* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 24, 2011

အထင်မကြီးကြနဲ့

  • လူတွေဟာကိုယ်ရဲ့အဆင့်အတန်းကို မတင်းတိမ်တတ်ကြဘဲ၊မရနိုင်တဲ့ အဆင့်အတန်းကိုပဲ အထင်ကြီးမျှော်မှန်းနေကြတယ်။
  • သိပ်မှန်သောစကားလေးပါပဲ။လူအများဟာ မိမိတို့ရထားသော ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေကို မရောင့်ရဲမတင်းတိမ်ကြလို့ လောဘတွေဖြစ်၊ ဒေါသတွေဖြစ်၊ မောဟတွေဖြစ် ပြီး အကုသိုလ်ကို အထုပ်အထည်ကြီးထုပ် နောင်ဘ၀ပေါင်းများစွာကို သယ်ဆောင်နေကြတာ အင်မတန်မှ ၀မ်းနည်းဖို့ ကောင်းပေသည်။ မိမိတို့၏ ရထားပြီးသော ဘ၀ပေးအခြေအနေတိုင်းနေပြီး ဘ၀ပန်းတိုင်ကို တစ်လှမ်းချင်း လျှောက်လှမ်းမယ်ဆိုရင် အမြင့်ကိုလှမ်းသော ခြေလှမ်းဟာ အလယ်လပ်စရာ အကြောင်းမည်သို့ရှိမည်နည်း။ အလှမ်းကျယ် အလယ်လပ်ဆိုသော စကားသည်ကား အဘယ်မှာ မှန်မည်နည်း။ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်နေတဲ့ဘ၀ ပေါင်းစပ်တာ သဘာဝကျရင် တစ်နေ့ ပန်းတိုင်ဟာ မိမိ၏ ရင်ဝယ်လာရောက်ခိုလှုံရမည်မှာမလွဲပေ။ သို့ကြောင့် လူတိုင်းဟာ မိမိတို့ဘ၀ မိမိ ရောင့်ရဲတင်းတိမ်ပြီး လိုအပ်တာတွေ မှန်မှန်လျှောက်လှမ်းဖြည့်ကျင့်ပြီး အေးချမ်းသာယာသော ဘ၀ရည်မှန်းချက်တွေ ပြည့်ဝကြပါစေ။ ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP