* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, March 19, 2011

စိတ်ညစ်ညူးကြောင်း တရား ( ၁၆ ) ပါး

၁။ သူ့ပစ္စည်းကို ၊ ရလို အဘိဇ္ဈာ၊

အလိုကြီးက၊ ၀ိသမလောဘာ၊

အကျိုးဖျက်လို၊ ခေါ်ဆို ဗျာပါ၊

စိတ်ဆိုးက၊ ကောဓ မှတ်လေပါ။


၂။ ရန်ငြိုးဖွဲ့က ဥပနာဟာ၊

ကျေးဇူးဖျက်က ၊ မက္ခ မှတ်ပါ၊

ဂုဏ်ရည် ယှဉ်တု ၊ ပြိုင်မှု ပဠာသာ၊

မနာလို ၊ ခေါ်ဆို ကြီး ဣဿာ ။


၃။ နှမြောလေဘိ ၊ မစ္ဆရိယာ ၊

မိမိပြစ်များ ၊ ဖုံးထား မာယာ ၊

ဂုဏ်မရှိပြန် ၊ ရှိဟန်ဆောင်ကာ ၊

ထုတ်ဖော်က ၊ မှတ်ကြ သာဋ္ဌေယျာ ။


၎။ မာန်ခက်ထန်က ၊ ထမ္ဘ မှန်စွာ ၊

သူ့ထက်ကဲပို ၊ ပြုလို သာရ မ္ဘာ ၊

ထောင်လွှား မာန ၊ ယစ်က မဒါ ၊

ထောင်လွန်းဘိ ၊ အတိမာန သာ ၊

ကုသိုလ်များ၊ မေ့ငြား ပမာဒါ ။


၅။ ဤဆယ့်ခြောက်ပါး ၊ စိတ်အား မဲစေ ၊

ဝတ္ထသုတ်မှ ၊ ထုတ်ပြသလေ

ကိလေမှန်သမျှ ၊ ကျန်ကြတာတွေ ၊

သူတို့လဲ ၊ စိတ်မဲ ညစ်ကျူစေ ။

အတ္တပယ်မှ နိဗ္ဗာန်မြင်မည်


နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာများလှပြီ၊

ဝိဇ္ဇာဥာဏ်မပါ ဓမ္မတာတောင်းမို့၊

အာညောင်းရုံပဲ မောဖတ်တင်မည်။

ဒါနပြုခါ အခါခါတောင်းလည်း

ငါ(အတ္တ) ကောင်းချင်မှု ခုခံနေသည်၊

ငါတစ်လုံးပယ် ကွယ်ကာပေးမှ၊

လွန်စွာမနှေး နိဗ္ဗာန်မြင်လိမ့်မည်။


စစ်ကိုင်းတိုင်း ဆားတောင်ရွာ ဆားတောင်ဆရာတော်ဘုရားကြီး ဦပညာဏိက ၏ ဆုံးမ စကား

အတ္တဆန်သော ဤလောက


လူဆိုသည်မှာ အတ္တသမား ၊

ကိုယ့်အတွက်တော့ တကွက်ထား ၊

သူများမှားတာ မြင်ပါလျင် ၊

မေးငေါ့ မဲ့ရွဲ့ အပြစ်တင် ၊

ကိုယ့်မှာပင် မှားပြန်က ၊

ဖုံးလိုက် ဖိလိုက်ကြ ။

အတ္တဆန်သော ဤလောက ၊

အံ့သြဖွယ် ရှိစွ ။


( အရှင်တေဇောဘာသ )

သူ့ကို ဂုဏ်နှိမ့် ကိုယ့်ဂုဏ် နိမ့်၏


သူ့ကို ချီးမြှောက် ၊ ကိုယ့်ဂုဏ်မြောက်၏ ၊

ယွင်းဖောက်အလို ၀န်မတိုနှင့်၊

သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ် နိမ့်၏ ၊

စည်းစိမ်အရာ ၊ သူ့ချမ်းသာ၌ ၊

ဣဿာ မပြု ၀မ်းမြောက် ရှုလော့ ၊

သူ့ကို စောင့်မှ ၊ သူက ကိုယ့်ကို ၊

ကြည်ညို မေတ္တာ ၊ စောင့်နိုင်ရာ၏ ။


( မဃဒေ၀ ၊ ၁၈၅ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP