* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 3, 2009

မနှိုင်းယှဉ်နိုင်သော... အပ္ပမေယျသုတ်...

အပ္ပမေယျသုတ် - (မနှိုင်းယှဉ်ရာသော)

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။

အဘယ် သုံးမျိုး တို့နည်းဟူမူ-

၁... နှိုင်းရှည့်ရန် လွယ်ကူသော ပုဂ္ဂိုလ် လည်းကောင်း၊
၂... နှိုင်းရှည့်ရန် ခက်သော ပုဂ္ဂိုလ် လည်းကောင်း၊
၃... မနှိုင်းရှည့်နိုင်သော ပုဂ္ဂိုလ် လည်းကောင်းတို့တည်း။

၁...
ရဟန်းတို့ နှိုင်းရှည့်ရန် လွယ်ကူသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စိတ်ပျံ့လွင့်၏၊ ကျူပင်ကဲ့သို့ အချည်းနှီး တက်ကြွ၏၊ လျှပ်ပေါ်၏၊ နှုတ်ကြမ်း၏၊ ပြန့်ကျဲသော စကားရှိ၏၊ သတိ လွတ်ကင်း၏၊ ဆင်ခြင်ဉာဏ် မရှိ၊ မတည်ကြည်၊ တုန်လှုပ်သော စိတ်ရှိ၏၊ ပေါ်လွင် သော ဣနြေ္ဒရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှိုင်းရှည့်ရန် လွယ်ကူသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

၂...
ရဟန်းတို့ နှိုင်းရှည့်ရန် ခက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စိတ်မပျံ့လွင့်၊ ကျူပင်ကဲ့သို့ အချည်းနှီး မတက်ကြွ၊ လျှပ်ပေါ်ခြင်း မရှိ၊ နှုတ်မကြမ်းတမ်း၊ ပြန့်ကျဲသော စကားမရှိ၊ ထင်သော သတိ ရှိ၏၊ ဆင်ခြင်ဉာဏ် ရှိ၏၊ တည်ကြည်၏၊ တည်ကြည် သောစိတ် ရှိ၏၊ စောင့်စည်းအပ်သော ဣနြေ္ဒရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှိုင်းရှည့် ရန် ခက်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

၃...
ရဟန်းတို့ မနှိုင်းရှည့်နိုင်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိလေသာတို့မှ ကင်းဝေး၏၊ အာသ ဝေါ ကုန်ပြီးဖြစ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မနှိုင်းရှည့်နိုင်သော ပုဂ္ဂိုလ်ဟု ဆိုအပ် ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ ဟု မိန့်တော် မူ၏။116

၃ - အပ္ပမေယျသုတ်၊ အာပါယိက၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP