* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 23, 2011

အသောကာရာမသီလရှင်စာသင်တိုက်၌ (၁၅)ကြိမ်မြောက်လှူဒါန်းမှုမှတ်တမ်း

သီလရှင်များအား လှူဒါန်းမှုများ - အသောကာရာမ သီလရှင်စာသင်တိုက်သို့ လစဉ်လှူဒါန်းမှု

တွဲဘက်ဆရာကြီးတစ်ပါးအပါအ၀င် ဆရာကြီးဒေါ်သုနန္ဒာ(ဓမ္မာစရိယ) (ဖုန်း၀၉-၈၆၂၈၈၁၁)တို့ကဦးစီးပြီး သီတင်းသုံး လျက် ရှိသောသီလရှင် လေးများမှာ လက်ရှိ (၂၀၀၉/၂၀၁၀)ပညာသင်နှစ်တွင် ဓမ္မာစရိယ တန်း(၃)ပါး၊ ပထမကြီးတန်း(၁)ပါး၊ ပထမ ငယ်တန်း(၂)ပါးနှင့် အစိုးရ အခြေခံပညာ အတန်းများမှာ အတန်းအလိုက်ကျောင်းသားစာရင်းမှာ န၀မတန်း (၅)ပါး၊ အဋ္ဌမတန်း (၇)ပါး၊ သတ္တမတန်း(၂)ပါး၊ ဆဋ္ဌမတန်း (၂)ပါး၊ ပဉ္စမတန်း(၂)ပါး၊ စတုတ္ထတန်း(၁)ပါး၊ တတိယတန်း(၂)ပါး၊ ဒုတိယတန်း(၁)၊ ပထမတန်း(၂)ပါး၊ သူငယ်တန်း(၁)ပါးတို့ဖြစ်ကြကာ ဆရာလေးများ ခေတ်ပညာ၊ ဗုဒ္ဓစာပေများ ခေတ်နှင့်အညီ လေ့လာ နိုင်ရန် အတွက် ကွန်ပျူတာ(၁)စုံလိုအပ်ကြောင်း ဆရာကြီး ဒေါ်သုနန္ဒာထံမှ သိခဲ့ရသဖြင့် ကွန်ပျူတာ(၁)စုံနှင့် ပရင်တာ(၁)လုံး လှူဒါန်း နိုင်ရန် စတသ(၄၉)သင်တန်းဆင်းအရာရှိများ၏ အဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းအထိမ်းအမှတ်အလှူနေရာ စုံစမ်းပေးခဲ့ပြီး ၎င်းတို့မှ ဒေါ်လာ ၃၀၀/ိ- လှူဒါန်းခဲ့ကြသည်။ ကွန်ပျူတာတစ်စုံနှင့် ပရင်တာတစ်လုံးဝယ်ရန်အတွက် အလှူငွေမလုံလောက်သည့်အတွက် အသင်း၏ (၁၅)ကြိမ်မြောက်အလှူတော်ငွေနှင့်ပေါင်းပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။

၉.၄.၂၀၁၁ ရက်နေ့တွင် ဆူးလေ၊ ဆိပ်ကမ်းသာလမ်းသို့ ကွန်ပျူတာ ၁ စုံနှင့် ပရင့်တာ ၁ လုံး သွားဝယ် ခဲ့ကြပြီး ၁၀-၄-၂၀၁၁ ရက်နေ့မနက် ၁၀း၅၃ နာရီတွင် သွားရောက်လှူဒါန်း ခဲ့ကြသည်။အသောကာရာမသီလရှင်စာသင်တိုက်၌(၁၅)ကြိမ်မြောက် အလှူအတွက်လက်ခံရရှိခဲ့သည့်အလှူငွေစာရင်းနှင့်လှူဖွယ်ပစ္စည်း စာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်-

အသောကာရာမသီလရှင်စာသင်တိုက်၌ (၁၅)ကြိမ်မြောက်လစဉ်အလှူအတွက် အသုံးပြုခဲ့သောအလှူငွေစာရင်း

စဉ်

အလှူရှင်

အလှူငွေ

မှတ်ချက်

(ကျပ်) အားဖြင့်

(က)

TBYO

၂၀၇၀၀၀/ိ-

အသင်းအလှူငွေ မရောက်သေးသဖြင့် ကိုဇော်ဇော်အောင်ထံမှ ခဏ ယူထားပြီး အသုံးပြုလှူဒါန်းခဲ့ခြင်းဖြစ်သည်။ အသင်း၏မေလပေးပို့ အလှူငွေရရှိချိန်တွင် ပြန်လည် ပေးပြီးဖြစ်သည်။

( ခ)

ရုရှားပြန်(၄၈)

၈၁၀၀/ိ-

-

( ဂ)

စတသ(၄၉)

၂၇၀၀၀၀/ိ-

စုစုပေါင်း

၄၈၅၁၀၀/ိ-

လေးသိန်းရှစ်သောင်းငါးထောင်တစ်ရာကျပ်

အသောကာရာမသီလရှင်စာသင်တိုက်၌ (၁၄)ကြိမ်မြောက်အလှူအတွက် လှူဖွယ်ပစ္စည်းစာရင်း

(က) ကွန်ပျူတာတစ်စုံ = ၃၅၀၀၀၀ ကျပ်

( ခ) Speaker ၁ စုံ = ၃၀၀၀ ကျပ် (၅၀၀၀ ကျပ်လျှော့)

( ဂ) Extension board = ၅၀၀၀ ကျပ် (၁၀၀၀ ကျပ်လျှော့)

(ဃ) Canon LBP 3050 Printer ၁ လုံး = ၁၁၀၀၀၀ ကျပ်

( င) မင်္ဂလာဒုံမှဆိပ်ကမ်းသာလမ်း အသွား/အပြန် Taxi = ၉၀၀၀ ကျပ်

( စ) CD ၃ ချပ် = ၅၀၀ ကျပ်

(ဆ) A4 စက္ကူ ၁ ထုပ် = ၂၆၀၀ ကျပ်

( ဇ) မင်္ဂလာဒုံဈေးမှကျောင်းအထိကားခ = ၅၀၀၀ ကျပ်


အလှူအတွက်အသုံးပြုခဲ့သည့်စုစုပေါင်းအလှူငွေ = ၄၈၅၁၀၀ ကျပ်

၃။ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းဆက်ကပ်ခြင်း၊ မေတ္တာပို့ဘာဝနာနားကြားခဲ့ကြခြင်း၊ ဝေယျာဝစ္စဆောင်ရွက်ခဲ့ခြင်း စသည့်အားလုံးသောကုသိုလ်ကောင်းမှု အစုစုတို့ကို သတ္တ၀ါအားလုံးတို့အား အမျှပေးဝေလိုက်ပါသည်။ အများသူငှါ သာဓုခေါ်ဆိုနိုင် ကြရန်အတွက် အသင်းဝဘ်ဆိုက်တွင် ဖော်ပြလိုက်ပါသည်။

အလှူမှတ်တမ်းဓါတ်ပုံများ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP