* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, March 19, 2011

ဘာတွေဖြစ်ကုန်ကြပြီလဲ


ဒီနေ့ပို့စ်ကို ဟိုတလောက ဘီဘီစီက ထုတ်လွှင့်လိုက်တဲ့
ဘာတွေဖြစ်ကုန်ကြပြီလဲ ဆိုတဲ့ အသံလွှင်ဇာတ်လမ်းခေါင်းစဉ်ကို ယူသုံးလိုက်ပါတယ်။
ဒီအောက်ဖော်ပြပါသတင်းကို ဒီဆိုက်ရဲ့ Cbox ထဲမှာ လင့်လာထည့်ပေးသွားလို့ ဖတ်ကြည့်မိပြီး
ဘာတွေဖြစ်ကုန်ကြပြီလဲ လို့ ရေရွတ်မိလို့ပါ။
ဒီသတင်းနဲ့ပတ်သက်ပြီး
အကြောင်းအကျိုး အကောင်းအဆိုးတွေကို
သူ့အမြင် ကိုယ့်အမြင် လွတ်လွတ်လပ်လပ် ဝေဘန်ပေးဘို့ ဖိတ်ခေါ်ပါရစေ။
သတင်းက ဒီလိုပါ။

သာသနာရေးအဖွဲ့စည်းသို့ မေတ္တာရပ်ခံချက်

ဒီနေ့ သတင်းတစ်ပုဒ်ကြားမိတယ် ရင်ထဲမှာမကောင်းဘူး။
ဘယ်သူတွေကူညီနိုင်မှာလဲ သာသနာ့အဖွဲ့စည်းကရော ဘာတွေအကြံပေးနိုင်မှာလဲ။
UN ဆိုတဲ့အဖွဲ့စည်းကရော ဒီလူတွေကိုဘယ်လို ကူညီနိုင်မလဲ။
ကျွန်မတော့ ဘာမှမသိဘူး စိတ်ထဲရှိတာပြောကြည့်တာနော်။

ဖြစ်ပုံကဒီလို ထိုင်းနိုင်ငံ ဝတစ်လုံးဘုန်းကြီးကျောင်း တစ်ကျောင်းတွင် လွန်ခဲ့သောရက်အနည်းငယ်က ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းသားပြသနာတက်ခဲ့ရာ ကျောင်းသားမှဘုန်းကြီး၏ ဦးခေါင်းကိုရိုက်နက်တဲ့ အထိပြသနာတက်ခဲ့တယ်။ ပြသနာဖြစ်ရတဲ့အကြောင်းရင်းကို ကျွန်မသေချာမမေးမိပါ။

သို့သော် ကျွန်မမေးမိသည်မှာ ကျောင်းထိုင်ဘုန်းကြီးမှာ ရှမ်းလူမျိုးဖြစ်တယ်။
ရန်ဖြစ်သော ဘုန်းကြီးမှာ မြန်မာလူမျိုးဖြစ်ပြီး ဘုန်းကြီးအားရိုက်သော
ကျောင်းသားမှာ ရခိုင်လူမျိုးဖြစ်ပါတယ်။

အဲဒီဘုန်းကြီးနဲ့ ကျောင်းသားပြသနာကြောင့်
မနေ့ညတွင် ဝတစ်လုံးကျောင်းသို့ ထိုင်းရဲမှဝင်ရောက်ဖမ်းဆီး ခဲ့ပါတယ်။
ကျောင်းထိုင်ဘုန်းကြီးမှ မကျေနပ်သောကြောင့်
ထိုင်းရဲကိုတိုင်ကြားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဲလိုထိုင်းရဲများ ဝင်ရောက်ဖမ်းဆီးရာတွင် မြန်မာဘုန်းကြီး ဧည်သည်များပါ
အဖမ်းခံရပြီး ရဲများကလူဝတ်လဲလိုက်တယ်လို့ ဆိုပါတယ်။

စုစုပေါင်းဘုန်းကြီး (၁၀)ပါး အဖမ်းခံထားရတယ်လို့ သိရပါတယ်။

အဖမ်းခံရသော ဘုန်းကြီးများထဲတွင် မြန်မာပြည်မှ ဧည်သည်ဘုန်းကြီးများ
(UN) လျှောက်ထားပြီး ကန့်ထဲတွင်နေသော ဘုန်းကြီးများပါ ပါသွားကြောင်းသိရပါတယ်။
မြန်မာသသနာရေးဆိုင်ရာများကရော သင်္ကန်းချွတ်လူဝတ်လဲခံရတဲ့
ဒုက္ခသည်ဘုန်းကြီးတွေ ကိုဘယ်လိုများ ထောက်ခံကူညီပေးနိုင်မှာလဲ။

ထိုင်းရဲကဖမ်းတာ ဖမ်းလို့ရပါတယ်။

ဧည်သည်တွေ ဘုန်းကြီးတွေမှာ ပတ်စပို့မရှိလို့ဆိုပြီး
တာဝန်အရဖမ်းပေမဲ့ သင်္ကန်းချွတ်လူဝတ်လဲ တာကတော့ ကြားမကောင်းပါဘူး။
အဲဒီလူဝတ်လဲ အချုပ်ချ/ထောင်ချမယ်ဆိုတော့ သာသနာရေးအဖွဲ့စည်းကလည်း
မျက်စိမှိတ်ပြီး မနေဘဲတတ်နိုင်တဲ့ဘက်က ကိုယ့်သာသနာအတွက်
တစ်ဖက်တစ်လမ်းက ကြိုးစားပေးပါလို့ အားလုံးရဲ့ကိုယ်စား
ကျွန်မ (အလွမ်းမြို့လေး)မှမေတ္တာရပ်ခံ တောင်းခံအပ်ပါတယ်။

မျှော်လင့်တစ်ချက် တစ်စုံတစ်ခုမှမရှိဘဲ
လူမှု့စာနာမှုနဲ့ မေတ္တာရပ်ခံတောင်းခံအပ်ပါတယ်။

မေတ္တာဖြင့်
အလွမ်းမြို့လေး
မူရင်း၊ http://alwanmyolay.blogspot.com/

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP