ဝါတွင်း(၃)လ အချိန်ပိုင်းတရားစခန်းများအတွက် စာရင်းပေးသွင်းကြပါရန်။
စင်္ကာပူနိုင်ငံ ဇယမင်္ဂလာဗုဒ္ဒ၀ိဟာရ (စင်္ကာပူ-မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ) ကို မန္တလေးမြို့ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာဌာနချုပ်မှ နာယကချုပ်ဆရာတော် ဘဒ္ဒ န္တှ န္ဒကနှင့် ဇယမင်္ဂလာဗုဒ္ဒ၀ိဟာရ (စင်္ကာပူ) ၊ ဇယမင်္ဂလာဗုဒ္ဒ၀ိဟာရ (မလေးရှား) ၊ ဇယမင်္ဂလာဗုဒ္ဒ၀ိဟာရ (ရန်ကုန်) ကျောင်းတိုက်များ၏နာယကချုပ် ဒေါက်တာအရှင်ဝိစိတ္တ (အန န္တမေတ္တာ ဒေါက်တာရာဟုလာ) တို့ ပူးပေါင်း၍ တည်ထောင်ဖွင့်လှစ်ခဲ့ချိန်မှစ၍ နေ့စဉ်လိုလို တရားစခန်းများ ဖွင့်လှစ်လာခဲ့ရာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်၍ ယောဂီများစွာပါဝင်အားထုတ်၍ တရားဓမ္မအာရုံများ ကိန်းဝပ်စံပျော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ဆန်းပိုင်းမှစ၍ ကျောင်းတိုက်၍သီတင်းသုံးတော်မူကြသော သံဃာတော်များကို မိုးကုတ်ဝိပဿနာသင်တန်းများပေးကာ ရောက်လေရာဒေသတို့၌ ဆရာတော်ကြီး၏ မူ(၆)ချက်ဖြစ်သော---
(၁)ပညတ်နှင့်ပရမတ် ကွဲအောင်ဟောနိုင်ရမည်၊
(၂)ရုပ်နှင့်နာမ်ကွဲပြားအောင် ဟောနိုင်ရမည်၊
(၃)ဒိဋ္ဌိကို အသိညာဏ်နှင့် ခွာနိုင်ရမည်၊
(၄)ခန္ဒ ပဋိစ္စသမုပ္ပါဒ် နားလည်ရမည်၊
(၅)ရှုကွင်း, ရှုကွက် ပေါ်ရမည်၊
(၆)သစ္စာဆိုက်ရမည်... ဟူသော ကမ္မဋ္ဌာန်း ဆရာတော်ကောင်းများ မွေးထုတ်ပေးလျှက် ရှိပါသည်။
ယခု ၀ါတွင်း(၃)လအတွင်း စင်္ကာပူ-ဇယမင်္ဂလာဗုဒ္ဒ၀ိဟာရ -- Clementi - ကျောင်း (စင်္ကာပူ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ) ၌ အောက်ပါအတိုင်း တရားစခန်းများ စီစဉ်ဆောင်ရွက်မည်ဖြစ်ပါ၍ ။
Jayamangala Buddhist Vihara (စင်္ကာပူ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ)
Ph-67781678, 81230769
Jayamangala Buddhist Vihara (စင်္ကာပူ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ)
Ph-67781678, 81230769

0 comments:
Post a Comment