* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 22, 2011

သာသနာကိုယ်မှာရောက် ၊ ဘေးတွေကွယ်ပျေက်


Share|

သာသနာဟူသည် သာသန (န)(√သာသ်+သု)
• အဆုံးအမတော်။
• ဆုံးမခြင်း။
• သတင်းစကား။
• စာ။
• အမိန့်အာဏာထားခြင်း။ ဟူ၍ ဦးဟုတ်စိန်အဘိဓာန်တွင် ဖော်ပြထားသည်။
ယခု ကျွန်ုပ်တို့သည် ဗုဒ်ဓကိုကိုးကွယ်ယုံကြည်ကြသည်ဖြစ်၍ ဗုဒ်ဓသာသနာ=မြတ်ဘုရားအဆုံးအမတော်ကို လိုက်နာကျင့်သုံးရသည့် ဗုဒ်ဓဘာသာဝင်များဖြစ်သည်။ ထိုကြောင့် မြတ်ဘုရား၏အဆုံးအမတော်ကား အဘယ်အရာနည်း။ သိဖို့လိုအပ်ပါသည်။
မြတ်ဘုရား၏ အဆုံးအမတော်ကား ဓမ္မပင်တည်း။ ထိုဓမ္မသည် အကျယ်အားဖြင့် ဓမ္မက္ခန်ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိ၏။ (မှတ်ချက်။ ။ဓမ္မက္ခန်ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အစွဲပြုပြီး သီရိဓမ္မာသောကမင်းကြီးသည် စေတီပေါင်း 84000၊ ရေတွင်းရေကန်ပေါင်း 84000 စသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သည်ဟူ၏။)
ထိုဓမ္မက္ခန်ဓာပေါင်း84000ကို တူရာတူရာ စု၍ အနှစ်ချုပ်အရကောက်သော် သုတ် ၊ ၀ိနည်း ၊ အဘိဓမ္မာ ဟူသောတိပိဋက သုံးပုံ ရ၏။
ထိုတိပိဋက သုံးပုံကို တူရာတူရာ စု၍ အနှစ်ချုပ်အရကောက်သော် ဗောဓိပက္ခိယတရား (၇)ပါး ရ၏။
ထိုဗောဓိပက္ခိယတရား (၇)ပါးကို တူရာတူရာ စု၍ အနှစ်ချုပ်အရကောက်သော် မဂ်ဂင် ရှစ်ပါး ရ၏။
ထိုမဂ်ဂင် ရှစ်ပါးကို တူရာတူရာ စု၍ အနှစ်ချုပ်အရကောက်သော် သီလ ၊ သမာဓိ ၊ ပညာ ဟူသော သာသနာသုံးရပ် (တနည်း) သိက္ခာသုံးပါးရ၏။
(ထိုသိက္ခာသုံးပါးကို အနှစ်ချုပ်ကား သတိတရားပင်တည်း။)
သိက္ခာဟူသည် သိက္ခာ (ဣ)(√သိက္ခ်+အာ)
• သင်ယူခြင်း။
• ကျင့်ဝတ်။
• အကျင့်။
• ဖြည့်ကျင့်ခြင်း။ ဟူ၍ ဦးဟုတ်စိန်အဘိဓာန်တွင် ဖော်ပြထားပေးရာ မြတ်ဘုရား၏အဆုံးအမဖြစ်သော အကျယ်ကိုမလေ့လာနိုင်စေကာမူ အနှစ်ချုပ်ဖြစ်သော သီလ ၊ သမာဓိ ၊ ပညာ သာသနာသုံးရပ်ကို သင်ယူခြင်း၊ ဖြည့်ကျင့်ခြင်းသည် ကျွန်ုပ်တို့ ဗုဒ်ဓဘာသာဝင်များ၏ အရေးကြီးဆုံးသော အခြေခံလိုအပ်ချက်ပင် ဖြစ်သည်။
ထို သီလ ၊ သမာဓိ ၊ ပညာ သည် လှေကားထစ်သဖွယ် ဆက်နွယ်နေ၏။ ဆက်နွယ်ပုံကား.........
သီလ မရှိလျှင် သမာဓိ မရှိနိုင်။
မည်သည့်ဘုန်းကြီးကျောင်းမဆို ရှင်ကျင့်ဝတ်စာအုပ်ကို ရှင်သာမဏေ၊ရဟန်းကောင်းများ ကျက်မှတ်ခဲ့ရသည်။ ထိုစာအုပ်၏နောက်ဆုံးတွင် ၁။ အသုဒ်ဓသီလော ဒုပ္ပညော ၊ စိတ္တေကဂ်ဂံ န၀ိန္ဒတိဟူ၍ ပါရှိသည်။ ဆိုလိုချက်ကား သီလမစင်ကြယ်သော ပညာကင်းမဲ့သူသည် (သီလမရှိသူသည်။) စိတ်၏ငြိမ်သက်တည်ကြည်ခြင်း(သမာဓိ)ကို မရရှိနိုင်။
ဤစကားမှန်၏။
ဗုဒ်ဓကို ယုံကြည်ကိုးကွယ်သည်နှင့်တပြိုင်နက် အနည်းဆုံးကိုယ်ကျင့်တရားငါးပါး = လူကျင့်ဝတ်ငါးပါးသီလကို စောင့်ထိန်းရ၏။
ထိုတွင် လူသတ်မှု=ပါဏာတိပါတကံ သီလကျူးလွန်သူ၏စိတ်သည် ငြိမ်သက်ခြင်း၊ တည်ကြည်ခြင်း သမာဓိမရှိနိုင်။ နောင်တမလွန်ဘ၀ကိုမဆိုထားဘိ.. ယခုကျူးလွန်ပြီးခဏတွင်ပင် ရာဇ၀တ်ဘေးကို တွေးကြောက်၍ မျက်နှာမသာမယာဖြစ်ကြရသည်။၊ လူအများအလယ်တွင် တည်တည်ကြည်ကြည် ပြုံးပြုံးရွှင်ရွှင် မရှိနိုင်။
ထိုကြောင့် အောက်ထစ်ဆုံး အခြေခံဖြစ်သော သီလလှေကားထစ်ကို မနင်းဘဲ ထိုထက်မြင့်သောသမာဓိလှေကားထစ်ကို မတက်လှမ်းနိုင်။ ၀ လုံးမရှိဘဲ ၀ိ ဆိုသောအက္ခရာကို ရေး၍ မရသကဲ့သို့ပင်။
၂။ ၀ိက္ခိတ္တစိတ္တော နေကဂ်ဂေါ ၊ သမ္မာဓမ္မံ န ပဿတိ ဟူသော စာကြောင်း၏ဆိုလိုချက်ကား မတည်ကြည်သော ပြန့်လွင့်သောစိတ်ရှိသူသည်(သမာဓိမရှိသူသည်) သူတော်ကောင်းတရားကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် မသိ မမြင်နိုင်(ပညာရှိမဖြစ်နိုင်)။
စိတ်မတည်ကြည်ဘဲ ဟိုတွေးဒီတွေး ဖြစ်နေချိန်တွင် ရုပ်တရား၊ နာမ်တရားတို့၏ သဘာဝဖြစ်ပျက် လက္ခဏာရေး သုံးပါးကို မသိနိုင် မမြင်နိုင်။
ဥပမာ ပြရလျှင် ရေကန်ထဲတွင်ရှိသော ရေသည် လှိုင်းထ၍ မငြိမ်သက် မတည်ကြည် လှုပ်ရှားနေပါက နောက်ကျိနေသောကြောင့် ရေအောက်တွင်ရှိသော အရာများကို မမြင်နိုင်။ ရေသည် တည်ကြည်မှသာလျှင် ရေအောက်တွင်ရှိသော အရာများကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။ (တည်တည်တံ့တံ့ ရှိမှ ကြည်ကြည်လင်လင် ရှိမည်။ ကြည်ကြည်လင်လင် ရှိမှ ရှင်းရှင်းလင်လင် မြင်မည်။ ထိုကြောင့် တည်ကြည်မှ ရှင်းလင်းမည်။)
ထိုကြောင့် သမာဓိလှေကားထစ်ကို မနင်းဘဲ ထိုထက်မြင့်သော ပညာလှေကားထစ်ကို မတက်လှမ်းနိုင်။
သီလလှေခါးထစ်လည်း မရှိ၊ သမာဓိလှေခါးထစ်ကား နတ္ထိ၊ သို့သော် ပညာသာသနာကိုသာ ဖြည့်ကျင့်နေပါလျှင် အဘယ်မှာ ပေါက်မြောက်နိုင်မည်နည်း။ (၀ီရိယအကျိုးကိုတော့ ရရှိနိုင်မည်။) ပညာလှေခါးထစ်ကိုရောက်ဖို့ရာ ဝေးလေစွ။
ဆက်ဦးမည်။.....................
ဦးစက္ကပါလ(ရွှေဥမင်) ရေးသားတင်ဆက်သည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP