* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 22, 2011

စင်္ကာပူမိုးကုတ်ရိပ်သာမှာ ၀ိပဿနာအားထုတ်ကြရန်ဖိတ်ကြားအပ်ပါသည်။


မမေ့သောသတိလေးဖြင့် တရားကျင့်ရန် ကြွလှမ်းခဲ့ပါနော်....
အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ၊
သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်၊
တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်၊
မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု, ကောင်းမှုကို များအောင်ကြံ ၊
သတ္တ၀ါ ကောင်းမကောင်း ..အကြောင်းကံ.. ကသာ စီမံတော့သည်၊
ကံသာလျှင် အမိ, ကံသာလျှင် အဖဆိုတာကတော့ လောကစကား ၊
ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား ၊
ဟောပြလို့ ထားခဲ့တာက--

*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့ ၊ဟန္ဒ.. သက်တော်ရှစ်ဆယ် ၊၀ါလေးဆယ့်ငါး မရပ်မနားဘဲ တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင့်၊ ခန္ဓာတော် ရိနွမ်း၍, ငါကိုယ်တော် အရှင်မြတ်, တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ ၊
ဒါနိ.. ဣဒါနိ- ယခုအခါ ကာလ၌(၀ါ)ကုသိနာရုံ ပင်မျိုးစုံသည့်၊ ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်စံ မည့်ဆဲဆဲ ချိန်ခါထဲ၌၊ သြော်… ရင်သွေးရတနာ သားသက်လျာဟု, ကရုဏာသက်ထား သင်ချစ်သားတို့အား..၊ အာမန္တယာမိ ..သတိတရား၊ အသိ မမှားရအောင်လို့, ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့။ သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့.၊ခင် မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့.ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည် ၊၀ယဓမ္မာ… ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏ ၊
ဝယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ ၊အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့ ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..၊ ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့ အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား၊
အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..၊
သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့ ၊
သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့ ၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့,၊
မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို… တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့။
သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာပရိသတ်အပေါင်း သင် သူတော်ကောင်းတို့သည် အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။

ကမ္မဌာန်းဆရာတော်၊ ။ ဘဒ္ဒန္တအာစာရမထေရ်မြတ် (ရွေဂူဆရာတော်)

(1)Monday to Friday--1pm to 5 pm (1st section)အိမ်ရှင်မများ

7pm to 9pm (2nd section) အလုပ်သမားများ

(2)Saturday and Sunday 1pm to 6 pm.၇-ရက်သာသမီးများ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP