ရခိုင်တိုင်းဒေသကြီး၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း ဘိလပ်မြေခင်းအလှူ
| အလှူမှတ်တမ်းများ - စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်းအရာရှိများအလှူ |
| လက်ပန်အညာ၊ ရမ်းဗြဲမြို့နယ်၊ ရခိုင်တိုင်းဒေသကြီးရှိ အခြေခံပညာမူလတန်း (လွန်) ကျောင်း ဘိလပ်မြေခင်းရန် အတွက် စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်း အရာရှိများ၏ အလှူတော် ကောင်းမှုအား ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်းမှ ဦးစီး၍ အလှူတော်ငွေ (၁၇၄၀၀၀၀)ကျပ်အား လှူဒါန်းမှုပြုခဲ့ပါသည်။ လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် အသင်းသားအားလုံး၊ အလှူရှင်တွေအားလုံးနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှု အစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာကြပြီး သာသနာတော်အား အစဉ်ထောက်ပံ့နိုင်ကြပြီး နိဗ္ဗာန်ရောက်ကြောင်း ပါရမီထူးများ ကျင့်ကြံပွားများ နိုင်ကြပါစေ။ အလှူတော်မှတ်တမ်း ဓာတ်ပုံများ - |

0 comments:
Post a Comment