* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, August 22, 2011

မြစ်တစ်စင်း ရဲ့ အထုပ္ပတ္တိ

*ဘဝဆိုတာ......... မြစ်တစ်စင်း

ခင်းထားတဲ့ လမ်းကိုလျှောက်ရတာမျိုး မှ မဟုတ်..။

ဆုတ်နစ်တိုက်စား ဝါးမြိုသွားတတ်တာလည်းရှိ

ကမ်းယံ လျှိုမြှောင်….တောတောင်တစ်ကြော

မြုတ်မျောရေဆန်..အဖန်ဖန် တလဲလဲ…ဝဲကန်တော့တွေ့

ရေလယ်ကောင်ကျွန်း သောင်ထွန်းတတ်ပြန်..

လောကဓံတွေ ခံရင်း….စံရင်း

ရုန်းကန်ရင်းဖြင့်…မြစ်တစ်စင်း လို

ထွင်းဖေါက် ဖြတ်ကျော်ခဲ့ဘူးတယ်..။

*အလှဆိုတာ …...မြစ်တစ်စင်း

နံနက်ခင်းဖြင့်နိုးထ….

ရောင်နီဦးဖြင့် ရုန်းကြွ…..

တောက်ပ တဲ့လှိုင်းဂယက်တွေ..တစ်လက်လက် ညွတ်နူး

ငွေသောင်ဦး ဆီ…

ရီနွဲ့…

ကြည်လဲ့….

အမဲ့အပြုံး…အမုန်းအချစ်…

အသစ်အဟောင်း…အကောင်းအဆိုး..

အကျိုးအကြောင်း…အပေါင်းအစု…

ပြုပြုသမျှ…..ခဏတာပေါ် ထွက် ….

ရေပွက်ပွက်သလို…..ထိုထိုမြစ်အတွင်း…

နှစ်ခါပြန်ဆင်းမရ…

လှိုင်းထ ရေအလျဉ်…တသွင်သွင်စီးဆင်း

တင်းတင်းဆုပ်ကိုင် မရနိုင်ခဲ့..။

*ဓမ္မဆိုတာ.................. မြစ်တစ်စင်း

အရင်းအနှီးကကြီးလွန်းတယ်..။

သံသရာဝဲ ဖန်ဖန်မစဲ…ငရဲအပါယ် အိမ်သဖွယ်လို

ခိုနားပေးဆပ်..မရပ်မနား…

ပြေးလွှားကျင်လည်ခဲ့ဘူးတယ်..။

ဘဝသံသရာ

စုန်ဆန်တစ်ကြော…မျောလိုက် မြုပ်လိုက်

ငုတ်လိုက်..ပေါ်လိုက်..။

အငိုက်မိလိုက်…နိုးကြားလိုက်နဲ့

ထိုက်တန်လာသော ဘဝတောမှာ…..

ဘဝအမောတွေကင်းလိုတယ်..။

ရတောင့်ရခဲ….ဘဝထဲမို့

ရဲရဲသာတွေး…အေးမြသန့်စင်လိုပြန်တယ်..။


ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်

ရေလယ်မမြုပ်၊ သောင်ငုတ် မတင်

လူ နတ် ဆယ်မဲ့၊ ဝဲလှည့် ကင်းစင်

တွင်းပုပ်မှု၊ ကင်းပြု ပင်လယ်ဝင်။

ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်

ရေလယ်မမြုပ်၊ သောင်ငုတ် မတင်

လူ နတ် ဆယ်မဲ့၊ ဝဲလှည့် ကင်းစင်

တွင်းပုပ်မှု ကင်းပြု နိဗ္ဗာန်ဝင်။သတဲ့….။


ဒါရုက္ခန္ဓောပမသုတ် လာ….အင်္ဂါရှစ်ချက်…

သစ်တုံးထက်..မှာ…နက်နက်ရေးထွင်း…

ညွှန်ကြားခြင်းဖြင့်…….

ပို့ဆောင်ပေး ရင်း…. စီးဆင်းခြင်းဖြင့်…

မြစ်တစ်စင်း အစ…ဓမ္မမြစ်ပြင်..တစ်သွင်သွင်စီး

ခရီးမဖင့်….လမ်းလည်းသင့်အောင်…ပို့ဆောင်ညွှန်ပြ

ဓမ္မမြစ် ၏ အစစ်တာဝန်….

တာဝန်အစစ်…..အသစ်ရေစီး

တန်ဘိုး ကြီးမြတ် ချင်ပါတယ်။


မေတ္တာဖြင့်-သစ္စာအလင်း

“ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်ရေလယ်မမြုပ်၊ သောင်ငုတ် မတင်လူ နတ် ဆယ်မဲ့၊

ဝဲလှည့် ကင်းစင်တွင်းပုပ်မှု ကင်းပြု ပင်လယ်ဝင်။

ဒီကမ်း ဟိုကမ်း၊ ငြိစွန်း မတင်ရေလယ်မမြုပ်၊ သောင်ငုတ် မတင်လူ နတ် ဆယ်မဲ့၊

ဝဲလှည့် ကင်းစင်တွင်းပုပ်မှု ကင်းပြု နိဗ္ဗာန်ဝင်။”

“မျက်စိနဲ့ နား၊ နှာဖျား လျှာ ကိုယ်စိတ်ဓာတ်ခြောက်ခန်း၊ ဒီကမ်း မိန့်ဆို။

*ဆင်း သံ နံ့ များ၊ စားရသာ ထိုတွေ့ သဘော မိန့်ဟော ဟိုကမ်း ဆို။

နန္ဒီရာဂ၊ မြုပ်ကျ ရေလယ်ကုန်းပေါ်တင်ငြား၊ ထောင်လွှားမာန်ကြွယ်။

လူမှုကိစ္စ၊ များလှ လူဆယ်နတ်ပြည်မှန်း နတ်ဖမ်းခံရတယ်။

အာရုံငါးချက်၊ ဝဲဂယက်ပေဝေးကာရှောင်ရှား၊ ရှုပွားနိုင်စေ။

သီလပျက်ယွင်း၊ တွင်းပုပ်ဆွေးလေအင် ရှစ်ချက် ဖဲထွက်နိုင်ကြစေ။*

*ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး*

http://www.blogger-index.com/feed474512.html

လောကချမ်းသာ ဘလော့မှ..

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP