* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 21, 2011

ရှင်တော်ဟောကြား ဓမ္မစကားတော်များ

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (မဂ္ဂ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ် (၂၀)

ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယတွဲ နှစ်ဆယ်ခုမြောက် ၀ဂ်သည် မဂ္ဂ၀ဂ်ဖြစ်ပါသည်။ မဂ္ဂ၏ အဓိပ္ပါယ် ကို အ မှတ်မဲ့သဘောဖြင့် သိထားသည့်မှာ လမ်းဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။ အမှန်တကယ်လေ့လာသော အခါတွင် မဂ္ဂ၏ အဓိပ္ပါယ်သည် စိတ်ဝင်စားစရာကောင်းလာပါသည်။ လမ်းဟူသည့် အဓိပ္ပါယ် တစ်မျိုးတွင် သာ ရပ်မသွားဘဲ မဂ္ဂ (မဇ္ဇ+မဂ္ဂ်+ဏ) ရှာမှီးခြင်း၊ အကြောင်း (နိဗ္ဗာန်ကို ရှာမှီးခြင်းအကြောင်း)၊ ခရီး၊ ခရီးလမ်း ဟု ခေတ်မှီ ပါဠိ ၊မြန်မာ အဘိဓာန်စာမျက်နှာ (၆၆၆) တွင် တွေ့ရသောကြောင့် ဖြစ်ပါသည်။

ဝက်(ဘ်) ဆိုဒ်တွင် မဂ္ဂ (လမ်း) နှင့် ပတ်သက်ပြီး ဖေါ်ပြထားသည်မှာ “မဂ္ဂ ဆိုတာ လမ်းပါပဲ။ လမ်းမှား ကို လျှောက်တာဟာလည်း မဂ္ဂပစ္စယောပါပဲ။ လမ်းမှန်ကိုလျှောက်တာဟာလည်း မဂ္ဂပစ္စယောပါပဲ။ အားလုံးသိကြတယ်လေ။ မဂ္ဂင်ရှစ်ပါး။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် တကယ်တော့ မဂ္ဂင်က (၁၂) ပါးရှိ တာဗျ။ ဟလေးပါးက ဘယ်က ပိုလာတာလဲဆိုတော့ ဟို အားလုံးသိကြတဲ့ မဂ္ဂင်လေးရဲ့ရှေ့မှာ စကားလေး တစ်လုံးပါတယ်လေဗျာ။ “သမ္မာ” တဲ့။ သမ္မာဆိုတာ ရှိမှတော့ သမ္မာရဲ့ ဆန့်ကျင်ဘက် “မိစ္ဆာ”လည်း ရှိရ မှာပေါ့။ ဟုတ်ဘူး(ဖူး) လား။ မကောင်းသော၊ မှားယွင်းသော လမ်းလေးပေါ့ဗျာ။ ဒါပေမယ့် သူကျတော့လေး ပါးထဲပါ။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာသမာဓိတဲ့။” အထက်ပါဖေါ်ပြချက်သည်မဂ္ဂကို လမ်းဟူသော ရှုဒေါင့်မှ တင်ပြထားခြင်းဖြစ်ပါသည်။ မဂ္ဂင်ရှစ်ပါးတွင် ပါဝင်သော မဂ္ဂသည် မြန်မာလိုအားဖြင့် လမ်းဟု အဓိပ္ပါယ်ရှိပါသည်။ မဂ္ဂ (မဂ်) ၊ အရိယာမဂ်စိတ်၊ သောတာပတ္တိမဂ် စသောတရား(၄)ပါး၊ (ကိလေသာ တို့ကို ပယ်ခွါလျက် နိဗ္ဗာန်ကို အာရုံပြုသောတရား) (၁) သောတာပတ္တိမဂ်၊ (၂) သကဒါဂါမိမဂ်၊ (၃) အနာဂါမိမဂ်၊ (၄) အရဟတ္တမဂ် အားဖြင့် (၄)မျိုးရှိ၏။ ခရီးလမ်းအနေဖြင့် နားလည်ရမည့် မဂ္ဂဟူသော အသုံးအနုန်းကိုလည်း မှတ်သားကြရပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP