* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 24, 2011

( ၆ ) ကြိမ်မြောက် ပိဋကတ်ကျမ်းစာအုပ်များ လှူဒါန်းမှု မှတ်တမ်း


၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (သီတင်းကျွတ်လ ) အတွက် ဓမ္မနန်းတော် မှ ဓမ္မစာအုပ်များ လစဉ်လှူဒါန်းမှု အစီအစဉ်ကို ဆက်လက် လှူဒါန်းဖြစ်တာကတော့ သံဃာ ( ၃၀၀ ) ကျော် စစ်ကိုင်းတောင်ရိုး မြစကြာပရိယတ္တိစာသင်တိုက် ရှိ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ဖြေဆိုနေကြဆဲဖြစ် သော ဒုတိယဆင့် တတိယဆင့် သံဃာတော် ( ၇၂ ) ပါး အတွက် စာအုပ် ရေ ( ၇၂ ) အုပ် ကို လှူဒါန်းခဲ့ပါတယ်။

ယနေ့ခေတ် မြန်မာနိုင်ငံမှာ ဓမ္မကထိက ဆရာတော်များစွာကလဲ ပရိယတ္တိစာသင်တိုက်များ အစားအသောက် မပြည့်စုံမှု၊ အထူးသဖြင့် သံဃာဦးရေ များလွန်းသော စာသင်တိုက်ကြီးများတွင် ၀ါဆို ကထိန်အလှူပွဲများ မပြည့်စုံနိုင်မှု တို့ကို ထောက်ပြ ဟောပြကာ ရောက်လေရာ အရပ် တောရွာ မြို့ပေါ် စာသင်တိုက်များကို ပစ်ပယ်မထားကြဖို့၊ သံဃာငယ် ဦးဇင်းငယ် ကိုရင်ငယ်လေးများကို ပစ်ပယ်မထားကြဖို့ မနားတမ်း ဟောပြောနေကြတာကို ကြားမိတော့ အတိုင်းမသိ ၀မ်းသာရပါတယ်၊
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာ ဓလေ့တစ်ခုက သာသနာကို ဆွမ်းကွမ်းမှ စ၍ ကျောင်း အဆောက်အဦးအဆုံး လိုလေသေးမရှိ ထောက်ပံ့လှူဒါန်းနေကြတာခေတ်အဆက်ဆက် မပြတ်သုဉ်းခဲ့ပါဘူး၊ စေတီ ကျောင်းကန် ဘုရား တန်ဆောင်း ဘယ်နေရာမှာမဆို လိုအပ်နေတာ သိလျင် အလိုလို အလှူရှင်ပေါ်လာပြီး ပြည့်စုံသွားတာတွေ မြင်တွေ့နေရပါတယ်၊ သို့သော် လည်း ရေပြည့်ပြီး သား အိုးတွေကို ပိုမိုကာ ထည့်ဖြည့်လိုတဲ့ စေတနာ သဒ္ဓါတရားများ ပြည့်စုံပြီးသား နေရာတွေကို လှူဒါန်းခြင်းအပါအ၀င် ပေါလျံနေတဲ့နေရာတွေကို တော့ ဥာဏ်ယှဉ်ကာ လှူဒါန်းဖို့ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။

ဒါကြောင့် အနာဂါတ်သာသနာရဲ့ အာဇာနည်လျောင်းလျာများ လို့ ဆိုနိုင်တဲ့ ပရိယတ္တိ စာသင်တိုက်များကိုလည်း တတ်စွမ်းသလောက် ထောက်ပံ့လှူနိုင်ကြစေဖို့ မေတ္တာစကားပါးလိုပါတယ်၊ တဆက်ထည်းမှာ မန္တလေးမြို့မှာ သီတင်းသုံး ခဲ့စဉ်က ရင်းနှီးတဲ့ ဒကာကြီးတဦးက လျောက်ထားတာကို သတိရမိတယ်၊ သူလျောက်ထားတာက -- တပည့်တော်တို့က လှူတာတော့ လှူပါတယ်ဘုရား၊ စွမ်းနိုင်သလောက် လှူနေသော်လည်း တခါတခါ လှူနေရင်းနဲ့ စေတနာတွေ သဒ္ဓါတရား တွေကို အရောင်ဆိုးခံလိုက်ရသလို ဖြစ်ဖြစ်သွားတော့ တွန့်တွန့်သွားမိတယ် ဘုရား တဲ့။
ဘယ်လိုဖြစ်ရတာလဲ လို့ မေးမိတော့ . သံဃာတွေရဲ့ ချို့ယွင်းချက်လို့ပြောနိုင်တဲ့ မဟုတ်တာ လုပ်တာတွေကို တွေ့ရမြင်ရ ကြားနေရတော့ စိတ်က ရာခိုင်နှုံးအပြည့် ကုသိုလ်စိတ်မထားနိုင်တော့ဘူး တဲ့။

သူ့စကားကို ကြားမိတော့ အလှူရှင်များရဲ့ စေတနာအား၊ သဒ္ဓါအားတွေကို ကိုယ်ချင်းစာ နာလည်မိတယ်၊ နောက်မှာတော့ သူတပါးတွေ ဘယ်လို မကောင်းတာတွေ လုပ်နေပါစေ၊ သူ့လမ်း သူ သွားရမှာ၊ လျောက်ရမှာဖြစ်ပါတယ်၊ ကိုယ်က လှူနေတဲ့ အချိန်မှာ ဘယ်သူ့ကို လှူပါတယ် ဆိုပြီး ပုဂ္ဂလိက အလှူကို အာရုံမပြုပဲ အရိယာ သံဃာတော်များစွာကို အာရုံပြုကာ သံဃိကဒါနအဖြစ် လှူပါတယ်လို့ အာရုံပြောင်းလိုက်ရင် မြင့်မြတ်တဲ့ သံဃိကအလှူ ဖြစ်သွားတာကြောင့် ၁၀၀ ရာခိုင်နှုံး ကုသိုလ်ဖြစ် သွားပါလိမ့်မယ်လို့ အားပေးစကား ပြောဖြစ်ခဲ့တယ်။

သာသနာ့ဘောင်ဆိုတာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလို ပဲ၊ ကောင်းကောင်းလျှောက်နိုင်ရင် သံသရာ တဖက်ကမ်း ကို မြန်မြန်ရောက်နိုင်သလို မလျောက်နိုင်ရင်လဲ ချောက်ထဲ ကျနိုင်တယ် လို့ ရှေးပညာရှိများက ဆိုခဲ့ကြတယ်၊ နောက်တမျိုးက ဓားသွားပေါ်က ပျားရည်စက် နဲ့ ဥပမာပေးကြတယ်၊ ပျားရည်ရဲ့ ချိုမြိန်မှုကို သုံးဆောင်လိုရင် သတိမလွတ်စေနဲ့၊ သတိ လွတ်ရင် ဓားရှခံရမယ် လို့ ဆိုတယ်၊ ပျားရည် နဲ့ ဓားသွားကြားမှာ ခပ်ပါးပါးလေးပဲ ခြားနားနေပါသတဲ့။ ဒီအကြောင်း အရာလေးကို ပြောပြပြီး သူတို့လမ်းကြောင်း သူတို့သွားပါစေ၊ ကိုယ့်စိတ်ကို အရောင်ဆိုးမခံပါနဲ့၊ မညစ်ပေပါစေနဲ့ လို့အားပေးခဲ့ရတယ်။

အောက်တိုဘာ( သီတင်းကျွတ်လ )အတွက် ဓမ္မစာပေ အလှူရှင်

ပုံမှန် လစဉ် အလှူရှင် ဒေါ်မြကြေးမုံ ( နော်ဝေ )မှ ဗုဒ္ဓမြတ်စွာ ၏ အဘိဓမ္မာ အခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့ကို ပူဇော်သောအားဖြင့် ပညာဒါန ပညာပါရမီဖြစ်စေရန် နိဗ္ဗာန်ရည် မှန်း လှူဒါန်းပါသည်။

လှူဒါန်းခဲ့သော စာအုပ်များ စာရင်း

၁။ ပါစိတ်ပါဠိတော် တအုပ်ကို ၅၅၀၀ ကျပ်ဖြင့် ၃ အုပ် ၁၆၅၀၀ ကျပ်၊
၂။ ပါစိတျာဒိ အဋ္ဌကထာ တအုပ် ၅၀၀၀ ဖြင့် ၅ အုပ် ၂၅၀၀၀ ကျပ်၊
၃။ အဂုင်္တ္တရ ပါဠိတော် တတိယတွဲ တအုပ် ၅၅၀၀ ဖြင့် ၇ အုပ် ၃၈၅၀၀ ကျပ်၊

၎။ ပါရာဇိကဏ် ပါဠိတော် တအုပ် ၅၀၀၀ ကျပ်ဖြင့် ၁၁ အုပ် ၅၅၀၀၀ ကျပ်၊
၅။ အဂုင်္တ္တိုရ် အဋ္ဌကထာ ( ဒုတိယတွဲ )တအုပ် ၅၅၀၀ ဖြင့် ၄ အုပ် ၂၂၀၀၀ ကျပ်၊
၆။ အဂုင်္တ္တိုရ် အဋ္ဌကထာ ( တတိယတွဲ ) တအုပ် ၅၀၀၀ ဖြင့် ၅ အုပ် ၂၅၀၀၀ ကျပ်၊
၇။ အဂုင်္တ္တိုရ် ပါဠိတော် နိဿယ ( တတိယတွဲ ) တအုပ် ၅၅၀၀ ဖြင့် ၆ အုပ် ၃၃၀၀၀ ကျပ်၊

စာအုပ်ရေ ( ၄၁ )အုပ် အတွက် ကုန်ကျငွေ - ၂၁ ၅၀၀၀ ကျပ်၊ ( ၂ သိန်း ၁ သောင်း ၅ ထောင်ကျပ် )

၁။ ကင်္ခါပါဠိတော် တအုပ်ကို ၃၇၀၀ နှုံးဖြင့် ၈ အုပ် ၂၉၆၀၀ ကျပ်၊
၂ ။ အဂုင်္တ္တိုရ် နိဿယ ပထမတွဲ တအုပ် ၅၅၀၀ ကျပ်၊ ၂ အုပ် ၁၁၀၀ ကျပ်၊
၃။ အဂုင်္တ္တိုရ် နိဿယ စတုတ္ထတွဲ တအုပ် ၆၅၀၀ ကျပ်၊ ၅ အုပ် ၃၂၅၀၀ ကျပ်၊
၎။ ဓမ္မပဒ အဋ္ဌကထာ (ဒုတိယတွဲ ) တအုပ် ၅၅၀၀
၅။ ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူးများ ၁ အုပ် ၇၀၀၀

၆။ ဓမ္မာစရိယ မျက်ရှု ၁ အုပ် ၇၀၀၀
၇။ ရူပသိဒ္ဓိ ရှင်းတမ်း ၁ အုပ် ၆၀၀၀
၈။ ဋီကာ ရှင်းတမ်း ( ပထမတွဲ ) တအုပ် ၅၀၀၀
၉။ အဂုင်္တ္တိုရ် ဋီကာ ( တတိယအုပ် ) တအုပ် ၅၀၀၀

၁၀။ ဘာသာဋီကာ လမ်းညွှန် တအုပ်ကို ၇၀၀၀ ၂ အုပ် ၁၄၀၀၀ ကျပ်၊
၁၁။ ဋီကာကျော် နိဿယ တအုပ်ကို ၄၇၀၀ ကျပ်၊ ၃ အုပ် ၁၄၁၀၀
၁၂။ ၀ိဂ္ဂဟ မဉ္ဇူ တအုပ် ၄၅၀၀ ကျပ်၊ ၃ အုပ် ၁၃၅၀၀ ကျပ်၊
၁၃။ သမန္တစက္ခုဒီပနီကျမ်း ၁ အုပ် ၈၀၀၀
၁၄။ တစ်ဘ၀ သံသရာ ၁ အုပ် ၅၇၀၀

စာအုပ်ရေ ( ၃၁ ) အုပ် ၁၆၃ ၉၀၀ ကျပ် ( ၁ သိန်း ၆ သောင်း ၃ ထောင့် ၉ ရာကျပ် )

၁၅။ သံဃာတော်များ ဘုရားဝတ်တက် ၀တ်ကပ်ပြုရာ၊ စာဝါများပို့ချ သင်ယူရာ ဓမ္မာရုံကျောင်း တော်ကြီး တွင် အသုံးပြုရန်အတွက် ခြေသုတ်အခင်း ကော်ဇော ဆိုက်အကြီး ၁ ခုအတွက် ၁ သောင်း ၂၀၀၀ ကျပ်၊

လွှဲအပ်လှူဒါန်းငွေ - ၄ ၅၀၀၀၀ ကျပ်၊ ( ၄ သိန်း ၅ သောင်းကျပ် )
သံဃာများအတွက် ကုန်ကျငွေ - ၃ ၈၀၀၀၀ ကျပ်၊
ကော်ဇော လှူဒါန်းငွေ - ၁၂၀၀၀ ကျပ်၊
စာအုပ်များအတွက် ကယ်ရီခ ၃၀၀၀ ကျပ်၊
ကြွင်းကျန်ငွေ - ၅၅၀၀၀ ကျပ်၊ ( ၅ သောင်း ၅ ထောင်ကျပ် )

စုစုပေါင်း ( ၃ သိန်း ၉ သောင်း ၅ ထောင်) ကျပ်တိတိ

ယခုအကြိမ် (၆) ကြိမ်မြောက် လှူဒါန်းမှုအတွက် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ ဘာသာဋီကာ၊ နိဿယ စသည်ဖြင့် အမျိုးပေါင်း စုံစုံလင်လင် နှင့် မျက်နှာဖုံး ဂျပ်ထူ အလှူရှင်ကမ္ဗည်းအပါအ၀င် စာအုပ်ရေ ( ၇၂ )အုပ် ကို လှူဒါန်း နိုင်ခဲ့ပါ သည်။ လောက်ချာ စာရွက်နှစ်ရွက်အတိုင်း စာအုပ်စာရင်းကို ခွဲရေးလိုက်ပါသည်။



မြစကြာကျောင်းတိုက်အတွင်းရှိ သုံးထပ် အာစီ စာကြည့်တိုက်အဆောက်အဦးကြီးပါ၊ သံဃာများ အဖိတ် ဥပုသ် နားရက်များနှင့် ညနေပိုင်း ခဏတာတွင် မည်သူမဆို စာဖတ်လေ့လာနိုင်သည်။
ဒီလို စည်းကမ်းသေ၀ပ်တဲ့ သံဃာ့ပရိသတ်မျိုးကို မည်သူက မကြည်ညိုပဲ နေနိုင်ပါမလဲ လေ ..
ဝတ်ချရှိခိုးတော့လည်း ညီညီညာညာ

လက်အုပ်ချီတော့လည်း ညီညီညာညာနဲ့ ကြည်နူးဝမ်းသာစရာ ကောင်းလှပါဘိ
သံဃာများအတွက် ဓမ္မာရုံကြီးမှာ အသုံးပြုရန် ခြေသုတ်အခင်း ကော်ဇော

ဓာတ်ပုံမှတ်တမ်းများကို အားတက်သရော ကူညီ ပို့ပေးပါသော စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ညီငယ် အရှင်ဝိလာသ၊ ဝေယျာဝစ္စကုသိုလ်များကို ဆောင်ရွက်ပေးသော ဆရာကြီး ဒေါ်ဝိလာသီ နှင့် တပည့်များအားလုံးကို အလှူရှင်၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။
အားလုံးသော သတ္တ၀ါအပေါင်းတို့အား ပြုပြုသမျှ ကုသိုလ်အားလုံးအတွက် အမျှ အမျှပေးဝေပါသည်..

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 24.Oct.2011


စာကြွင်း။ ။ဒီတကြိမ်မှာ မြစကြာပရိယတ္တိ စာသင်တိုက်နဲ့ ပက်သက်သော အချက်အလက်များကို ( ၅ ) ကြိမ်မြောက် လှူဒါန်းမှု မှတ်တမ်းမှာ ရေးသားပြီး ဖြစ်တာကြောင့် ပို့စ်ရှည်မှာ စိုးသည့်အတွက် မရေးဖြစ်တော့ပါ၊ ဒီနေရာမှာ သွားရောက်လေ့လာ ကြည် ညိုနိုင်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP