* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 16, 2011

နိုင်ငံခြားသာသနာပြု ခေါင်းဆောင်ဆရာတော်များကို ဖူးတွေ့ရခြင်း


အမှတ်စဉ်(၁၂)

စာရေးသူသည် အမေရိကသို့ ၂၀၀၇ခုနှစ်၊ မတ်လ၊ ဒုတိယပတ်က ရောက်ဖူးခဲ့ပါသည်။ လော့စ်အိန် ဂျလီဘက်တွင် သုံးလကျော်နေခဲ့ပြီးနောက် အရှေ့ဘက် ဒေသများဆီသို့ ရောက်ခဲ့ပါသည်။ နယူးယောက်၊ ၀ါရှင်တန်၊ ဒက်ထရွိုက်၊ ဒါးလပ်စ်မြို့ကြီးများသို့ရောက်ခဲ့ပါသည်။ အနောက်ဘက်တွင်ရှိခဲ့စဉ် ဖီးနစ်စ်၊ လပ်စ်ဗီးဂတ်စ်၊ ဆန်ဖရန်စစ္စကိုတို့သို့ လည်ဖြစ်ခဲ့ပါသည်။ အလယ်ပိုင်းပြည်နယ်ဖြစ်သော တက္ကဆက်ပြည် နယ်၊အော်စတင်မြို့သို့လည်းရောက်ဖြစ်ခဲ့ပါသည်။ သီတဂူ ဆရာတော်ကြီး တည်ထောင်ထားသောကျောင်း တွင် သီတင်းသုံးနေသည့်ဒေါက်တာအရှင်အရိယဓမ္မသည် မိတ်ဆွေရင်းဖြစ်သည့် ရဟန်းတော်ဖြစ်ပါသည်။ ထိုကျောင်းသည် ဧကနှစ်ဆယ်ခန့် ကျယ်ဝန်းသောကျောင်းတိုက်တော်ကြီးဖြစ်ပြီး ယခုဆောင်းပါးရေးနေ ချိန်တွင် ဆရာတော်ကြီးသည် အမေရိကတွင် ၀ါဆိုပြီး ရွှေစည်းခုံစေတီတော်ကြီးကို ကျောင်း၏ အလည်တွင် တည်ထားကိုးကွယ်ရန် အားထုတ်နေဆဲဖြစ်ပါသည်။

လွန်ခဲ့သောလေးနှစ်က ထိုအော်စတင်ကျောင်းတော်တွင် သီတဂူဆရာတော်ကြီးကို သုံးညခန့်မျှ ဖူးတွေ့ခဲ့ပါ သည်။ ဆရာတော်ကြီးနှင့်အတူ ပစ္ဆာသမဏအဖြစ် အရှင်အရိယဓမ္မနှင့်အတူ ဒါးလပ်စ်မြို့သို့ အလည် အပတ်ရောက်ခဲ့ပါသေးသည်။ ထိုကျောင်းတွင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်တွင်အတူ သီတင်းဖူးသော အရှင်ပညာဒီပါဘိဝံသကိုလည်းတွေ့ခဲ့ရပါသည်။တောင်ကိုရီးယားရောက်သော် အရှင်ပညာဒီပါဘိဝံသ ၏ကျောင်းဒကာမ ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူ မရွှေမာသန်းကိုတွေ့ရသောအခါ စကားစပ်မိလေ သဖြင့် သူမကျောင်းဆောက်ကိုးကွယ်သော ရဟန်းတော်တစ်ပါးဖြစ်ကြောင်းသိခဲ့ပေရာ ကမ္ဘာကြီးက ကျဉ်း ကျဉ်းလေးဟူသော သီအိုရီသည် ပိုမိုခိုင်မြဲသွားပေသည်။ ဦးပညာဒီပသည်ထိုစဉ်က ဗီယက်နာမ်ကျောင်း တွင် သီတင်းသုံးနေခဲ့ပြီး ထိုဧရိယာတွင်ကျောင်းတစ်ကျောင်းဖြစ်မြောက်ရန် အားထုတ်မည်ဟု ဆိုခဲ့ပါသည်။ ယခုစာရေးနေချိန်တွင် ကျောင်းဆောက်ဖြစ်သလား၊ မဖြစ်သေးဘူးလားကို မသိရပဲရှိပါသည်။

ထိုစဉ်က ဦးပညာဒီပါဘိဝံသရှိရာ ဗီယက်နာမ်ကျောင်းသို့ သီတဂူဆရာတော်ကြီး တရားသွားဟောရာတွင် စာရေးသူနှင့် ဦးအရိယဓမ္မတို့ လိုက်ပါသွားခဲ့ကြပါသည်။ လမ်းခရီးတွင်မြန်မာအမျိုးသားများနေအိမ်တွင် တစ်ညတာ တည်းခိုခဲ့ကြပါသည်။ ကန်၏ဘေးတွင် တည်ဆောက်ထားသော အဆင့်အတန်းမြင့်လှသည့် အိမ်တစ်အိမ်ဖြစ်ခဲ့ပါသည်။နောက်တစ်နေ့တွင် တရားဟောရန်ဆက်ပြီး ထွက်လာခဲ့ရာတွင် သီတဂူ ဆရာတော်ကြီးသည် ဗီယက်နာမ် အမျိုးသားသမီးတို့အား အင်္ဂလိပ် ဘာသာဖြင့် တရားဟောကြား ခဲ့ခြင်းဖြစ်ပါသည်။ ထိုညတွင် အမှတ်မထင် သီတဂူဆရာတော်ကြီး၏ တပည့် ဗီယက်ဦးဇင်းလေး တစ်ပါးကိုတွေ့ခဲ့ရာ တရား ပွဲပြီးသောအခါ ဒါးလပ်စ်မြို့တော်၏ ညရှုခင်းများကို သူကိုယ်တိုင် ကားမောင်း ပြီးပြသခဲ့ပါသည်။ ထိုတရားပွဲပြီးသောအခါတွင်အော်စတင် မြို့သို့ပြန်လာခဲ့ကြပါ သည်။အော်စတင်တွင် ရှိနေခဲ့စဉ် ဆရာတော်ကြီး၏ကျောင်းတွင်ခြေဆုပ်လက်နယ်ပြုရင်း စကားစပ်ခဲ့ကြပါသည်။ ဆရာတော်ကြီး က စာရေးသူနေနေသော သန္တိသစ္စာတရားဋ္ဌာန အကြောင်းကိုမေးမြန်းခဲ့ပါသည်။ စာရေးသူလည်း အနည်း ငယ်မျှပြန်လျောက် ထားခဲ့ပါသည်။ ထိုအခါ ဆရာတော်ကြီးက မိန့်သည်မှာ သူ့ကိုငွေမက်သည်ဟု ထင်မြင် ကြကြောင်း သူကလည်း မက်ရမယ်ကွ ဦးနန္ဒကရ ငါမက်တာလည်း ငါ့အတွက်မဟုတ်ပါဘူးကွာဟု မိန့်တော် မူခဲ့သည်ကို သတိရနေမိခဲ့ပါသည်။ ထိုအခါစာရေးသူ၏ စိတ်၌ သာသနာတော်အတွက်လောကဓံဒဏ်များကို ကြံ့ကြံ့ခံဆောင်ရွက်နေသော ဆရာတော်ကြီးကို အထူးကြည်ညိုစိတ်ဖြစ်မိခဲ့ပါသည်။ မင်းကောမြန် မာပြည်ပြန်သွားရင် ဘာတွေယူသွားဖို့ စိတ်ကူးလဲ ငါ့ရှင်ရဟုမေးခဲ့ရာ တပည့်တော်တော့ဒေါ်လာတွေ သယ်သွားမယ်ဘုရားဟုလျောက်ထားခဲ့ရာ ဆရာတော်က စာရေးသူပြောသောဒေါ် လာတွေသယ်သွားမယ် ဟူသောစကားကိုနှစ်ကြိမ်တိုင်တိုင် ၇ွတ်နေခဲ့ပါသည်။ တစ်ဖန်စာရေးသူက ဆရာတော်ကြီးကို ဤကဲ့ သို့လျောက်ထားခဲ့ဖူးပါသည်။ ဆရာတော်ဘုရား ဆရာတော်၏ ဘ၀ကို တပည့်တော်လေ့လာကြည်ရာ ဆရာတော်၏ ဘ၀မှာ အတက်လမ်းတွေသာမြင်ခဲ့ရပါသည်။ ကျရှုံးတယ်ဆိုတာ မတွေ့မိပါဘုရား ဟုလျောက်ထားခဲ့သေးသည်။ ထိုအခါဆရာတော်က မင်းသာ တက်တာတွေ၊ ကျတာတွေ စဉ်းစားနေတာပါ။ ငါကတော့ တစ်ခါမှ မတွေမိပါဘူးဟု မိန့်ခဲ့ပါသည်။

နံနက်ခင်းတိုင်းတွင် ဆရာတော်ကြီးနှင့် အပြင်သို့ လမ်းလျောက်ထွက်လေ့ရှိရာ အဖြူအိမ်မှခွေးကြီး တစ်ကောင်သည် စာရေးသူတို့နှင့်အတူ လိုက်ပါလေ့ရှိပါသည်။ ဆရာတော်ကြီးကျောင်းတွင် သမင်များ၊ ဒရယ်များလည်း အကောင်သုံးဆယ်ခန့်နေ့စဉ် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လာလေ့ရှိရာ ဦးအရိယဓမ္မနှင့်စာရေးသူတို့ အသင့်ပြုလုပ်ထားသောပြောင်းဖူးများကိုကျွေးခဲ့ပါသည်။ ဆရာတော်ကြီး၏ကျောင်းသို့ အမေရိကန်များလည်း တရားထိုင်ရန်လာလေ့ရှိပါသည်။ စာရေးသူမှတ်မိသည်မှာ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဖြစ်ပါသည်။ ဆရာတော်ကြီး၏ကျောင်းတွင် တစ်ပတ်ခန့်ရှိနေခဲ့စဉ် မြန်မာမိသားစုများ ထံသို့လည်းဆွမ်းစား ကြွဖြစ်ခဲ့ပါသည်။ သမ္မတဟောင်းတစ်ဦး၏ အိမ်သို့လည်း ဦးအရိယဓမ္မ၊ နယူးယောက်မှ လာသော ဒကာတစ်ဦးတို့နှင့်အတူ လည်ဖြစ်ခဲ့သေးသည်။ အော်စတင်လွှတ်တော် အဆောက်အဦးသို့လည်း ဒကာမနှစ်ဦး၊ ဦးအရိယဓမ္မနှင့် စာရေးသူတို့ သွားဖြစ်ခဲ့သေးသည်။ တက္ကဆက်ပြည်နယ်က အမေရိကန် သမ္မတ သုံးဦးပေါ်လာခဲ့သည်ကို စာရေးသူ သတိပြုမိပါသည်။ ထို့နောက်အော်စ တင်မှလော့စ်အိန်ဂျ လီသို့ပြန်လာခဲ့ပါသည်။ စာရေးသူ မပြန်ခင်ပင် ဆရာတော်ကြီးက တရားဟောရန်ကိစ္စဖြင့် ခရီးဆက်ကြွ ခဲ့ပါသည်။

အမှန်ပြောရရင် စာရေးသူ အမေရိကလော့စ်အိမ်ဂျလီမှမြန်မာပြည်သို့ ငါးလနှင့်သုံး ရက်နေခဲ့ ပြီးပြန်လာခဲ့သောအခါတွင် ဆရာတော်ကြီးကိုလျောက်ထားမိခဲ့သောဒေါ်လာတွေ သယ်လောက်အောင်လဲ မရခဲ့ပါ။ခြစ်ချုတ်စုထားသောဒေါ်လာလေးထောင်ခန့်သာ အလှူခံခဲ့ရပါသည်။ ထိုကျောင်းတွင် သီတင်းသုံးခဲ့ စဉ် ၀င်ငွေတစ်ဝက်ကို ကျောင်းသို့ ပြန်လှူခဲ့ရပါသည်။ ဆက်ရန်

ဒေါက်တာအရှင်နန္ဒက ဓမ္မဒူတကျောင်း၊ အင်ချွန်းမြို့၊ တောင်ကိုရီးယားနိုင်ငံ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP