* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 21, 2011

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား၏ အမေရိက ဓမ္မဒူတခရီးစဉ်

လေးစားချစ်ခင် ရပါသော အမေရိက မှဓမ္မမိတ်ဆွများရှင်

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကြီးသည် အခုဆိုလျှင် အမေရိက သို့ ဓမ္မဒူတ ခရီးကြွချီရန် ပြည်ဝင်ခွင့်ဗီဇာ ရရှိထား ပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ၂၂ .၅. ၂၀၁၁ နေ့ တနင်္ဂနွေနေ့ တွင် ထွက်ခွာ လာမှာ ဖြစ်ပြီး အမေရိကန် နိုင်ငံ Los Angeles သို့ ဆိုက်ရောက်မှာဖြစ်ပါတယ်။
Los Angeles မှ Minnesota ပြည်နယ် သီတဂူ ဝိဟာ ရသို့ ပထမဆုံး ကြွရောက် ပေး မှာ ဖြစ်ပြီး

အရှင်တိက္ခဉာဏာ လင်္ကာရ ၏ သိက္ခာ ထပ်မင်္ဂလာ အခမ်းအနား

ကို ချီးမြှောက် တက်ရောက်မှာ ဖြစ်ပါတယ်။
သီတင်းသုံးစဉ် ကာလအတွင်း မှာလည်း ဝိပဿနာ တရားတော်များ ကို ဟောကြား ပေးမှာဖြစ်ပါတယ်။အော်ကပါအတိုင်း တရားနာကြွရောက်နိုင်စေဘို့ နိဗ္ဗာန်အကျိုးမျှော် ၍ နှိုးဆော်အပ်ပါတယ် ။






ဆက်လက် ပြီး Colorado States ဓမ္မပါလကျောင်း ဖွင့်ပွဲ သို့ ၂၈.၅.၂၀၁၁ -စနေနေ့ တွင် ဆက်လက် ထွက်ခွာ မှာ ဖြစ်ပါ ကြောင်း ကြိုတင်ကြည်ညို နိုင်ပါရန် မျှဝေအပ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP