* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 27, 2011

- သာသနာ့ရောင်ခြည်အဖွဲ့ (၂၂) ကြိမ်မြောက် အလှူတော်

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့

သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၂ ကြိမ်မြောက် အလှူတော်အား ညောင်ကန်အေး သာသနာ့ရိပ်သာ (YISHUN) တွင် အောင်မြင်စွာ ကျင်းပ လှူဒါန်းခဲ့ကြပါသည်။ မိမိ၏ ကုသိုလ်စိတ်အား ထက်သန်မှု အလျောက် သာသနာ့ရောင်ခြည်၏ ၂၂ ကြိမ်မြောက် အလှူတော်အား တက်ရောက် သာဓုအနုမောဓနာ ခေါ်ယူခဲ့ကြသည်ကို ပီတိဝေဖြာ စိတ်အားကြည်လင်စွာဖြင့် မြင်တွေ့ခံစား ခဲ့ကြရပါပြီ။
ထိုအတူ လာမည့် အောက်တိုဘာလ ၃၀ ရက်တွင် ညောင်ကန်အေး သာသနာ့ရိပ်သာ (YISHUN) တွင် သာသနာ့ရိပ်သာ၏ ဘုံကထိန်ပွဲနှင့် တူယှဉ်နွှဲကာ ကာလဒါန အလှူတော်အဖြစ် သာသနာ့ရောင်ခြည်အဖွဲ့၏ ၂၃ ကြိမ်မြောက်အလှူတော်အား သာဓုအနုမောဓနာ အတူတကွ ခေါ်ယူကြည်ညိုကြမည် ဖြစ်ပါသည်။
ထိုမျှမက အဖွဲ့ဝင်အားလုံး၏ စေတနာ၊ ကုသိုလ်စိတ်အား၊ ကျွေးမွေးလှူဒါန်းလိုမှု ဒါနအားများဖြင့် တိုင်ပင်ထားကြသည်မှာ ဘုံကထိန်ပွဲ တက်ရောက်လာကြသူ ဧည့်ပရိတ်သတ် အပေါင်းအား ကြက်သားအာလူး ပလာတာ များဖြင့် တည်ခင်းဧည့်ခံပြီး စေတနာပီတိ ဂွမ်းဆီထိကြမည် ဖြစ်ပါသည်။ ကြက်သားအာလူး ပလာတာ ဟင်း အစီအစဉ် အသေးစိတ်အား ထပ်မံပေးပို့ တိုင်ပင်ပါအုံးမည်။
ဆရာတော်များအား သီးသန့် ဆွမ်းဟင်းများ ကိုယ်တိုင် ချက်ပြုတ်ပြီး ကုသိုလ်ပြုကြသော အဖွဲ့ဝင် ကိုအောင်သိန်းထွန်း၊ ကိုခင်မောင်သန်း+မခင်ခင်နွယ် နှင့် ဆွမ်းဆန်ဒါန ကိုထွန်းကျော်၊ အခါမလပ် ဆွမ်းဟင်းများ မညီးမညူ ၀ယ်ယူပေးသော ကိုမြတ်ကို နှင့် တက်ရောက်လာကြသူ အဖွဲ့ဝင်အသစ်များ၊ မူလ အဖွဲ့ဝင်များ အားလုံးအား သာသနာ့ရောင်ခြည်အဖွဲ့မှ အထူးကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ နာမည်မေ့ကျန်ခဲ့သည် ရှိသော် နားလည်ခွင့်လွှတ်ပေးကြပါ။ (အကယ်ဒမီဆုပေးပွဲ ကျေးဇူးတင်စကား ပြောသလိုလို….  )

မေခ မလိခ

ပေါင်းစုဆုံညီ

ဧရာနဒီ။

စေတနာ မေတ္တာ

ပေါင်းစုအောင်ညီ

သာသနာ့ရောင်ခြည်။

မေလိ ဧရာ

ပေါင်းစုညီ

သာသနာ့ရောင်ခြည်

သက်နှင်းချီ။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP