* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 3, 2009

ဖောက်ပြန်ခြင်းသို့ရောက်သည်... ဗျာပန္နသုတ် ...

ဗျာပန္နသုတ် (ဖောက်ပြန်ခြင်းသို့ရောက်သည်)

တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်-

ဒါယကာ စိတ် ပျက်စီးလျှင် ...
ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံသည်လည်း ပျက်စီး၏၊ မနောကံသည် လည်း ပျက်စီး၏၊ ကာယကံ ဝစီကံ မနောကံ ပျက်စီးသူအား ကောင်းသော သေ ခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။ ဒါယကာ အထွတ်တပ် သော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်သည်လည်း ပျက်စီး၏၊ အခြင် သည်လည်း ပျက်စီး၏၊ နံရံသည်လည်း ပျက်စီး၏၊

ဒါယကာ ...
ဤအတူပင်လျှင် -ပ- ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ စိတ်မပျက်စီးလျှင် ...
ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံ သည် လည်း မပျက်စီး၊ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေ ခြင်း ဖြစ်နိုင်၏။ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။ ဒါယကာ အထွတ်တပ် သော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်သည်လည်း မပျက်စီး၊ အခြင်တို့ သည်လည်း မပျက်စီး ကုန်၊ နံရံသည်လည်း မပျက်စီး။

ဒါယကာ ဤအတူပင်လျှင် စိတ်မပျက်စီးလျှင် ကာယကံ သည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံ သည်လည်း မပျက်စီး၊ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏'' ဟု (မိန့်တော်မူ၏)။111

၈ - ဗျာပန္နသုတ်၊ သမ္ဗောဓ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ဗုဒ္ဓဓမ္မ နှလုံးလှ
Labels: အင်္ဂုတ္တိုရ်ပါဠိတော်
Thursday, April 2, 2009

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP