* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 4, 2011

သဘာဝ တရားရိပ်သာ ဆိုသည်မှာ .........(သစ္စာတရားကုထုံး (သို့) အနတ္တဆောင်းပါးများ-၂) ebook



ဆင်းရဲ ချမ်းသာမရွေး၊
အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး၊ အချိန်-ရက်မရွေး၊ တရားလာရောက်အားထုတ်နိုင်သော သန်လျင်သဘာဝတရားရိပ်သာမှ ဓမ္မာနုပဿနာ သစ္စာတရားများဖြင့် ရောက်လာသူမှန်သမျှကို ဘ၀အမော-ပြဿနာအခက်အခဲများမှသည် တရားအခက်အခဲများကိုပါ ကူညီလက်ခံဖြေရှင်း ဟောပြောလမ်းညွှန်ပေးနေသော သဘာဝရိပ်သာဆရာတော်ဦးဥတ္တမသာရ နှင့် ပတ်သက်ပြီး ယောဂီတချို့၏ ပေးစာများ စုစည်းမှု ဒုတိယပိုင်း ebook (သစ္စာတရားကုထုံး (သို့) အနတ္တဆောင်းပါးများ-၂) စာအုပ်လေးကို ဓမ္မဒါနမျှဝေအပ်ပါသည်.။
ebook စာအုပ်လေးကို attachment တွင် ဖြစ်စေ ။

အောက်ပါလင့်တွင်ဖြစ်စေ ဒေါင်းလုပ်ကူး ဖတ်ရှုနိုင်ပါပြီ။
http://www.mediafire.com/?12drwb42wtyoevu



လောကဓံနဲ့ တွေ့ကြုံတဲ့အခါမှာ ငါကတရားတွေ အားထုတ်ထားတယ်၊ တရားစခန်းတွေ (၁)နှစ် (၂)ကြိမ်၊ (၃)ကြိမ် ၀င်နေတာ၊ သူများထက်စာရင် ဒေါသလျော့ရမယ်၊ စိတ်ကောင်းထား ရမယ်၊
သူများ အပေါ်မှာ မကျေနပ်တဲ့စိတ်တွေကို လျှော့ပစ်ရမယ် ဆိုပြီး ကိုယ့်စိတ်ကိုကိုယ် အတင်းဒေါသလျှော့၊ အတင်း စိတ်ကောင်းထားရတာ၊ တမင်လုပ်ယူရတာ၊ အရမ်းပင်ပန်း လာတယ်။
ဒါနဲ့ တစ်နေ့ သူငယ်ချင်း ညီမ မလဲ့အားထုတ်တဲ့ သဘာဝတရားရိပ်သာက ဆရာတော်ဦးဥတ္တမသာရရဲ့ တရားခွေတွေကို နားထောင် ကြည့်မိတယ်။ ...အဲဒီမှာ.....
ဒေါ်သန်းသန်းအေး(ကျောက်မြောင်း)

အမှန်တကယ်တော့ စစ်ဘက် နယ်ဘက် အုပ်ချုပ်ရေး တာဝန်တွေကို အနှစ်၃၀ကျော် တာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သားဖခင်ကြီးရဲ့ တင်းကျပ်တဲ့ စည်းကမ်း အောက်မှာ ကြီးပြင်းခဲ့ရတဲ့ ဆရာလေးအနေနဲ့ ကိုယ်တိုင်လည်း ၀န်ထမ်းလုပ်ခဲ့တဲ့ အပြင် စည်းကမ်းကြီး လှတဲ့ ဆရာကြီးဂိုအင်ကာရဲ့ ဓမ္မ ဇောတိ(ရန်ကုန်)ရိပ်သာမှာလက်ထောက် မန်နေဂျာ အလုပ်ကို (၁နှစ်ခွဲခန့်) လုပ်ခဲ့ဖူးတာကြောင့် မိမိရဲ့ ရှုထောင့်ကနေပြီး ဆရာတော်ကို ဘယ်လို နည်းနဲ့မှ နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ သဘာဝတရား ရိပ်သာမှာ ကြုံတွေ့ရတဲ့ စိတ်မကျေ နပ်မှု၊ စိတ်ကုန်မှု၊ စိတ်ပျက်မှုတွေကြားမှာပဲ တရားကို နားလည်အောင် ကြိုးစားရာက အမှန်တရားကို လက်ခံလာနိုင်တာနဲ့ အမျှ ဆရာတော်ရဲ့လုပ်ရပ်ကိုလည်း ပိုပြီးနားလည် လာခဲ့ပါတယ်။
မည်သည့်ဘ၀အခြေအနေမျိုးကိုမဆို တရား အား ထုတ်ခွင့် ရအောင် စောင့်ရှောက်စီစဉ်ပေးတဲ့ အတွက် အကြောင်းအမျိုးမျိုးကြောင့် လမ်းဘေး ရောက်နေသော အဘိုးအို၊ အဘွားအိုများပါ တရားအားကိုးခွင့်ရကြပါတယ်။
ဒေါ်ဓမ္မဒိန္နာ (B.Agr.Sc)
(ဒေါ်နှင်းမေသိန်းစော)၊နောင်ချိုမြို့။ ၁၅.၉.၂၀၁၀


တရားအလုပ်ကို ဘာနည်းညာနည်း ဘယ်လိုမှ ညာလိုမှဆိုပြီး နည်းမျိုးစုံနဲ့ တရားထိုင်ခဲ့သည်မှာ အချိန်အားဖြင့် (၁၀)နှစ်ကျော်ခဲ့ပါပြီ။
တရားထိုင်တော့ ဘာကို အတည်ယူရမည်ကို မသိဖြစ်နေချိန်မှာ ဆရာတော့်အလုပ်ပေးတရားက -
ကိုမောင်မောင်ဝင်း (ဆန်းသစ်ရတနာရွှေဆိုင်)

စိတ်ရှင်း-ဘ၀ရှင်း ၊
စိတ်ရှုပ်-ဘ၀ရှုပ်

စိတ်ကြမ်း-ဘ၀ကြမ်း၊
စိတ်ပျက်-ဘ၀ပျက်

စိတ်ပြောင်း-ဘ၀ပြောင်း။
(ဆရာတော်ဦးဥတ္တမသာရ-သဘာဝရိပ်သာ)


-ကုသိုလ်အကြောင်းတရားကြောင့်
ရောဂါကင်း၊ ပြဿနာကင်း၊ စားဝတ်နေရေးအဆင်ပြေမှု၊ စိတ်ချမ်းသာမှုစတဲ့
ကောင်းတဲ့ အကျိုးတရားတွေဖြစ်တာ။

-အကုသိုလ်အကြောင်းတရားကြောင့်
ရောဂါများ၊ ပြဿနာများ၊ စားဝတ်နေရေးအဆင်မပြေမှု စတဲ့

မကောင်းတဲ့ အကျိုးတရားတွေဖြစ်တာ။
(ဆရာတော်ဦးဥတ္တမသာရ-သဘာဝရိပ်သာ)


တရားပဲ မှန်တယ် ဆိုတာ လက်ခံနိုင်ရင် ဘာပြဿနာမှ ဘာစိတ်ညစ်စရာမှ ဖြစ်စရာ မရှိတော့ပါဘူး။
(တရား= ဖောက်ပြန်ပျက်စီးမှု သက်သက်ပဲ တကယ်ဖြစ်နေခြင်း အမှန်တရား)
(ဆရာမလေးချစ်မြတ်နိုး-သဘာဝရိပ်သာ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP