* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 11, 2012

စိတ်ကူးယဉ်ကိုယ်ဝန်(၀ါ) လေဖျင်း

စိတ်ကူးယဉ်ကိုယ်ဝန်(၀ါ) လေဖျင်း။

မချွင်လေး(ပါရီ)

မေး။ ။ရေဖျင်း လေဖျင်း ဆိုတာ ဘာကြောင့်ဖြစ်ရတာပါလဲ.. ကုစားလို့ကောရနိုင်ပါသလား.. ကျေးဇူးပြုပြီးဖြေပေးပါ။ သောဓန။



ဖြေ။ ။ရေဖျင်းရဲ့အကြောင်းက အသဲအားနည်းလို့ ဗိုလ်ထဲမှာ ရေတွေ ၀င်လာပြီး ဗိုလ် တစ် ဖြေးဖြေး ဖေါင်းလာတာပါလို့ ဖြေခဲ့ ပါတယ်။ ဒါပေမဲ့ လေဖျင်း ဆိုတာ လေတွေ ဗိုလ်ထဲဝင်လာပြီး ဗိုလ်တစ်ဖြေးဖြေး ဖေါင်းလာတာကိုများ ပြောတာလား ဆိုပြီး ဆေးပညာမှာ ရှားရှားပါးပါး တွေ့ ရတက် တဲ့ pseudocyesis, [LINK=http://medical-dictionary.thefreedictionary.com/false+pregnancy]false pregnancy[/LINK], [LINK=http://medical-dictionary.thefreedictionary.com/pseudopregnancy]pseudopregnancy[/LINK], [LINK=http://medical-dictionary.thefreedictionary.com/spurious+pregnancy]spurious pregnancy[/LINK]. ဆိုတဲ့ စိတ်ကူးယဉ်ကိုယ်ဝန် (၀ါ) ကိုယ်ဝန်အတုကို သတိရ မိပြီး အဲ့ဒီ ရောဂါ အကြောင်း ဖေါ်ပြ လိုက်ပါတယ်။





ဒီရောဂါဟာ စိက်ကြောင့်ဖြစ်တာ များ ပြီး။ ဟော်မုန်းများ ကမောက်ကမ ဖြစ်ခြင်း (Hormonal dystrubances) ကြောင့်လည်း ဖြစ် နိုင်ပါတယ်။

ဒီရောဂါ ရဲ့ အရေးကြီးတဲ့လက္ခဏာတွေကတော့ ဗိုလ်ထဲမှာ ခလေး မရှိပဲ ကိုယ်ဝန် သယ် တစ်ယောက်လို ဗိုလ်တစ်ဖြေးဖြေး ဖေါင်းလာခြင်း ဓမ္မတာမလာခြင်း၊ ရင်သားများ ကြီးလာခြင်း၊ ပျို့ခြင်း၊ အံခြင်း၊ ကိုယ်အလေးချိန် တတ်လာခြင်းများ ဖြစ်ပါတယ်။ ဒီရောဂါကို 300 B.C. ကထဲ က ဆေးမုက်တမ်းများမှာ မုက်တမ်းတင် ထားပါတယ်။ များသောအားဖြင့် ခလေး အလွန်လိုချင် သော အမျိုးသမီးများနဲ့ကိုယ်ဝန် ဆောင် ရမှာ ကြောက်သော အမျိုးသမီးများတွင် တွေ့ရ တက် ပါတယ်။ ၁၈% မှာ ဆေးဝန်ထမ်းတွေ ကိုယ်တိုင်း ကိုယ်ဝန် အစစ်နဲ့ မှားကြပါတယ်။ ဒီရောဂါရဲ့ အရေးကြီး တဲ့အချက်က ရောဂါသယ်ဟာ မိမိမှာ ကိုယ်ဝန်ရှိ နေတယ်လို ယုံကြည်နေခြင်း ပဲဖြစ်ပါတယ်။

[B] [/B]

၆၀-၉၀ နှုန်းမှာ ဗိုလ် တစ်ဖြေးဖြေး ဖေါင်းလာပါတယ်။ မေ့ဆေးပေးလိုက်ရင် ဗိုလ်ဖေါင်းတာ ပျောက်သွားပါတယ်။ ဗိုလ်ဖေါင်းရတာက စိတ်ကြောင့် မိမိကိုယ်တိုင်မသိပဲ လေတွေမျိုချထား တာ ကြောင့် လေတွေအူထဲမှာ များလာလို့ပါ။ ဒါကြောင့်မေ့ဆေးပေးလိုက်တဲ့အခါ လေတွေ ထွက်သွား ပြီး ဗိုလ်အဖေါင်းလည်း ပျောက်သွားပါတယ်။

[B]၅၀-၉၀ နှုန်းမှာ ဓမ္မတာ မမှန်ခြင်း။ ၅၀-၇၅ နှုန်းမှာ ခလေးလှုပ်ရှားတဲ့ ခံစားမှုမျိုး ခံစားရ ခြင်း။ ၁ နှုန်းမှာ ခလေးမွေးတဲ့ခံစား မူ့မျိုး ခံစားရခြင်းများတွေ့ရပါတယ်။ ဒီလက္ခဏာအားလုံးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖြစ်ပေါ် ပြောင်းလဲလာ တဲ့ ဟော် မုန်းတွေကြောင့် ဖြစ်တာပါ။[/B]

[B]
[/B]

[B]ဒီရောဂါနဲ့ simulated pregnancy ကိုယ်ဝန်သယ်ရောင် ဟန်ဆောင်သူကို ခွဲခြားနိုင်တာ ကတော့ ဒီရောဂါသယ်က မိမိမှာ ကိုယ်ဝန်ရှိ နေတယ်လို ယုံကြည် နေခြင်း ဖြစ်ပါတယ်။[/B]

[B]
[/B]

[B]ဒီရောဂါကို ယောက်ျားတွေမှာလည်းတွေ့ရတက် ပါတယ်။ ယောက်ျားတွေမှာဖြစ်ရင် couvade syndrome လို့ခေါ်ပါတယ်။ အဲ့ဒီရောဂါဖြစ်နေတဲ့ ယောက်ျားတွေက မိန်းမတွေကို မနာလိုနေတဲ့ ယောက်ျားတွေ ဖြစ်ပါတယ်။ ဒီယောက်ျားတွေဟာ မိန်းမတွေအနေနဲ့ ယောက်ျားတွေ ထက်သာတာက ကိုယ်ဝန်ဆောင်ခြင်းသာဖြစ်တယ်လို့ခံယူကြတာမို့ ခလေးအလွန်လိုချင်သော အမျိုးသမီးများကဲ့သို့ အလွန်ကိုယ်ဝန် ဆောင်ချင်ကြ တာကြောင့် ကိုယ်ဝန်အတု ရောဂါသယ် အမျိုးသမီးများကဲ့သို့ ဗိုလ်တစ်ဖြေးဖြေးဖေါင်းလာကြပါတယ်။ သမိုင်းမှာ နံမည်ကြီးတဲ့ Marco Polo မာကိုပိုလိုနဲ့ အင်္ဂလန်ဘုရင်မကြီး Queen Mary 1 တို့ ကိုယ်တိုင် ဒီရောဂါ ခံစားခဲ့ကြတယ်လို့ မှတ်တမ်းတင်ထားပါတယ်။[/B]

[B]
[/B]

[B]စိတ်စွမ်းအားဖြစ်တဲ့ ကိုယ်ဝန်ဆောင်လိုမှု (၀ါ) ကိုယ်ဝန်ဆောင်ရမှာကြောက်လန့်မှု ကနေ ကိုယ်ထဲက ဟိုမုန်းတွေပြောင်းလဲဖြစ်ပျက်ပုံဟာ အလွန်ရှုပ်ထွေးတဲ့အတွက် ဒီရောဂါဘယ်လိုဖြစ် ပေါ်လာတယ်ဆို တာကို ဆေးပညာရှင်တွေအနေနဲ့ သေချောချာမသိကြပါဘူး။ သူတို့ သိတာက ဥဏှောက်မှာရှိတဲ့ hypothalamass ဆိုတဲ့သေးငယ်တဲ့အင်္ဂါ (organ) ကနေတစ်ကိုယ်လုံး မှာရှိတဲ့ ဟိုမုန်းထွက်တဲ့အင်္ဂါတွေက ဟိုမုန်းတွေထွက်စေတယ်ဆိုတာလောက်ပါပဲ။ [/B]

[B]
[/B]

[B]ဗုဒ္ဓမြတ်စွာကတော့ စိတ်သည်အားလုံးကိုဦိးဆောင်သည်။ စိတ်မှာ ဆန္ဒာအဓိပတိ တပ်ရင် ဖြစ်ချင်တာအားလုံးဖြစ်နိုင်တယ်လို့ဟောတော်မူခဲ့ ပါတယ်။ ဒီရောဂါမှာ မိန်းမ (၀ါ) ယောက်ျား နှစ်ဦး လုံးမှာ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ လိုချင်တဲ့ (၀ါ) မလိုချင်တဲ့ ဆန္ဒတွေ အဓိပတိဖြစ်နေတာကြောင့် ဗိုလ်ဖေါင်းလာခြင်းစတဲ့ ရုပ်တရားတွေ ဖြစ်ပေါ်၊ ပြောင်းလဲ လာတယ် ဆိုတာသိနိုင်ပါတယ်။ [/B]

[B]
[/B]

[B]ကိုယ်ဝန်ရှိချင်တဲ့ အမျိုးသမီးများစွာနဲ့ ကိုယ်ဝန်ဆောင်ရမှာ ကြောက်တဲ့ အမျိုးသမီးတွေ များစွာရှိသော်လည်း ရှားရှားပါးပါး တွေ့ရတဲ့ ဒီရောဂါက ဆန္ဒဓိပတိ တပ်တယ် ဆိုတာကိုသက်သေ ပြနေပါတယ်။ ဒီရောဂါဖြစ်နှုန်းက မွေးဖွါးမှု ၂၂၀၀၀ မှာ ၁-၆% သာရှိတယ်လို့သိရပါတယ်။ [/B]

[B]
[/B]

အင်္ဂလန်ဘုရင်တွေရဲ့ထုံတမ်းစဉ်လာက ဘုရင်မဖြစ်ပြီး ရက် ၉၀ အတွင်းကိုယ်ဝန်ဆောင်ပြီး ဘုရင်ဆက်ကို သယ်ယူမဲ့ သားတော်မွေးဖွါးရ တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Queen Mary 1 ဘုရင်မကြီးအနေနဲ့ ကိုယ်ဝန်ဆောင်လိုတဲ့ ဆန္ဒ အဓိပတိ တပ်မယ်လို့ယူဆနိုင်ပါတယ်။ မာကိုပိုလို အနေနဲ့လည်း ကမ္ဘာကိုတောင်ပတ်နိုင်တဲ့ သတ္တိရှိတဲ့ယောက်ျားတစ်ယောက်မို့ ယောက်ျားသားတွေ မလုပ် နိုင်တဲ့ကိုယ်ဝန်ဆောင်မှုကိုလုပ် နိုင်ရင်သူသာ အစွမ်းအစအရှိဆုံးလူသား ဆိုတဲ့ဆန္ဒ ရှိခဲ့မယ် လို့ ယူဆ နိုင်ပါတယ်။





ကျမ်းကိုး

[LINK=http://en.wikipedia.org/wiki/False_pregnancy]http://en.wikipedia.org/wiki/False_pregnancy[/LINK]

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP