* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 11, 2012

ညစာမစားဖြစ်တဲ့ အိပ်မက်များ

အလည်လွန်သော အိပ်မက်များ ညစာပြန်မစားခြင်းနှင့်ပတ်သက်၍ ကြေကွဲမည်ဆိုက ကြေကွဲနိုင်၏။
သို့သော်…….

ကျေးလက်ညနေချမ်းလေးတစ်ခု၌ သူမိတ်ဆွေ ကဗျာဆရာက ကဗျာလေးတစ်ပုဒ် ရေးစပ်ရွတ်ဆိုပေးခဲ့ ဖူးတယ်။ ခေါင်းပေါင်းစနှင့် ကျေးလက်သားကြီးများက မိတ်ဆွေရဲ့ စပ်ရှရှစကားလုံး (တချို့က မော်ဒန်၊ ပို့စ်မော်ဒန် စသဖြင့် သုံးကြပါတယ်။ ဟုတ် မဟုတ်တော့ မသိပါ) တွေကို နားလည်ကြသလား မသိဘူး။ လူငယ်တွေကတော့ ခံစားလို့ရတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာတော့ လုပ်ဖြစ်လိုက်ကြတာပါပဲ။

မိုးပေါ်ပျံတက်သွားတဲ့ မိုးပျံပူပေါင်းတစ်လုံးကို မြင်ဖူးကြပါသလား။ ကျွန်တော့် မိတ်ဆွေဟာ အဲဒီ မိုးပျံပူပေါင်းတစ်လုံးပါလို့ သူစတင်ရွတ်ဆိုလိုက်တယ်။

ဟုတ်ပါတယ်။ အလည်လွန်တဲ့ အိပ်မက်တစ်ချို့ ညစာပြန်မစားဖြစ်ကြတာဟာ အဲဒီမိုးပျံပူပေါင်းဆီကို ရောက်နေကြလို့ပါ။

သူ့ဆီကို ရောက်ရောက်လာတဲ့ အိမ်ခြံမြေရောင်းဝယ်ရေး ကြော်ငြာတွေဟာ မိုးပျံပူပေါင်းလေးနဲ့ ဘာမှမဆိုင်ပါဘူး။ သူနဲ့ဆိုင်တာက သူ့ရဲ့ အရေခွံပါးပါးလေးတစ်ခုပါ။ အဲဒီ အရေခွံဟာ အိမ်တစ်လုံး ဆိုရင်တော့ သူ့မှာလည်းအိမ်ရှိပါတယ်။ ဒါပေမယ့် ဒီအိမ်မှာ ဈေးကွက်သဘောတရားတွေ ဘာတွေ တော့ မရှိပါဘူး။ အဲ- မိုးပျံပူပေါင်းတစ်လုံးမှာ အကြောင်းညီညွတ်ရင် ကြိုးတစ်ချောင်းလည်း ရှိနေနိုင် တာပေါ့။ ဒီကြိုးကရော အိမ်၊ခြံ၊မြေလား။ မဟုတ်နိုင်ပါဘူး။

ရှုမှတ်ပွါးများတတ်တဲ့ ယောဂီတစ်ယောက်အတွက်ဆိုရင်တော့ အဲဒီမိုးပျံပူပေါင်း လေးကိုကြည့်ပြီး အနိစ္စတရားတွေ ထပ်တလဲလဲ စီးဖြန်းလို့ရနိုင်တာပေါ့။ သူ့ဘဝနဲ့ လေဟာပြင်ကို စည်းခြားထားတာ ဆိုလို့ အဲဒီအရေခွံပါးပါးလေးပဲ ရှိတာမဟုတ်လား။ ဒီထက် အနတ္တဆန်တဲ့ သဘောတရား ဘယ်မှာ ရှာကြဦးမှာလဲ။

ဘာမှမရှိခြင်းတွေနဲ့ ဖောင်းကားနေတဲ့ သူ့ရင်ဘတ်ကရော ဘာတွေသိမ်းဆည်း နိုင်မလဲ။ ဒါတွေမသိ ပေမယ့် ဘာမှမသိခြင်းတွေဖောင်းကားလာတာနှင့်အမျှသူဟာ ပိုလို့ပေါ့ပါး လာပါတယ်။ ပေါ့ပါးခြင်း ဆိုတာ အမြင့်ကိုရောက်ခြင်းရဲ့ အကြောင်းတရားလား။ ဟုတ်ကောင်း ဟုတ်နိုင်ပါတယ်။ ဒါပေမယ့် ဖောင်းကားလာတာနဲ့အမျှ လွင့်စင်ပေါက်ကွဲဖို့လည်း နီးစပ်လာပါတယ်။

တစ်နေ့ မိတ်ဆွေတွေနဲ့ ပြန်တွေ့တော့-
အခု “ ” နဲ့ အတူနေတာလားလို့ မေးကြတယ်။
ဘယ်သူမှ မရှိတော့လည်း သူ့ကိုပဲလူလုပ်ပြီး ပေါင်းနေရတာပေါ့လို့ပြောတော့ ကဗျာဆရာက တဟားဟားရယ်တယ်။ သူငယ်ချင်းတွေက လက်ဆောင်တွေ ထုတ်ပေးတော့-

ကိုယ့်ထက်နွမ်းပါးတဲ့ သူ့ကိုပဲ ပေးထားခဲ့ပါလို့ ပြောမိတော့ သူစိတ်မထိန်းနိုင်တော့ပဲ လက်သီးနဲ့ ထိုးတယ်။ ဒါပေမယ့် မိုးပျံပူပေါင်းပေါက်မှာစိုးလို့နေမှာပေါ့ ကဗျာဆရာရဲ့လက်က သိပ်မပြင်းပါဘူး။ ကဗျာဆရာဆိုတာ ကောက်နေတာကိုသာ ဖြောင့်ပေးတတ်ပြီး လက်သီး ပြင်းပြင်းတွေ မွေးမြူမထား တတ်ပါဘူး။

ကိုယ့်လူ ကျူရှင်ထဲက ဟိုကောင်မလေးကို ကြိုက်တယ်တဲ့။ ချစ်ဆိုတဲ့စကား ပြောရမှာရှက်တဲ့ ကဗျာဆရာကိုကြည့်ရင်း ရယ်မိပြန်ရော။ ခပ်လှလှစကားလုံးတွေ တမင်ရှာသုံးတတ်တဲ့ ကဗျာဆရာက ချစ်ကိုတော့လျှာမရဲဘူးတဲ့။ မိန်းကလေးတစ်ယောက်ကို ရည်ညွှန်းနေလို့တဲ့။

မှတ်မှတ်ရရ သူရွေးပေးတဲ့ ကလောင်နာမည်လေးနဲ့ စာတော်တော် ရေးဖြစ်ခဲ့ သေးတယ်။ သူဒီတစ်ခါ ပေးတဲ့နာမည်က မိုးပျံပူပေါင်းတော့ မဟုတ်တော့ဘူး။ ဒါပေမယ့် စိတ်ထဲမှာစွဲနေတာကတော့ အဲဒီ မိုးပျံ ပူပေါင်းလေးပါပဲ။ အမြင့်တက်ခြင်းတွေ ဘာတွေနဲ့ မဆိုင်ပါဘူး။ ထိရှလွယ်တဲ့အဓိပ္ပါယ် ဆောင်နေတာ လေးကို သတိရတာပါ။



ဒါ့ကြောင့် အိပ်မက်တွေဟာ အိမ်ပြန်နောက်ကျခဲ့ရတာပါ။

အထီးကျန်လွင့်မျောနေတဲ့ ပေါ့ပေါ့ပါးပါးဝမ်းဗိုက်တစ်ခုဟာ တစ်ခါတစ်ခါတော့ တစ်ခုခု၊ တစ်စုံတစ်ရာ၊ တစ်ယောက်ယောက်၊ တစ်နေရာရာကို သတိရတာမျိုးတော့ ရှိတာပေါ့။ ဒါကလည်း လေးလေးလံလံ တော့ မဟုတ်နိုင်ပါဘူး။
ဒီထက်ကြီးလေးတဲ့ ကိစ္စက အနတ္တလွင်ပြင်မှာ ပေါက်ကွဲလွင့်စင်လာဦးမယ့် သူ့အရေခွံ ပါးပါးလေး အကြောင်းပါ။ လွင့်စင်ပေါက်ကွဲခြင်းကို ရှောင်လို့မရဘူးဆိုတာ သိနေတယ်။ လွင့်စင်သွားတော့လည်း မိုးပျံပူပေါင်းလေးက လေဟာပြင်နဲ့တသားတည်း ဖြစ်သွားပြီး သူ့အရေခွံဟောင်းနဲ့ ချည်ထားတဲ့ ကြိုးတစ်ချောင်း (ရှိနေသေးရင်ပေါ့) ဟာလေးကန်တဲ့ ခြေလှမ်းတွေနဲ့ မြေပြင်ကိုပြန်ဆင်း သွားကြ မှာပေါ့။

အဲဒီအခါမှာ မိုးပျံပူပေါင်းဆိုတာ ဘယ်ဟာလဲလို့ ပြောလို့မရတော့ဘူး။ ဘယ်မှာလဲလို့ လည်းရှာမရ တော့ဘူး။ အဲဒီကဗျာဆရာကိုယ်တိုင် တွေဝေသွားမယ့် အိမ်မက်ရှည်ဆီ ခြေဆန့်နေမိတယ်။

ဒါနဲ့ပဲ ညနေစာနဲ့လည်း လွဲခဲ့ရပေါ့။





ဇင်ဝေသော်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP