*သူတို့ပေးသော မွေးနေ့လက်ဆောင်-၉*
သန့်စင်သော သီလဂုဏ်နဲ့
စူးနစ်ခိုင်ကြည်တဲ့
သမာဓိကျောက်ဆောင်အကြား
ထွန်းတောက်ပညာအလင်းများ
နေ့ညတိုင်း ပိုင်စိုးနိုင်စေ။
လောကကိုကြည့်တဲ့မျက်ဝန်းများ
မေတ္တာတရား အတိပြီးပါစေ။
ကောင်း၍ မြတ်သောစကား
နှုတ်လျှာအား အစိုးရပါစေ။
မုတ်သုန်မိုးအစ
၂၄ ခါ ကြုံရပြီးတဲ့
၃၀ မေလ မှသည်
ရင်ဆိုင်ရမယ့် မနက်ဖြန်ခပ်သိမ်း
အောင်မြင်ငြိမ်းချမ်းခြင်းနဲ့အတူ
မင်္ဂလာအပေါင်း ကိန်းဝပ်စေသား။ ။
++++++++++++++++++++++++++++++++++++++
လေးစားစွာဖြင့်
ဖိုးသား
5/31/2009, SUN:, 9:56:22 AM

0 comments:
Post a Comment