* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 12, 2011

ဘ၀ေထြေထြ ဘ၀နိဂုံး (၂)



မလေးရှားကို လာပြီးအလုပ်လုပ်နေတဲ့ မြန်မာလူငယ်လူရွယ်လေးတွေ
သေဆုံးသွားတတ်တဲ့ သေခြင်းအကြောင်း (၂) မျိုးကတော့
(၁) အရက်သောက်လို့ သေဆုံးခြင်းနဲ့
(၂) အရက်မသောက်ပေမဲ့ ကျန်းမာရေးဗဟုဿုတနည်းပြီး
ကျန်းမာရေးမဆင်ခြင်မှုကြောင့်သေဆုံးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဟိုတလောက နာရေးကိစ္စတစ်ခုပေါ်ပေါက်တယ်။
သေဆုံးသွားတဲ့ကောင်လေးက အသက် ၂၈-နှစ်ပဲ ရှိသေးတယ်။
ညတုန်းက အကောင်းကြီး၊ မနက်အလုပ်သွားဘို့ သွားနှိုးတော့
အသားတွေ ပြာနှမ်းနေပြီး တောင့်တောင့်ကြီးဖြစ်နေတယ်တဲ့။

ဆက်လက်မေးမြန်းစုံစမ်းကြည့်တော့
ညက သူ့သူငယ်ချင်းတွေနဲ့ အရက်ဝိုင်းဖွဲ့သောက်ကြကြောင်း၊
၁၂ နာရီခွဲလောက်မှာ လူစုခွဲအိပ်ကြကြောင်း၊
သေဆုံးသွားတဲ့ကောင်လေးကတော့ အရက်အလွန်အကျွန်သောက်မိပြီး
အရက်သောက်တဲ့နေရာမှာပဲ အိပ်ပျော်နေကြောင်း၊
အပေါ်က ပန်ကာကြီးကိုလည်း ဖွင့်ထားကြောင်း၊
သူအိပ်တဲ့နေရာကလည်း သစ်သားအခင်းမဟုတ်ဘဲ
ကြွေပြားတွေခင်းထားတဲ့နေရာဖြစ်နေကြောင်း၊
အကျိုးဆက်ကတော့ ဒီကောင်လေး သေဆုံးသွားခြင်းပင်ဖြစ်ကြောင်း
ဒကာတစ်ဦးက လျှောက်ပါတယ်။

သေချိန်တန်လို့ သေသွားတယ်လို့ အလွယ်ပြောနိုင်ပေမဲ့
မသေသင့်ပဲနဲ့သေသွားတယ်လို့ပဲ ပြောချင်ပါတယ်။
သေသွားတဲ့ကောင်လေးရဲ့ ပထမဆုံးအမှားက
အရက်သောက်တာပါ။ အရက်အလွန်အကျွံသောက်မိတာပါ။
ဒီလိုမျိုးအရက်ကို အလွန်အကျွံ သောက်မိတောင် တကယ်လို့ မိဘတွေရှိရာမှာ
ညီအစ်ကိုမောင်နှမတွေရှိတဲ့နေရာမှာ ဆိုရင်
ဒီလိုမျိုးမသင့်တော်တဲ့နေရာမှာ အိပ်နေတဲ့ သူကို မိဘ၊ ညီအစ်ကိုမောင်နှမတွေက သင့်တော်တဲ့နေရာမှာ အိပ်စေမှာ အမှန်ပဲ။

ဆိုတော့ကား မိဝေး ဖဝေး ညီအစ်ကိုမောင်နှမဝေးနေတဲ့ သူများနိုင်ငံမှာ
အလုပ်လာလုပ်နေတဲ့သူအဖို့ သောက်ချင်တိုင်း သောက်မနေဘို့
လွတ်ချင်တိုင်း လွတ်မနေဘို့ အင်မတန်အရေးကြီးပါတယ်။

စာစကားနဲ့ပြောရရင်
မမေ့မလျှော့ မပေါ့မဆ သတိတရားနဲ့ နေထိုင်ကြပါလို့ ပြောချင်ပါတယ်။

မှန်ပါတယ်။
အမိနဲ့ဝေး၊ အဖနဲ့ဝေး၊ ညီအစ်ကို မောင်နှမတွေနဲ့ ဝေးနေတဲ့သူအဖို့
မမေ့မလျှော့မပေါ့မဆခြင်းတည်းဟူသော
သတိသည်သာ အမိပါ။
သတိသည်သာ အဖပါ။
သတိသည်သာ ညီအစ်ကို မောင်နှမပါ။
ဒါ့ကြောင့် သတိနဲ့နေထိုင်ကြပါလို့ အထူးထပ်ပြီး ပြောချင်ပါတယ်။

မလေးရှားကို လာပြီးအလုပ်လုပ်နေတဲ့ မြန်မာလူငယ်လူရွယ်လေးတွေ
သေဆုံးသွားတတ်တဲ့ သေခြင်းအကြောင်းတရား နောက်တစ်မျိုးကတော့
အရက်မသောက်ပေမဲ့လည်း ကျန်းမာရေးဗဟုဿုတနည်းပြီး
ကျန်းမာရေးမဆင်ခြင်မှုကြောင့်သေဆုံးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒါက ဒီလိုပါ။
တချို့လူငယ်လူရွယ်ကောင်လေးတွေ လုပ်ငန်းခွင်ထဲမှာ
ကျန်းမာရေးနဲ့ဆက်စပ်တဲ့ ဗဟုဿုတနည်းပါးလို့ ကျန်းမာရေးအတွက်
အကာအကွယ်ပြုရမည့် Mask လိုဟာမျိုးကို မ၀တ်ကြပါဘူး။

ဟိုတလောက တွင်ခုံလုပ်တဲ့ကောင်လေးတစ်ယောက်၊
နေ့ခင်းအလုပ်လုပ်နေတုန်းက အကောင်းကြီး၊
အလုပ်က ပြန်၊ ညနေ ၇-နာရီလောက် ရေမိုးချိုးပြီးအချိန်ကြမှ
အသက်ရှူကြပ်လို့တဲ့။ ဆေးရုံကို အမြန်ဆုံးပို့ရတယ်။
ဆေးရုံတောင် မရောက်လိုက်ပါဘူး။
လမ်းခုလတ်မှာတင် အသက်ဆုံးရှုံးသွားတယ်။

သူအလုပ်လုပ်တဲ့တွင်ခုံလုပ်ငန်းမှာ ဘယ်တော့မှ သူ့နှာခေါင်းနဲ့ ပါးစပ်ကို
Mask ဆိုတာတွေနဲ့ ပိတ်ပြီး မလုပ်ဘူးလို့ သိရတယ်။
အလုပ်လုပ်တာ သုံးနှစ်လောက်ရှိပြီတဲ့။

သူအသက်ရှူတဲ့ နှာခေါင်းကနေပြီး တစ်နေ့ကို သံမှုန့် တစ်မှုံနှုန်းနဲ့
သူ့ဝမ်းဗိုက်ထဲ ၀င်နေရင်တောင် သုံးနှစ်ဆိုတဲ့အတိုင်းအတာနဲ့ မနည်းတော့ဘူးလို့
စဉ်းစားမိတယ်။ ဒီလိုဖြစ်ပြီး အသက်ရှူကြတ်လာတယ်လို့ ထင်မိတယ်။

ဒီလိုမျိုး ကျန်းမာရေး မလိုက်စားလို့ ကျန်းမာရေးဗဟုဿုတနည်းပါးလို့
သေဆုံးနေကြတဲ့ မြန်မာပြည်က လူငယ်လူရွယ်တွေ ဒီမလေးရှားနိုင်ငံမှာ မနည်းတော့ဘူး။

ဆက်လက်ရေးသားပါမည်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP