Even if you’re bad,…
အခု ပြီးခဲ့တဲ့ ၂၀၁၁၊ မေလ နောက်ဆုံးပတ်မှာ အိန္ဒိယ မြောက်ပိုင်း ပြည်နယ် တစ်ခု ဖြစ်တဲ့ Uttarakhand ပြည်နယ်ကို တစ်ပတ်ကြာ ခရီးထွက်ဖြစ်ခဲ့တယ်။ ဒီခရီးစဉ်က အိန္ဒိယ အစိုးရ ICCR (Indian Council For Cultural Relations) ကနေ စီစဉ်ပေးတာပါ။ နိုင်ငံခြားသား ကျောင်းသားတွေ အတွက်ကိုသာ Summer Camp နွေရာသီ ခရီးစဉ်ကို စီစဉ်ပေးတယ်။
ကျောင်းသားတွေဆီက ငွေကြေး အနည်းငယ်ပဲ ယူပြီး ကျန်တဲ့ ကုန်ကျစရိတ်တွေ အားလုံးကို အိန္ဒိယ အစိုးရက အကုန်အကျ ခံပေးပါတယ်။ အိန္ဒိယ အစိုးရရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံအချင်းချင်း ယဉ်ကျေးမှုတွေ ဖလှယ်နိုင်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုပြီး ရရှိအောင် ဖြစ်ပါတယ်။
အိန္ဒိယမှာ ကျောင်းလာတက်နေကြတဲ့ ကျောင်းသားတွေကတော့ တစ်ကမ္ဘာလုံးက နိုင်ငံတွေ စုံလို့ပါပဲ။ အဲဒီ အထဲမှာ ရိုးရာ ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ ဘာသာတွေက အစ မျိုးစုံ ပါခဲ့တယ်။ မြန်မာပြည်ကတော့ စာရေးသူ တစ်ဦးတည်းပါ။ အဖွဲ့ကို ကြီးကြပ်သူတွေနဲ့ စာရေးသူပဲ လူကြီးပိုင်း ဖြစ်ပြီး ကျန်တာတွေကတော့ လူငယ်ကျောင်းသားလေးတွေ ချည်းပါပဲ။
ခရီးစဉ်ကတော့ ဒေလီကနေ စထွက်ပါတယ်။ Uttarakhand ပြည်နယ်က တောင်ကုန်းတောင်တန်း ဒေသတွေပါပဲ။ အဲဒီ ခရီးစဉ်မှာ တွေ့ခဲ့ရတဲ့ ကျောင်းသားတစ်ယောက်နဲ့ စာရေးသူ စကား ပြောဖြစ်ခဲ့ပါတယ်။ သူက အာဖဂန်နစ္စတန် နိုင်ငံကဖြစ်ပြီး ကိုးကွယ်တဲ့ ဘာသာကတော့

0 comments:
Post a Comment