* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 24, 2009

ရေးဖို့ စိတ်ကူးတာက ပဋိသန္ဓေနေခြင်း ...

ရေးဖို့ စိတ်ကူးကောင်းမိတာက ပဋိသန္ဓေနေခြင်း (မွေးဖွားခြင်း)... ခုရေးဖို့ ကြုံလာတာက ရှင်သန်ထမြောက်ခြင်း...
မမျှော်လင့်တာတွေ ဖြစ်တတ်ပါတယ်လေ...

23 Apr 09, 12:28
တိုးလေး: အရှင်ဘုရားတပြည့်တော်ကတော့ ခရစ်ယာန်အသိုင်အ၀ိုင်းမှာ နေထိုင်နေရသူ ဖြစ်ပါတယ်ဘုရား အမျိုးမျိုးသိမ်းသွင်းခြင်းကိုလဲ ခံနေရသူဖြစ်ပါတယ်၊ ဒါပေမဲ့ တပည့်တော်မကတော့ ဗုဒ္ဓဘာသာကိုသာ အသံစွဲနေသူမို့ ဘယ်လိုမှကိုသိမ်းသွင်းလို့ မရတဲ့အပြင် အသက်ကိုသာပေးမဲ့သူသာဖြစ်ပါတယ်ဘုရား နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်သူမို့လည်း ဗုဒ္ဓရဲ့စာပေတွေ ရှာဖို့ခက်ခဲပါတယ်ဘုရား အခုတပည့်တော်မ သိချင်တာက သူတို့ဘုရားသာလျှင် သေလွန်ပြီးသော် ၃ရက်မြောက်သောနေ့တွင် ရှင်သန်ထမြောက်တယ်လို့ ငြင်းကြပါတယ်ဘုရား တပြည့်တော်ကလဲ တပြည့်တော်တို့ဘုရားဟာလဲ အသက်ရှင်သော ၃ရက်မြောက်သောနေ့တွင် ပြန်လည်ရှင်သန်သော ဘုရားဖြစ်ကြောင်းကို သက်သေနှင့်တကွ ပြန်ရှင်းချင်လှပါတယ်ဘုရား ဒါကြောင့်တပြည့်တော်မကို အရှင်ဘုရားအသိညာဏ် ဘုရားဖြစ်ကြောင်းကို သက်သေနှင့်တကွ ပြန်ရှင်းချင်လှပါတယ်ဘုရား ဒါကြောင့် တပြည့်တော်မကို အရှင်ဘုရားအသိညာဏ် အရှင်ဘုရားရဲ့စာကို တပြည့်တော် မျှော်နေပါ့မယ်ဘုရား ရိုသေနှိမ့်ချခြင်းများစွာဖြင့် တကာမတိုးလေး။

ဒီစာလေးဖတ်ပြီး
အိုး... မိုင်... လောက...
ဒီလိုလေးသာ ဆိုလိုက်ချင်ပါတော့တယ် ဒကာမကြီး...

သူတို့တတွေ သာသနာပြုတာ သိပ်တော်တာ၊ ဒကာမကြီးမို့ ဒီလောက်တောင့်ခံနိုင်တာ။ ဘုန်းကြီးထံတောင် သူတို့ကလာပြီး ခရစ်ယာန်ဘာသာ လာဟောသေးတာ သိလား။ ငါမင်းတို့ပြောတာတွေ နားမလည်ဘူးဆိုပြီး တောပြောတောင်ပြော ပြောတာတောင် ပြီးမသွားသေး ဇွဲကောင်းကြပေတယ်။ စာအုပ်လေးထုတ်လာတယ် myanmar-burma ဆိုတာလေးရှာပြီး စာမျက်နှာထောက်ပြတယ် ပြီးဖတ်ခိုင်းတယ်။ အဲဒီလောက် စိတ်ရှည်တဲ့ သူတို့ကို ချီးကျူးဂုဏ်ပြုပါတယ်။ ဂုဏ်ပြုသောအားဖြင့်လဲ ရအောင် အမြတ်ထုတ်ပါတယ်၊ သူတို့လို ငါစိတ်ရှည်ရမယ်လို့။ (သတိထား ဘုန်းကြီးက အမြတ်ထုတ်တတ်ပါတယ်)

((တပြည့်တော်ကလဲ တပြည့်တော်တို့ဘုရားဟာလဲ အသက်ရှင်သော ၃ရက်မြောက်သောနေ့တွင် ပြန်လည်ရှင်သန်သော ဘုရားဖြစ်ကြောင်းကို သက်သေနှင့်တကွ ပြန်ရှင်းချင်လှပါတယ်ဘုရား)) ဒကာမကြီးက ဗုဒ္ဓအဆုံးအမရဲ့ ဘာကိုဘယ်လို အဓိပ္ပါယ်ကောက်လို့ ရှင်သန်ချင်သလဲတော့ မသိပါ။ နားမလည်ပါ။

ဘုန်းကြီးရဲ့ ရှင်သန်မှုကိုတော့ ဘုန်းကြီးပြောပါ့မယ်...

အယူမတူရင် အပြစ်တင်တတ်ကြပါသလား...
လောကကြီး ဒါ့ကြောင့် ငြင်းခုံနေကြပါတယ်...
သတ္တ၀ါတွေ ငြင်းခုံနေကြရပါတယ်... ဒီလိုပဲ သုံးပါ့မယ်။

ဘုန်းကြီးက ငြင်းခုံနေတာကိုတော့ မလုပ်ပါ၊ သိသလောက်ကလေး ရှင်းပြ ပြောပြတာလောက်တော့ လုပ်ပါ့မယ်။ ဒါလဲ လက္ခံ သဘောတူလောက်သူများကိုသာပါ...။

ဦးလောကအတွက် ...
အမြဲရှင်သန်နေသော ဂေါတမဗုဒ္ဓ...
ယခုအချိန်ထိ မြတ်စွာဘုရားအပေါ် ပရိနိဗ္ဗာန်စံ(သေဆုံး)ပြီဟု စိတ်ထဲမှာ မယူနိုင်သေးပါ...
ဒါ့ကြောင့် ရှင်သန်ဆဲပါ...

ချစ်သားအာနန္ဒာ ငါ့အဆုံးအမ ဓမ္မ တရားတော်တွေ တည်နေသ၍ သင်တို့ဆရာငါဘုရား ရှိနေသေးတယ်တဲ့...။

ခုဘုန်းကြီးမှာ မြတ်ဗုဒ္ဓရဲ့တရားတော်တွေ တည်နေပါတယ်၊ ဒီအကြောင်းကိုဆို၍ ကျွန်ုပ်အတွက် ရှင်သန်နေဆဲပါ... တရားတော်များ များများလေ့လာလေ များများတည်လေ ယုံကြည်လေပါဘဲ...။ ကျွန်ုပ်အတွက် မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံသေးပါ...။

ဒါ့ကြောင့် အမြဲရှင်သန်နေပါတယ်...
ဓမ္မ မရှိသူ၊ ဓမ္မ-တရား မရှိသူတွေဟာ သေသူတွေသာဖြစ်ပါတယ်။ အသက်ရှင်လျှက် သေနေသူသာတဲ့...။ သင်တို့မှာ ဓမ္မရှိပါသလား တရားရှိပါသလား ရှိခဲ့ရင် သင်တို့တတွေလည်း ရှင်သန်နေသူများသာ ဖြစ်ကြပါတယ်။ ဓမ္မကိုတော့ ကုသလကမ္မပထ တရား ၁၀-ပါးနဲ့ပဲ ချိန်ထိုးကြည့်လိုက်ပါ..။

ဒကာမကြီး မိမိကိုယ်ကိုမိမိ ဗုဒ္ဓသာသနာဝင်မှ တခြားဘာသာသို့ ပြောင်းမသွားလိုပါရင် ဗုဒ္ဓရဲ့ အဆုံးအမတွေကို သေချာလေ့လာရပါမယ်၊ တရားခွေတွေနာကြား တရားစာတွေဖတ် မရှင်းတာလေးတွေ၊ တစ်ကြိမ် မဟုတ်ဖူးနော် ထပ်ခါထပ်ခါမေး ဒီလိုလုပ်ပါများမှ တရားအသိဉာဏ်လေးတွေ တိုးတက်လာမှာပါ၊ အွန်လိုင်းမှာ ဆရာတော်တွေ အများကြီးဖြစ်လာပါပြီ၊ ဆရာတော်များထံမှာလည်း မေးမြန်းနိုင်ပါတယ်။ မေးသည့် အခါမှာတော့။ ဘာသာရေး ပြဿနာဖြစ်မဲ့မေးခွန်းတွေ သတိထားကြရပါမယ်။ ပါခဲ့ရင်တော့ ရှောင်ပြီး ဖြေကြလိမ့်မယ် ထင်ပါတယ်၊ ဘာကြောင့်လဲ မြတ်ဗုဒ္ဓကိုယ်တိုင် လောကကြီးကို မငြင်းခုံပါဘူးတဲ့ လောကကြီးကသာ ငါ့ကို ငြင်းခုံနေပါတယ်တဲ့ ဒကာမကြီး...။



သူတော်ကောင်းတရားများကို လွယ်ကူစွာ သိမြင်နိုင်ပါစေ...။
မိမိကိုယ်ကိုမိမိ ကာကွယ်နိုင်ပါစေ...။

ဦးလောကနာထ
၎.၂၃.၂၀၀၉

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP