* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 21, 2011

စံပြသာသနာပြုနည်း

အမရပူရမြို့
မဟာဂန္ဓာရုံဆရာတော်
စံပြသာသနာပြုနည်းများ

ဘယ်အရပ်မှာ နေနေ
ဘယ်အရပ်သို့လေ သွားသွား
စိတ်ကောင်းရှိဖို့ သတိထား
ကိုယ်ကျင့်တရား လေးစားကာ
ကျန်းမာသန့်ရှင်း ဖြစ်စေပါ
ဝတ်စားတတ်ကာ နေထိုင်တတ်
ချမှတ်ထားတဲ့ စည်းကမ်းရိုသေ
စာတတ်ဖို့ပဲ ကြိုးစားလေ
ဤ ၁၀-ချက်တွေ ဂရုစိုက်
နေဆဲကျောင်း၌ လွန်ပျော်ပိုက်
သူ့ထံနေခိုက် သူ့ကြိုက်လိုက် (၂)


၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ၀ိနည်းလေးစားဖို့က
( ကိုယ်ကျင့်တရား လေးစားဖို့က) ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၎။ သန့်ရှင်းဖို့က စတုတ္ထ
၅။ အ၀တ်အစားတတ်ဖို့က ပဉ္စမ
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
၇။ အသွားအလာတတ်ဖို့က သတ္တမ
၈။ အပြောအဆိုတတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က န၀မ
၁၀။ စာတတ်ဖို့က ဒသမ
ဤ ၁၀-ချက်ကို အစဉ်အတိုင်း ဂရုစိုက်ပါ။


စကားခြောက်မျိုး

၁။ အဘူတံ အတစ္ဆံ အနတ္ထသံဟိတံ - သာစ ပရေသံ အပ္ပိယာ အမနာပါ။
မဟုတ်မမှန် အကျိုးမရှိ - သူတပါးတို့လည်း မနှစ်သက်သော စကားတမျိုး။
၂။ ဘူတံ တစ္ဆံ အနတ္ထသံဟိတံ - သာစ ပရေသံ အပ္ပိယာ အမနာပါ။
ဟုတ်မှန်သော်လည်း အကျိုးမရှိ - သူတပါးတို့လည်း မနှစ်သက်သော စကားတမျိုး။
၃။ ဘူတံ တစ္ဆံ အတ္ထသံဟိတံ - သာစ ပရေသံ အပ္ပိယာ အမနာပါ။
ဟုတ်မှန် အကျိုးရှိသော်လည်း သူတပါးတို့ကမူ မနှစ်သက်သော စကားတမျိုး။
၎။ အဘူတံ အတစ္ဆံ အနတ္တ္ထသံဟိတံ - သာစ ပရေသံ ပိယာ မနာပါ။
မဟုတ်မမှန် အကျိုးမရှိ - သူတပါးတို့ နှစ်သက်သော စကားတမျိုး။
၅။ ဘူတံ တစ္ဆံ အနတ္ထသံဟိတံ - သာစ ပရေသံ ပိယာ မနာပါ။
ဟုတ်မှန်သော်လည်း အကျိုးမရှိ - သူတပါးတို့ နှစ်သက်သော စကားတမျိုး။
၆။ ဘူတံ တစ္ဆံ အတ္ထသံဟိတံ - သာစ ပရေသံ ပိယာ မနာပါ။
ဟုတ်မှန် အကျိုးရှိ - သူတပါးတို့လည်း နှစ်သက်သော စကားတမျိုး။
( စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတွယ်) ဆိုသည့်အတိုင်း မြတ်ဗုဒ္ဓသည် ၃ နှင့် ၆ -ကိုသာ ပြောတော်မူသည်။
( မဇ္ဈိမပဏ္ဏာသ အဘယရာဇကုမာရသုတ် ပဏ်-၂-၅၇)


စကားအရာ အင်္ဂါလေးတန်---
၁။ သုဘာသိတ-ကောင်းသောစကားကိုသာ ပြောဆိုရာ၏။
ဆိုးဝါး ကြမ်းတမ်းသောစကားကို မပြောဆိုရာ။
၂။ ဓမ္မ-တရားနှင့်လျော်သော စကားကိုသာ ပြောဆိုရာ၏။
တရားမဲ့သောစကား စည်းကမ်းမဲ့သောစကားကို မပြောဆိုရာ။
၃။ ပီယ-ချစ်ဖွယ်သောစကားကိုသာ ပြောဆိုရာ၏။
ရွံမုန်းဖွယ်စကားကို မပြောဆိုရာ။
၎။ သစ္စာ-မှန်သောစကားကိုသာ ပြောဆိုရာ၏။
မဟုတ်မမှန် လုပ်ကြံမပြောဆိုရာ၊ နားစွန်းနားဖျား သူများစကားဖြင့်
ဟုတ်သယောင် ချဲ့ထွင်မပြောရာ။
( သဂါထာဝဂ္ဂသံယုတ် သုဘာသိတသုတ် နှာ-၁၉၀)
* ဘ၀န္တဂု, သုံးလူ့ထွတ်ချာ, စောမြတ်စွာလည်း, သုဘာသိတ, ဓမ္မစသား, ပီယ သစ္စာ, ကျိုးနပ်ရာဟု, အင်္ဂါလေးတန်, ဟောမိန့်ညွှန်၏။ ( မဃဒေ၀လင်္ကာသစ်)


စကားပြောရာ အချိန်အခါစသည် ၅-မျိုး ---
၁။ ကာလ-ပြောသင့်ရာ အခါမှသာ ပြောဆိုရာ၏။
အချိန်အခါမဟုတ် အချိန်အခါ မသင့်တော်လျှင် မပြောဆိုရာ။
၂။ သစ္စာ-အမှန်ကိုသာ ပြောဆိုရာ၏။
၃။ သဏှ-နူးညံ့သောစကားကိုသာ ပြောဆိုရာ၏။
ခက်ထန် ရင့်သီးသောစကားကို မပြောဆိုရာ။
၎။ အတ္ထသံဟိတ-အကျိုးစီးပွားဖြစ်မည့် စကားကိုသာ ပြောဆိုရာ၏။
သူတပါးအကျိုးယုတ်စေသော စကားကို မပြောဆိုရာ။
၅။ မေတ္တာစိတ္တ-မေတ္တာရှေ့ထား၍ ပြောဆိုရာ၏။
မိမိပြောဆိုသောစကားဖြင့် သူတပါးအကျိုးယုတ်စေရန် ဒေါသ မောင်းတင်၍ ပြောဆိုခြင်း
မပြုရာ။ ( အံ-၅-၀ါစာသုတ် ၂၁၃)


နေ,လ၊ ရွှေ၊ စိတ်-တို့၏ အညစ်အကြေး ငါးပါး

နေ,လတို့၏ အညစ်အကြေး ငါးပါးရှိ၏
၁-ဆီးနှင်း ၂-မြူ ၃-တိမ် ၄-အသူရိန် ၅-မီးခိုးတို့ ဖြစ်ပါတယ်။
အဲဒီအညစ်အကြေး ငါးပါးရှိလျှင် နေလတို့၏ အရောင်ဟာ မထွက်နိုင်ပါဘူး။ ထွက်သော်လည်း ကြည်လင်သန့်ရှင်း ထွန်းလင်းတောက်ပခြင်း မရှိပါဘူး။

ရွှေတို့၏ အညစ်အကြေး ငါးပါးရှိ၏
၁-ကြေးနီ ၂-ကြေးဝါ ၃-ခဲမဖြူ ၄-ခဲမနက် ၅-ဘော်ငွေ တို့ဖြစ်ပါတယ်။
ဒီအညစ်အကြေးတွေရှိက ရွှေရဲ့ တော်ကပမှု ပျော့်ပျောင်းမှု အဖိုးထိုက်တန်မှုတွေ ယုတ်လျော့စေပါတယ်။


စိတ်၏အညစ်အကြေး ငါးပါးရှိ၏
နေ,လနှင့် ရွှေတို့မှာ အညစ်အကြေး ငါးပါးစီ ရှိကြသလို စိတ်မှာလည်း အညစ်အကြေး ငါးပါးရှိပါတယ်။
၁-လောဘ ၂-ဒေါသ ၃-မောဟ ၄-မိဒ္ဓ ၅-အ၀ိဇ္ဇာ တို့ပါပဲ
စိတ်ဟာ အညစ်အကြေးရှိနေရင် ပညာရောင် မထွက်နိုင်ပါဘူး။ ပညာရောင် ထွက်လာစေဖို့ မိမိရဲ့ စိတ်ကိုလည်း သန့်ရှင်းအောင် ဆေးကြောရန် ပို၍ပို၍ လိုအပ်သည် မဟုတ်ပါလော။ မိမိစိတ်ကို မိမိသန့်စင်အောင် ပြုလုပ်ပါက သဒ္ဓါထူး ပညာထူးသည် ပေါ်ပေါက်၏။ သူတော်စင်ဘ၀သို့ ရောက်၏။


အမရပူရ မဟာဂန္ဓာရုံ ဆရာတော်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP