* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 16, 2011

ကိုယ့်အလိုပါစေဖို့

တစ်ပါးသူကို မိမိအလိုကျအတိုင်း လုပ်ဆောင်စေဖို့၊ လိုက်လျောစေဖို့ လူတိုင်းမှာ ဆန္ဒရှိကြပါတယ်။ သို့သော် လွယ်ကူစွာတော့ တစ်ပါးသူက မိမိရဲ့အလိုကို လိုက်ပါလုပ်ဆောင်ပေးဖို့အတွက်ကတော့ မိမိမှာ ပေးဆပ်ရမည့်အရာတွေ၊ သိသင့်ထားတဲ့ နည်းစနစ်တွေ မရှိပါက မပေးအပ်ပါက လွယ်ကူမည်မဟုတ်ပါ။ တစ်ဖက်သားကို မိမိအလိုသို့ လိုက်ပါစေမယ့် နည်းစနစ်များကို စာဖတ်သူကို မျှဝေချင်မိလိုပါ။ ဒီ တစ်ဖက်သားကို မိမိစိတ်ကြိုက် လိုရာလိုက်ပါစေဖို့အတွက် လုပ်ဆောင်ရမည့် နည်းလမ်းနည်းသွယ်ကတော့ တစ်ဆယ့်သုံးချက်ရှိတယ်ဆိုပြီးတော့ “စိန္တကျော်သူ ဆရာကြီး ဦးသြ က သူ၏ သြ၀ါဒထူးပျို့” စာအုပ်မှာ လက်ာလေးပြုကာ ပြောပြထားတာလေးပါ။

တစ်ဖက်သားကို မိမိစိတ်အလိုတိုင်း ဖြစ်စေချင်၊ လိုက်ပါစေချင်၊ လုပ်ကိုင်ပေးစေချင်သူများအတွက် ဖတ်ရှု့ကာ မှတ်သားထားပြီးတော့ လက်တွေ့ကျကျ အသုံးချကြည့်ဖို့တော့ တိုက်တွန်းလိုပါတယ်။ စိန္တကျော်သူ ဦးသြကတော့ လက်တွေ့ကျကျ ပြောမှာထားတဲ့အတိုင်းသာ ကျင့်ကြံကြည့်ပါတဲ့…..သင့်အလိုအတိုင်း တစ်ဖက်သား လိုက်ပါလိမ့်မယ်လို့ အာမခံစကား ဆိုထားပါတယ်။ စာရေးသူနဲ့ အတူ လက်တွေ့ကျကျ လိုက်နာကျင့်ကြံ ကြည့်ရအောင်ပါ။

ဘာသာစရိုက်၊ ကိုယ့်စိတ်ကြိုက်သို့၊ လိုလိုက်စေရာ၊ ဆယ့်သုံးဖြာကား……………………

မေတ္တာနှံ့မွန်း၊ ဆွေခင်ပွန်းကို၊ ဖြောင့်တန်းတည့်မတ်၊ နှလုံးမြတ်က၊ ဆွတ်လွတ်ကြင်နာ၊ ကိုယ့်ဆီပါ၏။

မေတ္တာပျက်ပြယ်၊ ရန်သူဝယ်ကား၊ ဥပါယ်တမျင်၊ သင့်ရာယှဉ်က၊ စိတ်ယဉ်သာသာ၊ ကိုယ့်လိုပါ၏။

ဥစ္စာပြီးထူ၊ လိုသသူကို၊ ကြည်ဖြူမြတ်လေး၊ ဝေငှပေးက၊ မနှေးလွယ်ကာ၊ ကိုယ့်လိုပါ၏။

အာဏာပြင်းပြ၊ ပိုင်စိုးရမူ၊ ကိစ္စဥဿုံ၊ မူခွင့်ကုန်အောင်၊ စေ့စုံကျယ်နှံ့၊ လုပ်ဆောင်ဝံ့က၊ နူးညံ့ချိုသာ၊ ကိုယ့်လိုပါ၏။

မြတ်စွာပုဏ္ဏား၊ ရဟန်းအားမူ၊ ပြစ်မှားမရှိ၊ ရိုသေဘိက၊ ဖြန့်ချိမေတ္တာ၊ ကိုယ့်လိုပါ၏။

ဆရာကိုကား၊ ရှိငါးပါးဖြင့်၊ ကြိမ်များဖန်လဲ၊ ရိုညွတ်မြဲက၊ ပယ်လွဲမခွါ၊ ကိုယ့်လိုပါ၏။

မေတ္တာရွှန်းဆို၊ မယားကိုမူ၊ စိတ်လိုအသင့်၊ ချစ်ပန်းပွင့်က၊ နွှဲဖင့်မကြာ၊ ကိုယ်လိုပါ၏။

မိစ္ဆာလွှမ်းထား၊ သူမိုက်အားမူ၊ စကားသာကြည်၊ အလည်အ၀ိုက်၊ အလိုလိုက်က၊ စိတ်ကြိုက်ရာရာ၊ ကိုယ့်လိုပါ၏။

ပညာရှိငြား၊ သူတိုအားမူ၊ ခစားမြတ်လေး၊ ပညာပေးက၊ အရေးလျင်စွာ၊ ကိုယ့်လိုပါ၏။

ရသာလိုမူ၊ စားကြူးသူကို၊ ယူ၍ကျွေးမွေး၊ စားဖွယ်ပေးက၊ မနှေးလွယ်စွာ၊ ကိုယ့်လိုပါ၏။

ဝါစာဖရုသ်၊ ကြမ်းကြုတ်ခက်ထန်၊ မျက်မာန်ဖြီးထူ၊ ကြီးသသူကို၊ ငြူစူမဆို၊ အလိုလိုက်မူ၊ ချီးမွမ်းပြုက၊ ရုံးစုညီညာ၊ ကိုယ့်လိုပါ၏။

ဆွေညာမျိုးပြား၊ သူတို့အားမူ၊ စီးပွားဝေငှ၊ နှုတ်လက်မ၍၊ လုံ့လကြီးထု၊ ကျေးဇူးပြုက၊ လူလူမကြာ၊ ကိုယ့်လိုပါ၏။

လေးဖြာမျိုးပြား၊ သူတို့အားမူ၊ ကြိုးစားနေ့ရေ၊ မေတ္တာဝေက၊ အုတ်ထွေပုံရာ၊ ကိုယ့်လိုပါသည်………မှာစာဤနှင့်၊ မှန်အောင်ကျင့်……………။

(ဥယျာဉ်မှူးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP