* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 3, 2009

ဓနုဂ္ဂဟသုတ်- မြှားပစ်သမား ...

ဓနုဂ္ဂဟသုတ်- (လေးသမား)

သာဝတ္ထိနိဒါန်း...

ရဟန်းတို့ ဥပမာသော်ကား ခိုင်ခံ့သောလေးရှိကုန်သော ကောင်းစွာ သင်ကြားပြီး၍ လက်ကျင့်ရပြီး ကုန်သော ပွဲဝင်ပြီးသော လေးအတတ်ရှိကုန်သော လေးသမား လေးယောက်တို့သည် အရပ်လေးမျက်နှာ၌ တည်ကုန်ရာ၏၊ ထိုအခါ၌ ယောက်ျား သည် ''ခိုင်ခံ့သော လေးရှိကုန်သော ကောင်းစွာသင်ကြားပြီး၍ လက်ကျင့်ရပြီးကုန် သော ပွဲဝင်ပြီးသော လေးအတတ် ရှိကုန်သော လေးသမား လေးယောက်တို့၏ အရပ်လေးမျက်နှာသို့ ပစ်အပ်သော မြားတို့ကို မြေသို့ မကျမီ ယူဆောင်အံ့'' ဟု ဆိုရာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊
''လျင်မြန်သော ယောက်ျား၊ အလွန် လျင်မြန်ခြင်းနှင့် ပြည့်စုံသော ယောက်ျား'' ဟု ဆိုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ခိုင်ခံ့သော လေးရှိသော ကောင်းစွာ သင်ကြားပြီး၍ လက်ကျင့်ရပြီး သော ပွဲဝင်ပြီးသော လေးအတတ်ရှိသော လေးသမားတစ်ယောက်၏ ပစ်အပ် သော မြားတို့ကို မြေသို့ မကျမီ ယူဆောင်နိုင်ခဲ့မူ ''လျင်မြန်သော ယောက်ျား၊ အလွန်လျင်မြန်ခြင်းနှင့် ပြည့်စုံသောယောက်ျား''ဟု ဆိုခြင်းငှါသင့်ပါ၏။ ခိုင်ခံ့သော လေးရှိကုန်သော ကောင်းစွာ သင်ကြားပြီး၍ လက်ကျင့်ရပြီးကုန်သော ပွဲဝင်ပြီး သော လေးအတတ်ရှိကုန်သော လေးသမားလေးယောက်တို့၏ အရပ်လေးမျက် နှာသို့ ပစ်အပ်သောမြားတို့ကို မြေသို့ မကျမီ ယူဆောင်နိုင်ရာ၌ကား အဘယ်ဆို ဖွယ်ရာ ရှိတော့အံ့နည်း ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ...
ထိုမြားဖမ်းသော ယောက်ျား၏ လျင်မြန်ခြင်းထက် လနေတို့၏ လျင်မြန်ခြင်းက ပို၍ လျင်မြန်၏၊ လနေတို့၏ လျင်မြန်ခြင်းထက် လနေတို့၏ ရှေ့မှ ပြေးသွားသော နတ်တို့၏ လျင်မြန်ခြင်းက ပို၍ လျင်မြန်၏၊ ထိုနတ်တို့၏ လျင်မြန် ခြင်းထက် အလွန်လျင်မြန်စွာ အသက်တို့သည် ကုန်ဆုံးကြရကုန်၏၊

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌...
ငါတို့သည် ''မမေ့မလျော့ကုန်သည် ဖြစ်၍ နေကုန်အံ့'' ဟု
ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။

၆ - ဓနုဂ္ဂဟသုတ်၊ သြပမ္မသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP