* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 14, 2012

သမိုင်း၏တရားခံ အခန်း(၂) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)

ချစ်ဖို့လော့၊ နှစ်ဖို့လော့
မဟနအစိုးရအဖွဲ့အတွင်းသို့ ဝင်သည့်ဆရာတော်များကလည်း ရည်ရွယ်ချက်အမျိုးမျိုး
ဖြင့် ဝင်ရောက်ကြသည့် ဆရာတော်များ ဖြစ်ကြလေသည်။ အချို့က နာမည်ကြီးချင်၍ အချို့က အထင်ကြီးခံချင်၍ အချို့က ဘုန်းကံကြီးချင် လာဘ်ပေါများချင်၊ စည်းစိမ်ခံချင်၊ ဇိမ်ယစ်ချင်၍၊
အချို့က အလှည့်ကျ၍၊ အချို့က စီးပွားရေးတွက်ခြေကိုက်၍၊ အချို့က ဗိုလ်ကျစိုးမိုးချင်၍ ဖြစ်လေသည်။
သာသနာကို တကယ်ချစ်၍သာသနာအတွက် တကယ်အလုပ်လုပ်ချင်၍၊
သာသနာအတွက် အလုပ်လုပ်ရာ၌ လုပ်ပိုင်ခွင့်ရလို၍ ဝင်ကြသည့် ဆရာတော်များလည်း ရှိပါသည်။

မင်းကွန်းဆရာတော်ကြီးတို့လို အမှန်တကယ်ဖြူစင်သည့် ဆရာတော်ကြီးများ ဖြစ်၏။
ထိုသို့သော ဆရာတော်ကြီးများမှာ အနည်းငယ်မျှသာ ဖြစ်ပါသည်။ ဆယ်ပါးတစ်ပါးခန့်သာ ရှိပါသည်။ ဆယ်ရာခိုင်နှုန်း(၁၀%)ထက်မပိုပါ။ ကိုယ်ကျိုးအတွက်ဝင်လာသော ဆရာတော်များသည်
သာသနာပြုမည်လော၊ ဖျက်မည်လော၊
အတ္တသမား များစွာကို အနည်းငယ်မျှသာပရဝါဒီဆရာတော်ကြီးများက တားမြစ်နိုင်ပါမည်လော၊ထိန်းကွပ်နိုင်ပါမည်လော၊
ဆန္ဒမဲဖြင့် ဆုံးဖြတ်သည့်နေရာမျိုး၌ အတ္တသမားများက အနိုင်ရရှိသွားခြင်း၊လွှမ်းမိုးသွားခြင်းတို့ကများပါသည်။

အချို့ အရည်အချင်းရှိ၍ ရွေးကောက်တင်မြှောက်ခြင်းခရသူများရှိသလို၊

အချို့ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့ လာဘ်ပေး၍ ဝင်ရောက်ခဲ့ကြသူများလည်း ရှိလေသည်။ မဟနအဖွဲ့သို့ဝင်ဖို့ မန္တလေးတိုင်း၊မြို့နယ်တစ်ခု ဆရာတော်ကြီးတစ်ပါးက ငွေ(၁၀)သိန်း အကုန်အကျခံ လာဘ်ထိုးကြောင်း၊ (၁)နှစ်တည်းနှင့် အရင်းကျေသည်ဟု ပြောကြောင်း၊
တိုင်းဥက္ကဌဆရာတော်ကြီးက မိန့်တော်မူလေသည်။
လာဘ်ပေးအရွေးခံသောဆရာတော်ကြီးကား သာသနာ့အာဇာနည်ပုဂ္ဂိုလ်မြတ်ကြီးပါတကား။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP