* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 22, 2011

Traveler in Myanmar ( ထီးတော်တင်ပွဲ၊ မုံရွာ )



ကျေးဇူးတော်ရှင် ပရိယတ် ပဋိပတ် စွယ်စုံရ လယ်တီဆရာတော်ဘုရားကြီးရဲ့ ဇာတိ မုံရွာ စိုင်ပြင်ကြီးဘက်ကို ရောက်ဆဲမှာ ကြုံခဲ့ရတာက ထီးတော်တင် ပူဇော်ပွဲပါ၊ စိုင်ပြင်ကြီးရွာရဲ့ အရှေ့တောင်အရပ် ၄ မိုင်လောက် ဝေးတယ် ထင်ပါရဲ့၊ စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ် ကောင်းစုရွာက ရွာဦးစေတီတော်လေးမှာပါ၊ တောရွာ အညာဒေသ ကျေးလက်တွေရဲ့ ထီးတော်တင်ပွဲမှာ စာရေးသူလဲ ပါဝင် ဆင်နွှဲခွင့် ရခဲ့တာကို မှတ်တမ်းတင်ထားမိတယ်၊ အားလုံး အညာဒေသ ကျေးလက် ဓလေ့လေးတွေကို ခံစားနိုင်ဖို့ မျှဝေလိုက်ပါတယ်
စိုင်ပြင်ကြီး လယ်တီ သာသနာ့ဗိမာန် မုဒ်ပေါက်ရှေ့မှ ကားတန်းများ ဖြတ်သန်းလာစဉ်
၎ မိုင် ခရီးလောက် ဟောဒီလို ပျော်ပျော်ရွှင်ရွှင် လှည့်လည်အပြီးမှာတော့ -
ရွာဦးထိပ်က စေတီတွေဆီကို ရောက်ပါပြီ
ထီးတော်မတင်ခင် ပင့်သံဃာတော်များက ဘုရားဆင်းတုတော်များကို အနေကဇာ တင်ကြတယ်
သံဃာတွေနဲ့ ထီးတော် ကုသိုလ်ရှင် ဒကာ ဒကာမများ တက်ညီ လက်ညီ ပျော်ပျော်ပါးပါး
အထက်ဆုံးထိ တက်ပြီး ထီးတော်တင် လှူဒါန်းရတဲ့ အရသာကလဲ ကိုယ်တိုင်ကြုံဖူးမှ သိရတယ်၊

ဘာနဲ့မှ မလဲနိုင်တဲ့ ဗုဒ္ဓါရမ္မဏ ပီတိကို ရရှိခံစားစေတယ်၊ သိပ်ကောင်းတဲ့ ပီတိ ခံစားချက်ကို ရရှိစေတယ်

ပရိသတ်အားလုံးရဲ့ မျက်နှာတွေက ကောင်းကင်ကိုပဲ မော့ကြည့်နေကြတယ်၊ ထီးတော်ကို ဖူးနေတာလား ( ဒါမှမဟုတ် ) ထီးတော်တင်ပြီး အပေါ်က ကျဲချမယ့် ပိုက်ဆံတွေကို စောင့်နေတာလား မသိတတ်ဘူး

ထီးတော်တင်ပြီး ဆန်တွေ ကြက်သွန်တွေ ဆပ်ပြာ သွားတိုက်ဆေး စတဲ့ ဆွမ်းဆန်စိမ်းလောင်းလှူတာကိုတော့ စာရေးသူအနေနဲ့ အဲဒီ နယ်ဘက်မှာပဲ တွေ့ဖူးသေးတယ်၊ ဒေသန္တရ ဗဟုဿုတ ဆိုတာ ဒါပါပဲ၊ ( တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တပုဒ်ဆန်း) လို့ ရှေးလူကြီးများက ဆိုထားတယ် မဟုတ်လား
နေ့လည်ပိုင်းမှာ အလှူအားလုံးအတွက် ရေစက်ချ အမျှဝေကြတယ်၊ အဲဒီ ထီးတော်တင်ပွဲမှာ စာရေးသူ ပြောဖြစ်ခဲ့တဲ့ ဓမ္မစကားလေးက ထေရာပါဒါန် ပါဠိတော်မှာ လာရှိတဲ့ ပုဠိန ထူပိယ မထေရ်အကြောင်း၊ အဲဒီမထေရ်က ရှေးဘုရားတစ်ဆူရဲ့ လက်ထက်မှာ မြစ်ကမ်းဘေး သဲပုံစေတီလေးကို တည်ထားပြီး ဘုရားဂုဏ်တော်များကို အာရုံပြုကာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ကို ပွားများခဲ့ပါသတဲ့။

အဲဒီ ကောင်းမှုလေးကြောင့် ယခုဘ၀ ဂေါတမဘုရားရှင် ပွင့်တော်မူသည့် ကာလအထိ ကမ္ဘာပေါင်းများစွာ၊ အပါယ် ဆင်းရဲကို မကျပဲ ဒီဘက်ဘ၀မှာ ပုဠိန ထူပိယ မထေရ်ရယ်လို့ ရဟန္တာတစ်ဆူဖြစ်ခဲ့ရတယ်၊ မြစ်ကမ်းဘေးမှာ သဲပုံစေတီလေး တည်ထားတာတောင် ဒီလောက် အကျိုးပေးတာ အခုလို သိန်းပေါင်းများစွာ အကုန်ကျခံပြီး ဘုရားပြင်ကာ ထီးတော်လှူဒါန်းကြတယ် ဆိုရင် ..... ......

သတ္တ၀ါအားလုံးအား ကုသိုလ်ကောင်းမှု အမျှ အမျှ ပေးဝေပါ၏ ......

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP