* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 11, 2012

ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ


လူသုံးမျိုး

လူဆိုတာ အသိဥာဏ်ကို အကြောင်းပြုပြီး သုံးမျိုးရှိပါတယ်။
(၁) ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံး မရှိတဲ့အတွက် ကုသိုလ်မရ ၀မ်းမ၀တဲ့ လူ
(၂) ပစ္စည်းရှာနိုင်တဲ့ ပညာသာရှိပြီး တရားရှာတတ်တဲ့ ပညာမရှိတဲ့အတွက်ကြောင့် ကုသို်လ်မရ ၀မ်းသာဝတဲ့ လူ။
(၃) ပညာနှစ်မျိုးလုံးရှိတဲ့အတွက်ကြောင့် နှစ်မျိုးလုံးရအောင် ရှာနိုင်တဲ့အတွက် ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ

ဘုရားလက်ထက်က ဗာရာဏသီမြို့မှာ မဟာဓန သူဌေးဇနီးမောင်နှံ နှစ်ယောက်ရှိပါတယ်။ နှစ်ဖက်သော မိဘထံက ကုဋေ (၁၆၀)တောင် အမွေရထားတယ်။ ပစ္စည်းကြွယ်ဝလွန်းတော့ မြန်မာလို ကိုကြွယ်ပေါနဲ့ မကြွယ်ဌေးလို့ ခေါ်ရမှာပေါ့။ အတိတ်ကံက ပေးလိုက်တဲ့ အမွေကလဲ အံ့သြစရာပဲ။ လူ့ဘောင်မှာ ဥာဏ်ဝီရိယမှန်မှန် ထိန်းသိမ်းကြိုးစားနိုင်ရင် မြို့ရဲ့ မျက်နှာဖုံး ပထမတန်းစား သူဌေးဖြစ်နိုင်လောက်ပါသတဲ့။ တကယ်လို့ အချိန်မီ ဥာဏ်ဝီရိယစိုက်ပြီး တရားအလုပ် အားထုတ်နိုင်ရင် ကိုကြွယ်ပေါက ရဟန္တာဖြစ်နိုင်သတဲ့။ မကြွယ်ဋ္ဌေးက အနာဂါမ်ဖြစ်နိုင်သတဲ့။ တောက်မယ့်မီးခဲ ရဲရဲတွေလို့ ဆိုရမှာပေါ့။

ဒါပေမယ့် အထင်မကြီးလိုက်ပါနဲ့။ ရှိတိုင်းချမ်းသာတာ မဟုတ်ဘူး။ တောက်မဲ့မီးခဲဟာ အချိန်မီ မှုတ်မပေးရင် မီးငြိမ်းသွားတတ်သလို ပြာကျသွားတတ် သလိုပဲ လူဟာလဲ ကံအမွေ ပစ္စည်းအမွေတွေ ရထားပေမယ့် ဥာဏ်ဝီရိယနဲ့ အချိန်မီ မှုတ်မပေးနိုင်ရင် မီးငြိမ်းပြာကျပြီး အလကားလူ ဖြစ်သွားတတ်ပါတယ်။ သူတို့ မိဘတွေက ကိုယ့်သားသမီးကို အချစ်လွဲပြီး မခွဲနိုင်လို့ ပညာအမွေမပေးခဲ့ကြဘူး။ သူတို့နှစ်ယောက် ငယ်ငယ်က ပညာ မသင်ခဲ့ကြရဘူး။ ပစ္စည်းကို ထိန်းနိုင်တဲ့ ပညာလဲမရှိ ဘ၀ကိုထိန်းနိုင်တဲ့ အသိလဲ ကင်းနေကြတော့ အကန်းဇနီးမောင်နှံလို့ ဆိုစရာ ဖြစ်တာပေါ့။

သူတို့မိဘတွေ မရှိကြတဲ့အခါ သူတို့ရဲ့ အခြေအနေကို ပတ်ဝန်းကျင်က အားလုံးသိကြတော့ အရက်သမားတွေ လူလိမ် လူညာတွေရဲ့ လှည့်ဖြားလိမ်ညာမှုကြောင့် ပစ္စည်း ကုဋေ(၁၆၀)ရော အိမ်ကြီး နှစ်လုံးရော အားလုံးကုန်ဆုံးသွားပါတယ်။ နောက်ဆုံးတော့ တစ်ယောက်လျှင်ခွက်တစ်လုံးစီ ကိုင်ပီး တောင်းစားရတဲ့ သူတောင်းစား ဇနီးမောင်နှံ ဖြစ်သွားပါတယ်။ ကုသိုလ်မရ ၀မ်းမ၀တဲ့ ဗလာ သုညဘ၀နဲ့ ပူလောင်စွာ နိဂုံးချုပ်ကြရရှာတယ်။ ပထမတန်းစား သူဋ္ဌေးဖြစ်ဖို့ အနာဂါမ် ရဟန္တာဖြစ်ဖို့ မပြောနဲ့ လူနဲ့တူအောင် တောင် နေမသွားရဘူး။ အမွေတွေ နှမြောစရာ ကောင်းလိုက်တာ၊ ပညာမရှိ တရားမသိရင် ဘ၀ဟာ သိပ်နစ်နာလွန်းပါတယ်။

ဒါကြောင့် မိဘများဟာ ကိုယ့်သားသမီး တကယ်ချစ်တဲ့ တယ်ဆိုရင်၊ ပစ္စည်းအမွေပေးရုံနဲ့ မပြီးသေးဘူး ပစ္စည်းနဲ့ ဘ၀ ကို ထိန်သိမ်း အသုံးချနိုင်မယ့် အတတ်ပညာနဲ့ တရားအသိအမွေပါ ပေးနိုင်မှ မိဘ ၀တ္တရားကျေမှာဖြစ်ပါတယ်။

ပညာဆိုတာ ကောင်းမှုစွမ်းအား ထုတ်လုပ်တဲ့ အခါ လိုအပ်တဲ့ အဆင့်ရောက်အောင် လမ်းညွန်ပေးတယ်။ မလိုအပ်ပဲ အပိုဖြုန်းတီးမှုမျိုးကိုလည်း တားဆီးပေးတယ်။ ပညာအလင်းရောင် ရှိသူဟာ ဘ၀အမြင်ကို ရှင်းနေအောင် ရှုမြင်သုံးသတ်တတ်ပါတယ်။့ ဒါကြောင့် ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံးရှိပြီး ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ အဖြစ် နေထိုင်ကြပါစို့လို့ တိုက်တွန်းရင်းး ညခင်း မှတ်သားထားရသမျှ မျှဝေလိုက်ပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP