ်ဘုရားရှင်၏ သာသနာတော်၌ မှီခိုခွင့်ရသော၊ ထောက်ပံ့ခွင့်ရသောသူတို့မှာ အလွန်ကံကောင်းသူများဖြစ်ကြပေလိမ့်မည်။ သို့ဖြစ်ပါ၍ ဒါန၊ သီလ၊ ဘာဝနာ ကုသလအဖြာဖြာဖြင့် ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်မှာ မှီခိုခွင့်လည်း ရရှိကြပါစေ။ ထောက်ပံ့ခွင့်လည်း ရရှိနိုင်ကြပါစေ။


0 comments:
Post a Comment