* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 4, 2011

သိသလား?

ဘုရားရှင်အကြောင်း မေးလိုက်ရင် မိမိအပါဝင် ချက်ချင်းမသိသေးသောသူများအတွက် ရည်ရွယ်တယ်။ လူ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ သိသင့်၊သိထိုက်တာတွေကို ဆက်လက် မျှဝေမယ်။

ဗုဒ္ဓ၀င်မှတ်စု (၁)

၁။ဗျာဒိတ်ခံယူသော ဘ၀>>>သုမေဓာရှင်ရသေ့ဘ၀။

၂။ဗျာဒိတ်ခံယူသောကမ္ဘာ>>>သာရမဏ္ဍကမ္ဘာ။


၃။သာရမဏ္ဍကမ္ဘာတွင် ပွင့်တော်မူသော ဘုရားများ>>>

(၁) တဏှာင်္ကရာ၊
(၂) မေဓင်္ကရာ၊
(၃)သာရဏင်္ကရာ၊
(၄)ဒီပင်္ကရာ၊

၎။ဗျာဒိတ်ပေးသောဘုရားရှင်>>>ဒီပင်္ကရာ။


(၅)ဗျာဒိတ်ခံယူသောနေ့ >>>ကဆုန်လပြည့်နေ့။


(၆)ပါရမီဖြည့်ဖက်အမျိုးသမီး>>>သုမိတ္တာ။


(၇)ပါရမီဖြည့်ရာကာလ>>>>>>သုမေဓာရှင်ရသေ့ဘ၀မှ ဝေဿန္တရာမင်းကြီးဘ၀အထိ၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း။


(၈)ဖြည့်ဆီးခဲ့သော ပါရမီများ>>>ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာ၊ စုစုပေါင်း (၁၀) ပါး။


(၉)ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက်များ>>>သတ္တများ၏ ကောင်းကျိုးကို ဆောင်ရွက်တော်မူရန်။


(၁၀)စွန့်ခြင်းကြီးငါးပါး>>>>>>(၁) စည်းစိမ်ဥစ္စာကို စွန့််လှူခြင်း၊ (၂) သားသမီးကို စွန့်လှူခြင်း၊ (၃) ဇနီးမယားကို စွန့်လှူခြင်း၊ (၄) ကိုယ်၊ လက်အင်္ဂါကို စွန်လှူခြင်း၊ (၅) အသက်ကိုစွန့်လှူခြင်း၊


မော်ကွန်းသစ်
8:2pm, 1.7.2011

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP