အင်္ဂလိပ် Grammar သင်ခန်းစာ (၁၆)...
ဒီသင်ခန်းစာမှာတော့ နာမ၀ိသေသန Adjective နှစ်ခု ထပ်ပြီး သုံးထားပုံကို ပြောပြပေးသွားပါ့မယ်။
အဲဒါလေးတွေက လွယ်သယောင်ယောင်နဲ့ မှားတတ်လို့ပါ။
ပထမဦးစွာ သိထားရမှာက Opinion Adjective ခေါ်တဲ့ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ နာမ၀ိသေသနတွေ ကိုပါ။
တစ်စုံတစ်ဦးဟာ တစ်ခုခု ဒါမှမဟုတ် တစ်ဦးဦးနဲ့ ပတ်သက်ပြီး တွေးထင်တာတွေကို ပြောပါတယ်။
အဲဒါတွေကတော့ -
Nice, insteresting, delicious, beautiful, etc.,…
နောက် တစ်ခုက Fact Adjective လို့ ခေါ်တဲ့ ဖြစ်ရပ်မှန် နာမ၀ိသေသန ပါပဲ။ သူတို့တွေဟာ အသက်၊ အရွယ်အစား၊ အရောင် အစရှိတဲ့ ဖြစ်ရပ်မှန် အချက်အလက်တွေကို ပေးပါတယ်။
အဲဒါတွေကတော့ -
Long, new, round, young, hot, large, wooden, etc.,…

0 comments:
Post a Comment