*ကိုဝင်းမြင့်၏ သွန်သင်မှုများ (၆)*
၄၄: ညီက ဓားကို အသုံးချ တတ်သားပဲ..
6:08 PM me: ဘာဖြစ်လို့လဲအစ်ကို
၄၄: ဓားကို သွေးနေတဲ့သူဟာ ဓားကို အသုံးချတာပဲ ညီလေး...
6:09 PM me: အစ်ကို့ကျေးဇူးတွေပါ
၄၄: တစ်နည်း ပြောရရင် အကိုက ညီလေး ကို မီးခြစ်ကလေး ပေးထားတယ် မလား
me: ဟုတ်ကဲ့
၄၄: ဖြစ်ပျက်ရှုပါဆိုတာကို ကြံစည်မှု မီးခြစ်ကလေးပေါ့
အဲဒီ မီးခြစ်က ညီလေးရဲ့ သတိဆိုတဲ့ ဖယောင်းတိုင်ကို ထွန်းညှိပြီး
6:10 PM ညီလေးမှာ ဝိပဿနာဘာဝနာ အလင်းတွေ ဖြစ်သွားတာ
ညီလေးကိုယ်တွေ့ပါပဲ
me: ဟုတ်ကဲ့အကို
၄၄: ဒါက ချက်ချင်းရတဲ့ အကျိုး - အကာလိကော ပဲ ညီလေး
အသက်တစ်ရာ နေတာထက် ဖြစ်ပျက် တစ်ချက်မြင်တာက မြတ်တယ်လို့ အဠကထာ ဆရာတော်များက ဆိုထားတော့
6:11 PM ညီလေးက ကိုယ့်ကိုယ်ကို သုံးသပ်တွက်ဆကြည့်ပေါ့
me: အော် အကာလိကောဆိုတာ ညီ ခုမှသဘောပေါက်တော့တယ်
6:12 PM ၄၄: မြတ်စွာဘုရားရှင်ကို အမြတ်ဆုံးသော ပူဇော်ခြင်းနဲ့ ပူဇော်ခြင်းကို ညီပြုတာပဲ
ညီရေ .. ပြောရင် ရေးမကုန်ပါဘူး..
me: အစ်ကို့ကိုမေးဦးမလို့
၄၄: မေး ညီလေး
me: အကာလိကောဆိုတာကိုပါ
6:13 PM ၄၄: အကာလိကော ဆိုတာက ဒီလို အစဉ်ကလေးနဲ့ ပြောပြမယ်
me: ဟုတ်
၄၄: အနိစ္စစိတ်က အနိစ္စလက္ခဏာက ကိုယ်တို့ မရှုလဲ ပြနေတာပဲ
me: လေးလေးစားစားမှတ်သားပါ့မယ်
6:14 PM ၄၄: အနိစ္စစိတ်က အနိစ္စလက္ခဏာပြတယ်
ခန္ဓာမှာ ထင်ရှားဖြစ်တဲ့ တရားတွေက ပျောက်ရတာပဲ
ခန္ဓာမှာ ဖြစ်တဲ့တရားက ပျက်ရတာပဲ
ဖြစ်တယ်ဆိုတာလည်း အကြောင်းအရင်းမရှိဘဲ အလိုလို ဖြစ်တာမဟုတ်
6:15 PM ရုပ်ဆိုရင် ကံ စိတ် ဥတု အဟာရ က ပြုပြင်လို့ ဖြစ်တယ်
နာမ်ဆိုရင် အာရုံ(၆)ပါးနဲ့ ဒွါရ၆ ခုတိုက်ပြီး ဖြစ်တယ်
me: ဟုတ်ညီ နာပြီးပြီးအကို
၄၄: ဒါကြောင့် အလိုလိုလည်း မဖြစ်၊ အကြောင်းမဲ့ မဖြစ်
6:16 PM ဒါကို နားလည်ရင် အကို ပြောတော့မယ် -
me: ထပ်ပြောပေးပါဦး
၄၄: ဖြစ်ပျက်ဓမ္မက ဧဟိပဿိကော -- လာပါရှုပါလို့ ခေါ်တယ်
me: ဟုတ်
၄၄: သန္ဒိဋ္ဌိကောက ကိုယ့်ဉာဏ်ကလေး စိုက်ပြီး ကြည့်လိုက်တယ်
6:17 PM ဒီတော့ ပြတာက အနိစ္စ - မြင်တာက မဂ္ဂ ဖြစ်မသွားဘူးလား
me: ဖြစ်သွားတယ်အကို
၄၄: မဂ်ကုသိုလ် ဖြစ်မသွားဘူးလား
me: ဟုတ်
၄၄: ဒါကို အနိစ္စက ဧဟိပဿိကော
မြင်တာက သန္ဒိဋ္ဌိကော -
မဂ္ဂက ဘာဖြစ်မတုံး -
6:18 PM me: အကာလိကောလားအကို
၄၄: ဒါပေါ့ ကွ
မဂ္ဂက အကာလိကောပေါ့
ချက်ချင်း မြင်တာနဲ့ ကျေးဇူးပြုတာပဲ မလား
6:19 PM မဂ်ကုသိုလ်က မြင်တာနဲ့ ဖြစ်တယ်
me: ဟုတ်ကဲ့အကို
၄၄: မီးခြစ်နဲ့ ဖယောင်းတိုင်ကို ထွန်းညှိ လိုက်
ဘာဖြစ်တုံး
6:20 PM me: အကာလိကောပဲ
၄၄: အဲ မီးအလင်းဖြစ်လာတယ်
ဖယောင်းတိုင်က ခန္ဓာ -
6:21 PM ထွန်းညှိတာက သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ ကြည့်လိုက်တာပဲ
အလင်း ဆိုတဲ့ မဂ် လောင်စာ ဖြစ်သွားတယ်
6:22 PM အဲဒီလောင်စာက နိဗ္ဗာန်ကို သွားတဲ့ မဂ်ဆိုတဲ့ ယာဉ်မှာသုံးတဲ့ လောင်စာပဲ ညီလေး
me: ဂတ်စ်မကုန်အောင်တော့ သတိထားရမှာပေါ့နော်အကို
၄၄: ဂတ်စ်က မသေမချင်း မကုန်ဘူး
me: ညီမရှင်းဘူး
6:23 PM ၄၄: မသေပေမဲ့ မေ့လျော့နေတဲ့ အချိန်မှာတော့ ဂတ်စ် ကုန်တာပဲ
me: ဟုတ်ကဲ့
၄၄: မီးခြစ်မှာ မှ ဂတ်စ်ပါတယ် လေ ညီလေး
မီးခြစ်နဲ့ ထွန်းညှိလိုက်တယ်ဆိုတာက သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ ကြည့်တာ လေ
6:24 PM အဲဒီထွန်းညှိမဲ့ မီးခြစ်မှာ ဂတ်စ် အိပ်နေ ရင် ထွက်နေတာပဲ
မအိပ်ရင် ဂတ်စ်မထွက်ဘူး..
6:25 PM ဒါကြောင့် ဂတ်စ်ကုန်နေတာသည် အိပ်နေတဲ့ အချိန်
မေ့လျော့ပြီး ခန္ဓာကို ဉာဏ်မစိုက်တဲ့ အချိန်ပဲ
ဒါတွေ ထားလိုက်ပါ...
6:26 PM အခု ညီ အနိစ္စက ဧဟိပဿိကော
မြင်တာက သန္ဒိဋ္ဌိကော -
မဂ္ဂက ဘာဖြစ်မတုံး -
ဆိုတာကိုသာ ယူထား
me: ဟုတ်ကဲ့
၄၄: မဂ္ဂ က အကာလိကောပဲ
မဂ် ကုသိုလ် ပဲ
me: ဟုတ်
6:27 PM ၄၄: မဂ် ကုသိုလ် နဲ့မှ နိဗ္ဗာန်ကို ရောက်မှာ
တစ်ခြား လှူတဲ့ ကုသိုလ်နဲ့ က နိဗ္ဗာန်မရောက်ဘူး
me: ဟုတ်အကို
၄၄: ဒီတော့ မကွာဘူးလား
6:28 PM me: မနှိုင်းယှဉ်နိုင်အောင်ပါပဲ
၄၄: ကုသိုလ်မှာလည်း .. ဉာဏသမ္ပယုတ် နဲ့ ဉာဏဝိပယုတ် ဆိုတာ ရှိတယ်
6:29 PM ဉာဏ်ယှဉ်တွဲလျက် နဲ့ ဉာဏ်မယှဉ်တွဲဘဲ ပြုတဲ့ ကုသိုလ်
ဉာဏ်ယှဉ်တွဲလျက်မှာလည်း နှစ်မျိုးရှိတယ်
ထပ်မှတ်အုံး
me: အော် ညီသိထားတယ်အကို
၄၄: ကံကံ၏အကျိုးကို ယုံကြည့်တဲ့ ဉာဏ်နဲ့ လုပ်တဲ့ ကုသိုလ် နဲ့
6:30 PM me: မနေ့ကဖတ်ထားတာ
၄၄: ဒုက္ခသစ္စာကို မလိုချင်တဲ့ဉာဏ်နဲ့ လုပ်တဲ့ ကုသိုလ် ဆိုပြီးတော့ နှစ်မျိုး
me: ဟုတ်ကဲ့
6:31 PM ၄၄: ကမ္မဿကတဉာဏ်နဲ့ ယှဉ်တဲ့ ကုသိုလ် နဲ့ မဂ်ဉာဏ်နဲ့ ယှဉ်တဲ့ ကုသိုလ်ပေါ့
ပိုပြီး လေးနက်သွားပြီဆိုတာ သဘောပေါက်ပြီလား
me: ဟုတ်ကဲ့
၄၄: မိရိုးဖလာဗုဒ္ဓဘာသာတွေ လုပ်တဲ့ ကုသိုလ်က ကမ္မဿကတဉာဏ်နဲ့ ယှဉ်တဲ့ ကုသိုလ်
6:32 PM me: အဲဒီလောက်ကြီးကျယ်သွားမှန်း ညီမထင်ထားဘူး
၄၄: ထိုထက် အဆင့်မြင့်တဲ့သူတွေ လုပ်တဲ့ ကုသိုလ်က မဂ်ဉာဏ်နဲ့ ယှဉ်တဲ့ ကုသိုလ်
me: အကိုပြောမှပဲ
6:33 PM ညီသဘောပေါက်တာ
၄၄: ဉာဏ်မယှဉ်ဘဲ လုပ်တဲ့ ကုသိုလ်ကတော့ သနားလို့ လှူတယ်.. လှူချင်လို့ လှူလိုက်တာ... ကံကံ၏အကျိုးကိုတော့ သူက မသိဘူး
ဒါမျိုးတွေလည်း ရှိတာပဲ..
me: ဟုတ်
6:34 PM ၄၄: လှူတဲ့ ကုသိုလ်ကတော့ ကုသိုလ်ကံ၏ အကျိုးကို ရတာပဲ
သို့သော် သူ့မှာ ဉာဏ်မဲ့တဲ့အတွက် အားနည်းတယ်
ဉာဏ်ပါ ရင် အားကြီးတယ်
ဉာဏ်မှာလည်း ခုနားက ပြောတဲ့ နှစ်မျိုးဆိုတော့
ဉာဏ်ပါချင်းအတူတူ အားနည်းတဲ့ဉာဏ်နဲ့ အားကြီးတဲ့ဉာဏ်ဆိုပြီးတော့ ကွာသွားပြန်ရော
6:35 PM ညီလေးကို အကိုက ခေါင် ကို ပစ်ခိုင်းနေတာ..
ခေါင်ထိ အကုန်စားပဲ ညီလေး
6:36 PM ခေါင်ကို ခေါင်မှန်း မသိတာကတော့ ကုသိုလ်ကံအားနည်းလို့ ဉာဏ်အားနည်းပြီး မသိကြတာလို့မှတ်
အတန်းထဲမှာ စာတော့ အတူတူသင်ကြတာပဲ.. နားလည်ခံယူချင်းက တူမှမတူကြတာကိုး
6:37 PM me: ဟုတ်ကဲ့
၄၄: ဂုဏ်ယူပြီး လုပ်စမ်းပါလို့ ထပ်မံတိုက်တွန်းပါတယ်
6:38 PM ဂုဏ်ယူစေချင်လို့တော့ ပြောတာမဟုတ်ပါ....အရှိသဘောကို ခွဲခြားပြာတာပါ..
me: ညီ ကြိုးစားပါ့မယ်အကို
၄၄: သံပုရာသီက သူ့ဟာသူပဲ ချဉ်ပါတယ်.. အကိုပြောမှ ချဉ်သွားတာ မဟုတ်ပါ..
me: ညီနားလည်ပါတယ်အကို
၄၄: အကိုမပြောလို့ စားကြည့်တဲ့သူမှာတော့ ချဉ်တဲ့အရသာကို ခံစားရမှာပဲ
me: ဟုတ်
6:39 PM ၄၄: အေး ညီလေး လုပ်လုပ်
ကြိုးစားပြီးသာလုပ်
ဖြစ်ကို ဖြစ်ပါတယ်
me: ဟုတ်ကဲ့ပါ
၄၄: အကို့ရှေ့မှာ အောင်မြင်တဲ့သူ တွေရှိပါတယ် ညီလေး
ညီလေးက ပထမ မဟုတ်ပါဘူး
အကို့သူငယ်ချင်း နှစ်ယောက်ရှိတယ်
6:40 PM me: ညီလေးက ရွက်သစ်ပေါ့အကို
၄၄: သူတို့ကို တရားက အများကြီး ပြောင်းလဲပစ်လိုက်ပြီ
me: ဟုတ်
၄၄: ကိုယ်တွေ့နဲ့ ပြောရရင်တော့ အကိုပေါ့ညီလေး
အကို့ကို တရားက အများကြီး ပြောင်းလဲပေးပါတယ်
6:41 PM အဲဒါက အကာလိကောရဲ့ အစွမ်းပေါ့ ညီလေး
ညီက အောင်မြင်မှာပါ..
ညီ့မှာက အားကောင်းတဲ့အချက်တွေ အများကြီး အကိုတွေ့ရတယ်
ညီ့ကို တစ်ခုမှာမယ်
6:42 PM me: ညီလည်းပြောင်းလဲလာတယ်လို့ ကိုယ့်ကိုယ်ကိုခံစားမိပါတယ်
၄၄: အကိုတစ်ခုမြင်တာပေါ့လေ
လောမကြီးနဲ့
me: ဟုတ်မှာပါ
ဟုတ်
၄၄: မှန်မှန်ကလေးနှလုံးသွင်းပါ
me: ညီကလောကြီးတာ အကျင့်ပါနေတယ်အကို
၄၄: ရမှာတော့ အမှန်..လောမကြီးနဲ့
အဲ.. အကိုသိတယ်
6:43 PM အကိုက ညီကို ဒီအတိုင်း ပစ်မထားပါဘူး
အကို့မှာ ဉာဏ်ရှိပါတယ်... ညီလေးကို တည့်မတ်ပေးဖို့
အကိုကြီးကြီးကျယ်ကျယ် ပြောတာမဟုတ်ပါ.. အကို့တာဝန်တစ်ခုပါ ညီလေး
6:44 PM လော မကြီး နဲ့ နော်
me: ဟုတ်ကဲ့
၄၄: ဖြစ်ပျက် ရှုတာကို နားနားပြီး ရှုဖို့ ပြောတာမဟုတ်ဘူး နော်
ဖြစ်ပျက်ရှုတဲ့အခါ လောမကြီးဖို့ကို ပြောတာ
me: ညီကလည်းကြိုးစားဖို့လိုတယ်လို့ခံယူထားပါတယ်
၄၄: ဆင်ခြင်တဲ့ဉာဏ်နဲ့ပဲ မှန်မှန်ကလေး ဆင်ခြင်သွား
6:45 PM me: ဟုတ်ကဲ့
၄၄: ဉာဏ်က သူ့ဟာသူတက်လာလိမ့်မယ်
ရှုတဲ့အခါ ဖြစ်ပျက်နဲ့ ဉာဏ်ပဲ ရှိတယ်
ဒါကြောင့် ညီဆိုတာ မရှိတော့ဘူး
me: ဟုတ်
6:46 PM ညီလည်းအဲလိုနှလုံးသွင်းပါတယ်
၄၄: အေးအေး ညီလေး
me: တခါတလေတော့မရဘူး
၄၄: ဒါက သဘာဝပဲ
မရတာကို လုပ်ရင်း ရသွားလိမ့်မယ်
6:47 PM me: ဟုတ်ကဲ့
6:49 PM တခါတလေဆို ကိလေသာတွေ တအားကြားခိုတာ အကို။ အဲဒီအချိန်ဆို အကိုနဲ့ ပြောထားတာလေးတွေ ပြန်ပြန်ဖတ်နေရတယ်
၄၄: ခိုတဲ့ ကိလေသာ က ဖြစ်ပျက်ပဲ ညီလေး
6:50 PM ခိုတဲ့ ကိလေသာ ဖြစ်ပျက်ကို ရှု
me: ဟုတ်ကဲ့
၄၄: အဲဒီ ကိလေသာက ညီကို မဂ်ဆိုက်အောင် ပို့လိမ့်မယ်
me: အဲဒီအချိန်ဆိုတအားခံရခက်တာ
၄၄: ကိလေသာပဲ လို့ စိတ်မပျက်နဲ့
me: ဟုတ်
6:51 PM ၄၄: ညီက ကိလေသာတို့ ဘာတို့ ခွဲနေတာကိုး
ညီက ကိလေသာပဲလို့ နှလုံးသွင်းလိုက်လို့ ခက်သွားတာ
me: အော် ဟုတ်
၄၄: ညီအလုပ်က ကောင်းမကောင်း ဝေစု ခွဲရမှာမဟုတ်
ဖြစ်ပြီးပျက်တဲ့ တရားလား ကြည့်ရမှာ
6:52 PM me: ညီတဖြေးဖြေး နားလည်လာပြီအကို
မေ့မေ့နေတယ်
၄၄: အေးအေး
ထင်ရှားလာတဲ့ တရားရဲ့ သဘော... သဘာဝ လက္ခဏာ လေးကိုပဲ ညီက သုံးသပ်
6:53 PM me: ဟုတ်ကဲ့ပါအကို
၄၄: ကိလေသာတို့ မကိလေသာတို့ကို ခွဲခြားဖို့ မဟုတ်ပါ
me: ဟုတ်ကဲ့ပါ
၄၄: ခွဲခြားနေရင် ပညတ်အသွားပေါ်သွားတာပေါ့
6:54 PM သဘောကို မြင်မှ ပရမတ်ဆိုက်မှာ ကိုး
me: သိရက်သားနဲ့ကိုမေ့မေ့သွားတာ
၄၄: အေးအေး
အကို သွားတော့မယ် နော်
ထမင်းသွားချက်လိုက်အုံးမယ်
me: အော် ဟုတ်ဟုတ် အကို
6:55 PM ၄၄: အောင်မြင်ပါစေ ညီလေး
me: လေးစားလျက်ပါ
၄၄: လေးစားပါတယ် ညီလေး
***************************************
လေးစားရိုသေစွာဖြင့်
ဖိုးသား
4/2/2009, THUR:, 10:27:03 PM

0 comments:
Post a Comment