* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 24, 2011

မနာပ ဒါယီ စာကြည့်တိုက် အလှူတော် စာရင်းချုပ်

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ဝင်းကျေးရွာတွင် တည်ဆောက်ဖွင့်လှစ်မည့် မနာပ ဒါယီဆရာတော် အရှင်ဝိစိတ္တ၏ “မနာပ ဒါယီ” စာကြည့်တိုက် အဆောက်အဦ အလှူတော်ကို ကိုရီးယားရောက် စိတ္တသုခ မြန်မာဒကာဒကာမများ၏ လှူဒါန်းမှုဖြင့် ယခုအခါ အလှူတော် အလှူရှင်စာရင်း ချုပ်လိုက်ပြီ ဖြစ်ပါသည်။ မနာပ ဒါယီ ဆရာတော်၏ ဦးဆောင်မှုဖြင့် မြေအလှူရှင်များ၊ အဆောက်အဦ အလှူရှင်များ၊ စာအုပ်အလှူရှင်များဖြင့် အများပေါင်းစုကာ တည်ထောင်ဖြစ်ခဲ့သည့် မနာပ ဒါယီ စာကြည့်တိုက်ကို မကြာမီ ဆရာတော်ကိုယ်တိုင် မြန်မာပြည်သို့ ကြွရောက်ကာ အပြီးသပ်တည်ဆောက် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ စာကြည့်တိုက်နှင့် ပတ်သက်သည့် အသေးစိပ် အချက်အလက်မှတ်တမ်းများကို အလှူရှင်များ သဒ္ဓါပွားနိုင်စေရန် နောက်ပိုင်းတွင် မီဒီယာမှတစ်ဆင့် မှတ်တမ်းတင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ယခုလောလောဆယ်တွင် စာကြည့်တိုက် အဆောက်အဦးအတွက် လှူဒါန်းထားကြသည့် အလှူရှင်စာရင်း အချုပ်ကို ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ရန် မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြလိုက်ပါသည်။

၁။ ဆရာတော် အရှင်ဝိစိတ္တ = ၃၀၀၀၀၀ (ဝမ် သုံးသိန်း)
၂။ ယုံရှင်းရွှေညီအစ်ကိုများ = ၄၀၀၀၀၀ (ဝမ် လေးသိန်း)
၃။ ဂျီလယန်းရွှေညီအစ်ကိုများ = ၂၀၀၀၀၀ (ဝမ် နှစ်သိန်း)
၎။ ဝဲဂွန်ရွှေညီအစ်ကိုများ = ၅၀၀၀၀ (ဝမ် ငါးသောင်း)
၅။ ကိုဖြိုးမောင်မောင်ထွန်း = ၃၀၀၀၀ (ဝမ် သုံးသောင်း)
၆။ ကိုသက်နိုင်+မသင်းသင်းဌေး = ၂၀၀၀၀၀ (ဝမ် နှစ်သိန်း)
၇။ ကိုကျော်စွာမင်း = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၈။ ကိုကျော်သန်း = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၉။ ကိုစိုးမြင့်အောင် + ဒေါက်တာ နီနီမာ = ၈၀၀၀၀ (ဝမ် ရှစ်သောင်း)
၁၀။ ကိုခင်မောင်ချင်း၊ ကိုဟန်ထွန်းမောင် = ၅၀၀၀၀ (ဝမ် ငါးသောင်း)
၁၁။ ကိုလှမျိုး + မယဉ်မင်းသိန်း = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၁၂။ ဒါဆန်း၊ ဝဲဂွန်ရွှေညီအစ်ကိုများ = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၁၃။ ကိုစည်သူ၊ ကိုဇော်သူ၊ ကိုမျိုးမြင့်ဦး၊ ကိုလှမြင့်စိုး = ၆၀၀၀၀၀ (ဝမ် ခြောက်သိန်း)
၁၄။ စိတ္တသုခကျောင်း ဒကာဒကာမများ = ၅၀၀၀၀၀ (ဝမ် ငါးသိန်း)
၁၅။ နှစ်ဖက်မိဘများ အမှူးထား၍ ကိုလင်းထိန်းဝင်း + မမေထက်ထက်လွင် = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၁၆။ ကွယ်လွန်သူ မိခင်ကြီး ဒေါ်ထွေးသိန်းအား ရည်စူး၍ ကိုမင်းနိုင် + မအေးယုနွယ် မိသားစု = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
အလှူတော်ငွေ စုစုပေါင်း = 3,010,000 (ဝမ် သိန်းသုံးဆယ်၊ တစ်သောင်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP