* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 27, 2011

ပေးသူ ယူသူ စိတ်ထားဖြူ

ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်းဟာ ဒါနဆိုတဲ့ တရားပြုဖူးကြမှာပါ။ ဒါန ဆိုတာဟာ
လုပ်ရပ်အနေနဲ့ကတော့ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို တစ်ပါးသူအား ပေးကမ်း၊ စွန့်လွှတ်
လိုက်ရခြင်းပါပဲ။ အဲ စိတ်ဓာတ်အနေနဲ့ကတော့ ပစ္စည်းအပေါ်မှာ တပ်မက်တဲ့ လောဘ၊
တဏှာကို ပယ်သတ်နေတာပါ။ တစ်ဖန် အလှူခံ ပုဂ္ဂိုလ်အပေါ်မှာ ထားတဲ့ စိတ်ကလည်း
အဒေါသ မေတ္တာစိတ်ဓာတ်နဲ့ပေါ့။ မေတ္တာရှိလို့သာ လှူဖြစ်တာပါ။ လှူပြီးတဲ့နောက်မှာ
လှူလိုက်ခြင်းအပေါ်ဝမ်းမြောက်ဝမ်းသာနဲ့ တွေးတောနေမယ်ဆိုလျှင်လည်း ဒါဟာ ဘာဝ
နာပညာ ဖြစ်တာပါပဲ။ ဒီတော့ လှူတဲ့သူတွေက စိတ်ထားဖြူစင်ရပါမယ်။ ဘယ်ကဲ့သို့ စိတ်
ထားဖြူစင်ရမလဲဆိုတော့။ ပေးလှူခြင်းသည် သံသရာရှည်ရန်မဟုတ်၊ သံသရာဝဋ်က ပြတ်
ဖို့စိတ်ထားနဲ့ တဏှာဆိုတဲ့ အညစ်အကြေးဦးမဆောင်ဘဲ ပညာအသိတရား ဦးဆောင်လှူ
တတ်ရပါမယ်။ ဒါဟာပေးသူဘက်ကဖြူစင်ခြင်းပါ။ ပေးသူကဖြူစင်သလို ယူသူကလည်းပဲ
ဖြူစင်ရပါမယ်။
အာမိသ ပစ္စည်းများသုံးဆောင်ခြင်းသည် ခန္ဓာကိုယ်မပျက်စီးဖို့ အရှည်တည်တံ့နိုင်
ဖို့ဆိုသော ရည်ရွယ်ချက်နဲ့သာ သုံးဆောင်သင့်တာပါ။ သို့မဟုတ်ဘဲ အာမိသအပေါ် တဏှာ
မာန ဒိဋ္ဌိ ဆိုတဲ့ တရားသုံးပါးနဲ့စွဲကပ်ပြီး သုံးဆောင်မိလျှင်တော့ ယူတဲ့သူဟာ အယူမတတ်
ဖြစ်မှာပါ။ ဖြူစင်မှုနဲ့ယူတဲ့အခါ ယူခြင်းဟာ မြတ်ပါတယ်။ မဖြူစင်တဲ့အခါမှာတော့ ယူသမျှ
ပူပါတယ်။ ဒါကြောင့် ယူတဲ့သူဟာလည်း သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာသုံးရပ် အကျင့်
မြတ်တွေကို ကျင့်ဆောင်နိုင်ဖို့ဆိုတဲ့ ဖြူစင်မှုနဲ့သာ ယူသင့်ပါတယ်။ ယူတော့လည်းပဲ မလို
အပ်သောအရာများကို ပေးသမျှယူတာမျိုးမဟုတ်ဘဲ၊ လိုအပ်သည်ကိုသာ ယူခြင်းဖြင့် မိမိရဲ့
တဏှာ လောဘကို ပယ်သတ်ရမှာပါ။ လိုချင်ပိုင်ဆိုင်လိုတဲ့စိတ်ဟာ ပူပန်သောက ဖြစ်ရပါ
တယ်။ မရခင်မှာ ပူပန်နေရသလို ရပြီးတဲ့အခါမှာလည်းပဲ မပျက်စီးအောင် ပူပန်ရပြန်ပါတယ်။
ဒါကြောင့် ပူပန်မှုတွေက ကင်းချင်တယ် လွတ်ချင်တယ် အေးငြိမ်းချင်ပါတယ်ဆိုလျှင်တော့
ပိုင်ဆိုင်ရယူလိုစိတ်ကို ပယ်သတ်ရပါမယ်။ ဒါဟာ ပေးသူရော ယူသူပါ ကျင့်သုံးသင့်တဲ့ တရား
ပါပဲ။
ဓမ္မကို ပေးလှူခြင်းသည်ကား မွန်မြတ်လှပါ၏။ သံသရာဝဋ်ကို ပြတ်စေနိုင်၏။ ဓမ္မကို
ပေးသူသည်လည်း ဓမ္မကို ကျင့်သုံးသူ၊ ဦးထိပ်ပန်ဆင်သူ၊ သေချာနားလည်သူ ဖြစ်ရပါမယ်။
ဒါမှသာ ယူသူဘက်မှ မှန်ကန်သော ဓမ္မကို ရရှိမှာပါ။ သို့မဟုတ်ပါက အဓမ္မကိုပေးသူ ယူသူ
ဖြစ်သွားနိုင်ပါတယ်။ ယူသူကလည်း ဓမ္မကို မြတ်နိုးတန်ဖိုးထားမှ လက်ခံနိုင်မှာပါ။ ဘယ်လောက်
ပေးချင်သည်ဖြစ်စေ လက်ခံနိုင်စွမ်းမရှိသူကို ပေးလို့မရပါဘူး။ ပေးလှူခြင်းတကာတို့တွင် ဓမ္မကို
ပေးလှူခြင်းသည်ကား မွန်မြတ်လှပါပေ၏။ ဖြူစင်ရပါပေ၏။ ဖြူစင်သော ဓမ္မကို ဖြူစင်သူတို့သာ
လက်ခံနိုင်ကြပေ၏။ ဒါကြောင့် ပေးသူ ယူသူ စိတ်ထားဖြူ လို့ပြောလိုက်ရတာပါ။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။
မောင်ပညာ ( ကေတုမတီ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP