* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 16, 2011

တို့အတွက် အကောင်းဆုံးအချိန်…

တို့အတွက် အကောင်းဆုံးအချိန်…


''အကြင် သတ္တဝါတို့သည် ဖြစ်ဆဲဖြစ်ကုန်၏။ အကြင် သတ္တဝါတို့သည်လည်း နောင်ဖြစ်ကုန်လတ္တံ့။ ထိုသတ္တဝါ အားလုံးသည် ခန္ဓာကိုယ်ကို ပယ်စွန့်၍ သွားကြကုန်လတ္တံ့။ လိမ္မာသူ ပညာရှိသည် ထိုအလုံးစုံ ပျက်စီး ဆုံးရှုံးခြင်းကို သိမြင်၍ ပြင်းထန်သော လုံ့လရှိလျက် မြတ်သော အကျင့်ကို ကျင့်ရာ၏''





အပ္ပါယုကသုတ်

အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်…
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ညနေချမ်းအခါ တစ်ယောက်တည်း ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကို ဒဒအသျှင်ဘုရား အံ့သြဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊

အသျှင်ဘုရား မြတ်စွာဘုရား၏ မယ်တော်သည် အလွန်နည်းသော အသက်ရှိ၏။ မြတ်စွာဘုရား မွေးဖွားပြီး နောက် ခုနစ်ရက်မြောက်၌ ကွယ်လွန်၍ တုသိတာနတ်ပြည်၌ ဖြစ်ပါ၏ ဟု လျှောက်၏။

အာနန္ဒာဟုတ်ပေ၏။

အာနန္ဒာ ဘုရားလောင်း မယ်တော်တို့သည် နည်းသော အသက်ရှိကုန်၏။ ဘုရားလောင်းကို ဖွားမြင်ပြီးနောက် ခုနစ်ရက်မြောက်၌ ကွယ်လွန်ကြ၍ တုသိတာနတ်ပြည်၌ ဖြစ်ကြရကုန်၏ ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌…

''အကြင် သတ္တဝါတို့သည် ဖြစ်ဆဲဖြစ်ကုန်၏။ အကြင် သတ္တဝါတို့သည်လည်း နောင်ဖြစ်ကုန်လတ္တံ့။ ထိုသတ္တဝါ အားလုံးသည် ခန္ဓာကိုယ်ကို ပယ်စွန့်၍ သွားကြကုန်လတ္တံ့။ လိမ္မာသူ ပညာရှိသည် ထိုအလုံးစုံ ပျက်စီး ဆုံးရှုံးခြင်းကို သိမြင်၍ ပြင်းထန်သော လုံ့လရှိလျက် မြတ်သော အကျင့်ကို ကျင့်ရာ၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 42

၂ - အပ္ပါယုကသုတ်၊ သောဏဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP