လွတ်ရာကမ်းသို့...
လောက ကောင်းကင်ကြီး အောက်
ရှုပ်ထွေးပွေလီ ဇာတ်ကြောင်းတွေနဲ့
သရုပ်ဆောင်နေကြ လူသားဘဝ
ရီလိုက် ငိုလိုက် လွမ်းဆွေးလိုက်နဲ့
ငရုပ်သီးထဲက ပိုးလို
ကိုယ့်ကိုယ်ကိုယ် ပူမှန်းမသိ အသိမဲ့။
ခန္ဓာငါးပါးသစ္စာ ဗုဒ္ဓတရားများ
ဟုတ်မှန်ပိုင်းခြား သိ ဤလူသားသည်
ဒိဋ္ဌိမာယာကြားက ဖောက်ထွက်ရင်း
အချိန်မနှောင်းခင် ဒီဘ၀အမီ
မဂ္ဂင်လမ်းလျှောက် မေတ္တာလွှမ်းကာ
လွတ်ရာကမ်းသို့ ကူးချေပြီ…..

0 comments:
Post a Comment