* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 24, 2009

ရတယ်၊ သိတယ်၊ ထိုက်တန်တယ်...

အဓိဂမသုတ်- (ရတယ်၊ သိတယ်၊ ထိုက်တန်တယ်)

၇၉။ ရဟန်းတို့ တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် မထိုက်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...

၁... ကုသိုလ်, အကုသိုလ် ဖြစ်ကြောင်း၌လည်း မလိမ္မာ၊
၂... ကုသိုလ်, အကုသိုလ် ကင်းကြောင်း၌လည်း မလိမ္မာ၊
၃... ဥပါယ်၌လည်း မလိမ္မာ၊
၎... မရသေးသော ကုသိုလ်တရားတို့ကို ရရန် အလို 'ဆန္ဒ' ကို မဖြစ်စေ၊
၅... ရပြီးသော ကုသိုလ် တရားတို့ကို မစောင့်ရှောက်နိုင်၊
၆... အမြဲ ပြုခြင်းဖြင့် မပြီးစေတတ်။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ် တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် မထိုက်။

ထိုက်တန်တာကအောက်မှာ...



ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ် တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် ထိုက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...

၁... ကုသိုလ်, အကုသိုလ် ဖြစ်ကြောင်း၌လည်း လိမ္မာ၏၊
၂... ကုသိုလ်, အကုသိုလ် ကင်းကြောင်း၌လည်း လိမ္မာ၏၊
၃... ဥပါယ်၌လည်း လိမ္မာ၏၊
၎... မရသေးသော ကုသိုလ်တရားတို့ ရရန် အလို 'ဆန္ဒ' ကို ဖြစ်စေ၏၊
၅... ရပြီးသော ကုသိုလ် တရားတို့ကို စောင့်ရှောက်၏၊
၆... အမြဲပြုခြင်းဖြင့် ပြီးစေတတ်၏။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ် တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် ထိုက်၏ ဟု (မိန့်တော်မူ၏)။

၅ - အဓိဂမသုတ်၊ အရဟတ္တ၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP